ပါကစ္စတန်အား ဗြိတိန်နှင့်အပြိုင် ရေငုတ်သင်္ဘောအရောင်းအဝယ်ကိစ္စအရှုတ်တော်ပုံ၌ ပြင်သစ်ဝန်ကြီးချုပ်ဟောင်းနှင့် ကာကွယ်ရေးဝန်ကြီးဟောင်းတို့ ဖြတ်စားလျှပ်စားမှုဖြင့် တရားစွဲဆိုခံရ။

၁၉၉၀ ခုနှစ်တစ်ဝှိုက် ပါကစ္စတန်အား လက်နက်အရောင်းအဝယ်ကိစ္စ၌ လာဘ်ငွေအမြောက်အများ မသမာကြေး ရယူခဲ့သည့်အစီအစဉ်တွင် ပြင်သစ်ဝန်ကြီးချုပ်ဟောင်း အိဒ်ဝါ့ဒ်ဘယ်လာဒရူ၏ ပါဝင်ပတ်သက်မှုမှာ ဘဏ္ဍာရေးဆိုင်ရာ ပြစ်မှုမြောက်သဖြင့် တရားစွဲဆိုခြင်း ခံရသည်ဟု  Russia Today က ယနေ့ရေးသားသည်။

အဆိုပါအမှုကို တရားရုံးတော်က လက်ခံကြားနာရန် ပယ်ချသဖြင့် ဋ္ဌာနဆိုင်ရာ အဂတိတရားရုံးတွင် ဆက်လက်တရားစွဲဆိုမည်ဖြစ်ကြောင်း ရှေ့နေချုပ်က ကြေညာသော်လည်း နေ့ရက်အတိအကျဖော်ပြခြင်းမရှိချေ။ ဝန်ကြီးချုပ်ဟောင်းနှင့်အတူ ပြင်သစ်ကာကွယ်ရေးဝန်ကြီးဟောင်းလည်း ပူးတွဲတရားစွဲဆိုခံရသည်ဟု သတင်းထွက်ပေါ်သော်လည်း မည်သည့်အမှားအယွင်းမျှ မကျူးလွန်ခဲ့ကြောင်း ကာယကံရှင်တို့က ငြင်းဆိုသည်။

အသက် ၉၀ အရွယ်ရှိပြီဖြစ်သော ဘယ်လာဒရူသည် ၁၉၉၄-ခုနှစ် ပြင်သစ်-ပါကစ္စတန်ရေငုတ်သင်္ဘောအရောင်းအဝယ်ကိစ္စတွင် အလွဲသုံးစားမှု၊  ဖုံးကွယ်ထားမှုတို့၌  ကြံရာပါအဖြစ် ၂၀၁၇-ခုနှစ်ကတည်းက ကနဦးကြားနာခဲ့ခြင်းဖြစ်သည်။

ထိုစဉ်က ဗြိတိန်နှင့်အပြိုင်ရေငုတ်သင်္ဘောရောင်းချရာတွင် ပါကစ္စတန်အား မက်လုံးပေးသည့်အနေနှင့် ပြင်သစ်အစိုးရက ပါကစ္စတန်အား ကော်မရှင်ပေးရန်၊ နှစ်နိုင်ငံစလုံးမှ လော်ဘီနှင့် စီးပွားရေးသမားတို့အား လုပ်ထုံးအရ မသမာကြေးမြောက်သည့် ငွေကြေးထုတ်ပေးစေရန် စီစဉ်ခဲ့သည်ဆို၏။

ဘယ်လာဒရူသည် ငွေပေးစေရန်အတည်ပြုခဲ့ကြောင်း ယုံကြည်ရသည့်ပြင် ၎င်းအရောင်းအဝယ်မှ ကိုယ်ကျိုးအတွက် ရရှိငွေကို ၁၉၉၅-ခုနှစ် ပြင်သစ်သမ္မတရွေးကောက်ပွဲတွင် ၎င်း၏ မဲဆွယ်ရံပုံငွေအဖြစ် အသုံးပြုခဲ့ကြောင်း စွပ်စွဲခြင်းခံရသည်။

ထို ဖြတ်စားလျှပ်စားအစီအစဉ်မှာ ပါကစ္စတန်ထောက်လှမ်းသူများက ၁၉၉၇-ခုနှစ်တွင် “ ကရာချိအမှုကိစ္စ “ ဟု လူသိများသည့် ဘတ်စ်ကားတစ်စီး ဗုံးပေါက်ကွဲမှု၌ ပထမဆုံး အနံ့ရသွားခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် ရုပ်လုံးဖော်နိုင်ခဲ့သည်။ ဗုံးပေါက်ကွဲမှု့ကြောင့် ရေငုတ်သင်္ဘာပရော့ဂျက် တည်ဆောက်ရေးစခန်းတွင် တာဝန်ထမ်းဆောင်နေသူ ပြင်သစ်အင်ဂျင်နီယာ ၁၁-ဦးအပါအဝင် လူ ၁၅-ဦး သေဆုံးခဲ့ရသည်။

ဗုံးပေါက်ကွဲမှုအတွက် အစ္စလာမ်မစ်စစ်သွေးကြွတို့အပေါ် အပြစ်ပုံချခဲ့ကြသော်လည်း ပြင်သစ်၏ မသမာကြေး ကိစ္စနှင့်ပတ်သက်လျှက်ရှိကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

( အောက်တိုဘာ – ၀၂၊ ၂၀၁၉ )((( Russia Today., 2 Oct, 2019, “ Pakistan submarine deal scandal: Former French PM Balladur to stand trial over role in kickbacks scheme.” ကို #HtayOung, #OungMarine ဆီလျှော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.rt.com/news/470025-pakistan-balladur-submarine-scandal/

0

Leave a Reply

Your email address will not be published.