ပင်လယ်ပြင်၌ ဒုက္ခသည်ဘင်္ဂါလီများလိုက်ပါလာသည့် လှေ ၂-စီး မျောပါနေဆဲဖြစ်၊ လူ ၆၀ သေဆုံးခဲ့ဟုဆို။ Covid-19 ကြောင့် မလေးရှားအာဏာပိုင်များက ဒုက္ခသည်ဘုတ်များအား ပင်လယ်ပြင်သို့အတင်းအဓမ္မ မောင်းထုတ်ခဲ့ဟုပြော

မလေးရှားအစိုးရအနေဖြင့် ပင်လယ်ပြင်တွင်မျောပါနေသော ဒုက္ခသည်ဘင်္ဂါလီဘုတ်များ၏ အသက်ဘေးလုံခြုံရေးနှင့် ကုန်းတွင်းသို့ ပြန်လည်ရောက်ရှိရေးအတွက် ရှာဖွေရေး-ကယ်ဆယ်ရေးမစ်ရှင်များဖြန့်ကျက်ရန် ဒေသတွင်းအစိုးရများနှင့် အရေးပေါ်ညှိနှိုင်းဆောင်ရွက်သင့်ကြောင်း Fortify Rights က တိုက်တွန်းလိုက်သည် ဟု Dhaka Tribune က ယနေ့ရေးသားသည်။

ဧပြီလ ၁၆-ရက်နေ့တွင် ဒုက္ခသည်ဘင်္ဂါလီ ၃၉၆-ဦးပါ ဘုတ်၁-စီးကို ဘင်္ဂလားဒေ့ရ်ှကမ်းခြေစောင့်တပ်ဖွဲ့က ကယ်ဆယ်ခဲ့ရသည်။ ၎င်းတို့သည် လွန်ခဲ့သည့် ၂-လက ဘင်္ဂလားဒက်ရှ်မှ မလေးရှားသို့ ဦးတည်ထွက်ခွာသွားခြင်းဖြစ်သည်။ ဘင်္ဂလားဒက်ရှ်သို့ ပြန်လှည့်အလာတွင် အစာရေစာပြတ်လပ်၍ လိုက်ပါသွားသူများအနက် ၂၈-ဦးသေဆုံးခဲ့ရကြောင်း သတင်းများဖော်ပြခဲ့ပြီးဖြစ်သည်။

မလေးရှားအာဏာပိုင်များက ဒုက္ခသည်ဘုတ်များအား ပင်လယ်ပြင်သို့အတင်းအဓမ္မမောင်းထုတ်ခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီး ရက်သတ္တပတ်အနည်းငယ်အကြာ၌ ရေစီးနှင့် မျောပါစဉ် လူ-၆၀ ကျော် သေဆုံး ခဲ့ရကြောင်း၊ ယခုအချိန်ထိ အနည်းဆုံး အခြားဘုတ် ၂-စီးမှာလည်း ဘင်္ဂလားဒက်ရှ်နှင့် မလေးရှားအကြား ပင်လယ်ပြင်၌မျောပါနေဆဲဖြစ်သည်ဟု ဒေသဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ Fortify Rights က သောကြာနေ့၌ ပြောဆိုသည်။

ဧပြီလ ၁၆ ရက်နေ့တွင် မလေးရှားအာဏာပိုင်များသည် ဒုက္ခသည်ဘင်္ဂါလီ ၂၀၀ ကျော်လိုက်ပါလာသည့် နောက်ထပ်ဘုတ်တစ်စီးကို ရှာဖွေတွေ့ရှိခဲ့ပြီး မနက် ၁၀း၃၀ နာရီခန့်တွင်ပင်လယ်ပြင်သို့ မောင်းထုတ်ခဲ့ကြောင်း၊ ကိရိယာအထောက်အကူပစ္စည်းနည်းပါးသည့် ဒုက္ခသည်ဘုတ်ကို ပင်လယ်ပြင်သို့ပြန်လည်ထွက်ခွာစေခြင်းမှာ ဥပဒေနှင့်မညီသော သေဒါဏ်ပေးမှုဖြစ်သည်ဟု Fortify Rights က စွပ်စွဲသည်။

#မောင်းထုတ်လိုက်ကယ်မည်ပြောလိုက် ၂၀၁၅ ခုနှစ်တွင် မလေးရှား၊ ထိုင်းနှင့်အင်ဒိုနီးရှားနိုင်ငံတို့သည် ထောင်နှင့်ချီသော လှေစီးပြေးများကို ပင်လယ်ပြင်သို့မောင်းနှင်ထုတ်ခဲ့ရာ မရေမတွက်နိုင်သည့် ဒုက္ခသည်ဘင်္ဂါလီ အများအပြားသေဆုံးခဲ့ရသည်။ တစ်ဖက်တွင်လည်း ထိုင်းနှင့် မလေးရှားတို့သည် “ပင်လယ်ပြင် ဒုက္ခသည် အကူအညီပေးရေး” အကောင်အထည်ဖော်လျှက်ရှိကြောင်းပြောဆိုပြီး ဒုက္ခသည်နှင့် လူကုန်ကူးခံရဟန်တူသည့် ခနောခနဲ့သင်္ဘောများကို ပင်လယ်ပြင်သို့မောင်းထုတ်နေသည်။

မလေးရှား၊ ထိုင်းနှင့်အင်ဒိုနီးရှားတို့သည် ၁၉၅၁ ကုလသမဂ္ဂဒုက္ခသည်ကွန်ဗင်းရှင်းနှင့် ၁၉၆၇ ပရိုတိုကောတို့ကို လက်မှတ်ရေးထိုးထားခြင်းမရှိသော်လည်း အပြည်ပြည်ဆိုင်ရာတရားဥပဒေအရ ခြွင်းချက်မရှိ ကယ်တင်ရန် တာဝန်ရှိသည်။

#အရောင်းခံရတဲ့ငါးတွေလို ၂၀၁၂-မှ ၂၀၁၅-ခုနှစ်အတွင်း မြန်မာနှင့် ဘင်္ဂလားဒက်ရှ်တို့မှ လူကုန်ကူးခံရသူ ဒုက္ခသည်ဘင်္ဂါလီတို့၏ အစုအပုံလိုက်မြှုပ်နှံထားသော သင်းချိုင်းများကို မလေးရှားအမျိုးသားလူ့အခွင့်အရေးအဖွဲ့ (SUHAKAM) နှင့် Fortify Rights တို့က စုံစမ်းစစ်ဆေးခဲ့ပြီး ၂၀၁၉-ခုနှစ် မတ်လတွင် ပုံနှိပ်ထုတ်ဝေသည်။

၂၀၂၀ ဖေဖော်ဝါရီလတွင် ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီ၌ မှတ်ပုံတင်ထားသော မလေးရှားရောက်ဒုက္ခသည် ဘင်္ဂါလီဦးရေမှာ ၁၇၈,၉၀၀ ကျော်ရှိခဲ့သည်။ အမှန်လူဦးရေမှာ ထိုထက်မက ပိုမိုနိုင်ပြီး မြန်မာနိုင်ငံမှ ဒုက္ခသည် ဘင်္ဂါလီထက်ဝက်ကျော်မှာ မလေးရှားသို့ ရောက်ရှိနေကြသည်။

ဧပြီလ ၅ ရက်နေ့တွင် မလေးရှားအာဏာပိုင်များသည် မလေးရှား ကီဒါးပြည်နယ်ရှိ လန်ကာဝီကျွန်း အနောက်မြောက်ကမ်းရိုးတန်းတွင် အမျိုးသမီး ၄၅ ဦး နှင့်ကလေး ၅ ယောက် အပါအဝင် ဒုက္ခသည်ဘင်္ဂါလီ ၂၀၂ ဦး လိုက်လာပါသည့် ဘုတ်တစ်စင်းကိုကြားဖြတ်ဟန့်တားခဲ့သည်။

မလေးရှားအစိုးရအနေဖြင့် ထိန်းသိမ်းထားသော ဒုက္ခသည်များကို လွှတ်ပေးရန်နှင့် Covid-19 ကြောင့် ကျန်းမာရေးအန္တရာယ်များကို လျှော့ချရန်အတွက် ရောက်ရှိလာသူ ဒုက္ခသည်အသစ်များအား မတရားဖမ်းဆီးနေခြင်းမှ တားဆီးပေးရန် Fortify Rights က မလေးရှားအစိုးရအား ဧပြီ ၁၀ ရက်နေ့ကတည်းက တောင်းဆိုထားသည်။

((( Dhaka Tribune., April 17,2020,” Fortify Rights: 2 more boats carrying Rohingyas still adrift at sea, 60 dea.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.dhakatribune.com/bangladesh/2020/04/17/2-more-boats-carrying-rohingyas-still-adrift-at-sea-60-die-claims-fortify-rights?fbclid=IwAR1O-_dMJ7bpsL5NEMp3kvu1JDwD7zmgI0ddq2GjOxtA1cQXtjpxqInUrYc

#ကိုရိုနာဗိုင်းရပ်စ်ဒုက္ခသည်ဘင်္ဂါလီလှေစီးပြေး

0

Leave a Reply

Your email address will not be published.