ပါကစ္စတန်တွင် သောင်းကျန်းနေသော ကျိုင်းကောင်အုပ်ကြီးကို နှိမ်နင်းရန် ဘဲကောင်ရေ ၁-သိန်းကို တရုတ်က စေလွှတ်မည်ဆိုခြင်း၊ ကျိုင်းကောင်နှိမ်နင်းရေး “ ဘဲဇီဝလက်နက်” ပြဿနာ

ပါကစ္စတန်တွင် သောင်းကျန်းနေသော ကျိုင်းကောင်အုပ်ကြီးကို နှိမ်နင်းရန်အတွက် ဘဲကောင်ရေ ၁-သိန်းကို အိမ်နီးချင်းတရုတ်နိုင်ငံက စေလွှတ်မည်ဟု သတင်းများထွက်ပေါ်လျှက်ရှိကြောင်း BBC က ဖေဖော်ဝါရီ – ၂၇ ရက်နေ့၌ ရေးသားသည်။

ယခုလစောစောပိုင်း ပါကစ္စတန်နိုင်ငံတွင် အရှေ့အာဖရိကမှ ကောင်ရေသန်းနှင့်ချီသော ကျိုင်းကောင်များ အုပ်စုဖွဲ့ ဝင်ရောက်လာခဲ့ရာ ဆယ်စုနှစ်၂-စုအတွင်း အဆိုးဝါးဆုံး “ကျိုင်းကောင်ဖျက်ဆီးမှု အမျိုးသားအရေး ပေါ်အခြေအနေ” သတ်မှတ်ကြောင်း သက်ဆိုင်ရာက ကြေညာခဲ့ရသည်။

ကပ်ဆိုးအသွင် အဆိုပါဖြစ်စဉ်ကို ခုခံတွန်းလှန်ရန်အတွက် ဘဲကောင်ရေ ၁-သိန်းကို တရုတ်နိုင်ငံက ပေးပို့ကူညီရန် ချိန်ဆလျှက်ရှိသည်။ ဘဲ ၁-ကောင်သည် ၁-ရက်တာအတွင်း ကျိုင်းကောင် ၂၀၀ -ခန့်ကို စားသောက်နိုင်သဖြင့် ပိုးသတ်ဆေးသုံးသည်ထက် ပိုမိုတွက်ချေကိုက်မည်ဆို၏။ သို့သော်လည်း ဘဲများက ထိရောက်စွာဖြေရှင်းနိုင်ခြင်း ရှိ-မရှိ အခြားစိုက်ပျိုးရေးပညာရှင်များက မေးခွန်းထုတ်လျှက်ရှိသည်၏။

ပါကစ္စတန်ကျိုင်းကောင်အတွက် တရုတ်က ဘဲလွှတ်မည့်သတင်းမှာ လူမှု့ကွန်ယက်များတွင် လူပြောအများ ဆုံးဖြစ်ပြီး BBC, Telegraph, Express, DW, Asia Time ကဲ့သို့ သတင်းမီဒီယာကြီးများနှင့် အခြားဒေသန္တရ သတင်းစာများကပါ ကူးယူဖော်ပြကြကြောင်းတွေ့ရှိရသည်။ တစ်ချိန်တည်းမှာပင် ကျွမ်းကျင်ပညာရှင်များ အကြား ငြင်းခုန်မှု မြင့်တက်လာခဲ့သည်။

 Guardian ဆိုလျှင် တရုတ်က ဘဲများ လွှတ်တော့မည်မဟုတ်ဟု ဖေဖော်ဝါရီ ၂၈ ၌ ရေးသားလာပါသည်။

ထိုအတွက် ယခုထိနောက်အကျဆုံးလည်းဖြစ်၊ သိပ္ပံပညာရပ်ဆိုင်ရာ မဂ္ဂဇင်းလည်းဖြစ်သော စမစ်ဆိုနီယံ၏ Smithsonian magazine မှ ရေးသားချက်များကို ကောက်နှုတ်ဖော်ပြပါမည်။

ပါကစ္စတန်ကျိုင်းကောင်နှိမ်နင်ရေး တရုတ်ဘဲကောင်ရေ ၁-သိန်းကိစ္စမှာ တရုတ်-ပါကစ္စတန်ချစ်ကြည်ရေး အဖွဲ့ဝင် တရုတ်စိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခ ကျိုးလွမ်၏ ပြောဆိုချက်မှ စတင်မြစ်ဖျားခံပါသည်။

လွန်ခဲ့သည့် ကြာသပတေးနေ့ တရုတ်အစိုးရပိုင် Ningbo Evening News ဒေသန္တရသတင်းစာက ပါမောက္ခ လွမ်၏ ပြောဆိုချက်ကို ဖော်ပြခဲ့သည်။ ချစ်ကြည်ရေးအဖွဲ့ဝင် ပါမောက္ခ၏ ပြောဆိုချက်ကို တရုတ်အစိုးရပိုင် မီဒီယာက ဖော်ပြသည်ဆိုသော်လည်း တရုတ်ကွန်မြူနစ်အစိုးရ၏ ပါကစ္စတန်နှင့်ပတ်သက်သော အစီအစဉ် မဟုတ်ချေ။

၎င်း အဆိုပါသတင်းကို ဂျု့ိကျန်စိုက်ပျိုးရေးသိပ္ပံ “သုတေသီ လျူ “က China Global Television Network’s တရုတ်ရုပ်သံလိုင်း Twitter စာမျက်နှာတွင် ဗွီဒီယိုတိုကလေးနှင့်ပူးတွဲ၍လွှင့်တင်သည်။ ဘဲကောင်ရေ ၁-သိန်းကို ပါကစ္စတန် ကျိုင်းကောင်နှိမ်နင်ရေး “ ဇီဝလက်နက် “ အဖြစ် တရုတ်က ပေးပို့မည်ဖြစ်ကြောင်း လွှင့်ထုတ်သည့်အခါ အလွန်အမင်း ကျယ်ပြန့်သွားလေသတည်း။

တရုတ် Weibo လူမှုကွန်ရက်တွင် လူပေါင်း သန်း ၅၀၀ ကျော်ဝင်ရောက်ကြည့်ရှု့-ထင်မြင်ချက် အမျိုးမျိုးပေး ကြခြင်းဖြင့် အလွန်နက်ရှိုင်းသည့် ကောလဟလများ ဆက်လက်ဖြစ်ပေါ်သည်။ Ningbo Evening News ကို တစ်ချိန်တည်း၌ပင် AP က ယူးယူ၍ ဆက်လက်ဖြန့်ဝေကြောင်း၊ ထိုမှ နာရီပိုင်းအတွင်း BBC အပါအဝင် အခြားမီဒီယာများသို့ ပျံ့နှံ့သွားကြောင်း တွေ့ရှိရသည်။

ဘဲကောင်ရေ ၁-သိန်းကိစ္စမှာ ကြံဆဆဲ အစီအစဉ်၌သာ ရှိပါသေးသည်။ “ ရေတွင် ကျက်စားသော ဘဲကို ပူပြင်း၍ ကန္တရဆန်ဆန် မြေမျက်နှာသွင်ပြင်ရှိသည့် ပါကစ္စတန်သို့ စေလွှတ်ရေး “ ဆိုသည်မှာ အဓိက စဉ်းစား ရမည့် ပြဿနာဖြစ်နေသည်။ တစ်ကြိမ်တစ်ခါမျှ လက်တွေ့စမ်းသပ်ခဲ့ဖူးခြင်းမရှိပါလျှက် ထွက်ပေါ်လာသည့် “လျု၏ ဇီဝလက်နက်သီအိုရီ” မှာ မည်သည်ကို အခြေခံကြောင်း ရှင်းရှင်းလင်းလင်းမရှိပါ။

AP ကမူ “ အကောင်အထည်ဖော်ရန် ကြံဆလျှက် ရှိသည် “ ဟု မယုတ်မလွန် ရေးသားပါသည်။ Ningbo Evening News သတင်းနှင့် ပတ်သက်၍ လျုပြောပုံမှာ တရုတ်အနောက်ပိုင်း ရှင်းကျန်ပြည်နယ် ဝီဂါမွတ် စလင်များအရေးနှင့်ဆက်စပ်၍ မကြာမီတရားစွဲရတော့မည့်ပုံပေါက်နေလေသည်။

 (( ပါကစ္စတန်သည် တရုတ်အနောက်ပိုင်း ဝီဂါမွတ်စလင်တို့၏ ရှင်းကျန်ပြည်နယ်နှင့် မြေကြောတစ်ဆက် တည်းဟု ဆိုနိုင်ပါသည်။ ပါကစ္စတန်သို့ ကျိုင်းကောင်နှိမ်နင်းရေးအကြောင်းပြု၍ တရုတ်က ဇီဝလက်နက်ပေး ပို့မည်ဆိုခြင်းမှာ ချဲ့ကား တွေးကြမည်ဆိုလျှင် တွေးလောက်ပါသည်။ ။ သတင်းဘာသာပြန်သူ ))

((( Smithsonianmag, Feb 28, 2020, “Is a Duck Army Coming for Pakistan’s Locusts? Not So Fast.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ပါကစ္စတန်ကျိုင်းကောင်နှိမ်နင်းရေးတရုတ်ဘဲဇီဝလက်နက်

https://www.bbc.com/news/world-asia-china-51658145

https://www.theguardian.com/world/2020/feb/27/china-to-dispatch-army-of-ducks-to-pakistan-to-devour-locust-swarm

https://www.smithsonianmag.com/smart-news/duck-army-coming-pakistans-locusts-not-so-fast-180974294/

0

Leave a Reply

Your email address will not be published.