ပင်လယ်နီဆော်ဒီဆိပ်ကမ်းအနီး ၎င်း၏ရေနံတင်သင်္ဘောအား ဒုံးကျည်ဖြင့် ပစ်ခံရကြောင်း အီရန်အတည်ပြု၊ ရေနံယိုဖိတ်မှု ဖြစ်ပွားနေ

ပင်လယ်နီရေပြင်တွင် ၎င်းတို့နိုင်ငံပိုင် “ ဆီပိုးနား “ အမည်ရှိ ရေနံတင်သင်္ဘောမှာ မစ်ဆိုင်းလ်ဖြင့် ထူးဆန်းစွာ ပစ်ခတ်တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ရေနံယိုဖိတ်မှုဖြစ်ပွားလျှက်ရှိကြောင်း အီရန်က အတည်ပြုသည်ဟု Russia Today က ယနေ့ရေးသားသည်။

နာရီဝက်အတွင်း မစ်ဆိုင်းလ်အသုံးပြု၍ ၂-ကြိမ်တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက သတင်းထုတ်ပြန်သော်လည်း မစ်ဆိုင်းလ်အမျိုးအစား သို့ဟုတ် ခဲယမ်းပေါက်ကွဲမှု အသေးစိတ်ကို ဖော်ပြခြင်း မရှိချေ။ အခင်းဖြစ်ပွားသည့် ရေပြင်မှာ ပင်လယ်နီအရှေ့ပိုင်း ဆော်ဒီပိုင် ဂျက်ဒါးဆိပ်ကမ်းနှင့် မိုင် ၆၀ ခန့်အကွာ တွင် ဖြစ်ကြောင်း သတင်းရရှိသည်။

ရေနံတင်သင်္ဘော၏ ကိုယ်ထည် ၂-နေရာတွင် ပျက်စီးသွားပြီး ရေနံယိုဖိတ်လျှက်ရှိကြောင်း၊ တိုက်ခိုက်မှုနောက် ကွယ်ရှိသူများသည် ကြောက်မက်ဖွယ် ရေနံယိုဖိတ်မှုနှင့် အန္တရာယ်များသော စွန့်စားမှုအကျိုးဆက်များအတွက် တာဝန်ရှိကြောင်း အီရန်၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။

 ((( အောက်တိုဘာ – ၁၂၊ ၂၀၁၉ Russia Today., 11 Oct, 2019, “Tehran confirms Iranian tanker hit by 2 projectiles, says attack resulted in oil spill.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.rt.com/news/470691-iran-confirms-oil-tanker-attack/

1+

Leave a Reply

Your email address will not be published.