ပါကစ္စတန်အနောက်မြောက်ပိုင်းရှိ ဟိန္ဒူဘုရားကျောင်းကို ဆူပူသူများက မီးတင်ရှို့။ ငြိမ်းချမ်းစွာကန့်ကွက်ဆန္ဒပြမည်ဟု ရဲတပ်ဖွဲ့အား ပြောပြခဲ့ပြီး သွေးထိုးလှုံဆော်သည့်မိန့်ခွန်းများ ဟောပြော၍ လူစုလူဝေးဖြင့် ဖျက်ဆီးခြင်းခံရ

..  
ဗုဒ္ဓဟူးနေ့တွင် ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း၌ ရာစုနှစ်သက်တမ်းရှိသော ဟိန္ဒူဘုရားကျောင်းကို ဆူပူသောင်းကျန်းသူတစ်စုက တိုက်ခိုက်ပြီး မီးတင်ရှို့ခဲ့ကြကြောင်း အာဏာပိုင်များကပြောကြားသည်။ မွတ်စလင်ဘာသာဝင် အများစုတိုင်းပြည်တွင် ဟိန္ဒူလူ့အသိုင်းအဝိုင်းအတွက် ပြစ်တင်ရှုတ်ချစရာဖြစ်ရသည်ဟု Reuters က ယနေ့ရေးသားသည်။..   
၁၉၄၇ ခုနှစ်တွင် ဗြိတိသျှလက်အောက်မှလွတ်လပ်ရေးရယူစဉ် အိန္ဒိယတိုက်ငယ်အား မွတ်စလင်အများစု ပါကစ္စတန်နှင့် ဟိန္ဒူအများစု အိန္ဒိယအဖြစ် ပိုင်းခြားခဲ့သည်။ ပါကစ္စတန်တွင် မွတ်စလင်မဟုတ်သူများအနက် ဟိန္ဒူဘာသာဝင်များမှာ အရေအတွက် အများဆုံး ရှိသူများဖြစ်ကြသည်။ ..
ဒေသခံများ ရိုက်ကူး မျှဝေခဲ့ကြသည့် ဗွီဒီယိုရုပ်သံများတွင် ဘုရားကျောင်း၏ အတားအဆီးနှင့် အဆောက်အအုံနံရံများကို လူစုလူဝေးက ကျောက်တုံးများ လက်ကိုင်ရိုးရှည်တပ် တူကြီးများဖြင့် ဖြိုချနေပုံ၊ မီးတောက်မီးလျှံများနှင့် ကောင်းကင်သို့ အလိပ်လိပ်ထိုးတက်သွားသော မီးခိုးလုံးများကိုတွေ့မြင်ကြရသည်။ ..  
အနောက်မြောက်ပိုင်း ပါသွန်ခွာ စီရင်စု ကာရက်ခရိုင်တွင် တည်ရှိသော မြို့မှ ဟိန္ဒူဘုရားကျောင်းအား ငြိမ်းချမ်းစွာကန့်ကွက်ဆန္ဒပြမည်ဟု ဒေသခံ မွတ်စလင်တရားဟောဆရာတို့က ရဲတပ်ဖွဲ့အား ပြောပြခဲ့ကြကြောင်း၊ ကန့်ကွက်ဆန္ဒပြရာ၌ ပါဝင်သည့် အဆိုပါ တရားဟောဆရာတို့သည် “ #သွေးထိုးလှုံဆော်သည့်မိန့်ခွန်း “ များကို ဟောပြောကြပြီးနောက် လူအုပ်စုကြီးက ဘုရားကျောင်းအားတိုက်ခိုက်ကြခြင်းဖြစ်ကြောင်း၊ ဆူပူသောင်းကျန်းသူ လူစုလူဝေးဖြစ်ခဲ့ယုံမျှမက ဘုရားကျောင်းအား မဖျက်ဆီးကြရန် မည်သူကမျှ တားဆီးခဲ့ခြင်း မရှိကြောင်း၊ အဆောက်အအုံအစိတ်အပိုင်းအများစုမှာ ပျက်စီးသွားကြောင်း မြို့နယ်ရဲအရာရှိ ရာမာတူလာရာမန်က ရှင်းပြသည်။..    
ခရိုင်ရဲချုပ် အာရီဖာနျူလာခန်၏ အဆိုအရ တိုက်ခိုက်မှု၌ ပါဝင်ကြောင်း သံသယရှိသူ ၉ ဦးကို ဖမ်းဆီးထားကြောင်း သိရှိရသည်။..  
၎င်းဘုရားကျောင်းကို ၁၉၀၀ ပြည့်နှစ် စောစောပိုင်းတွင် ဗိမ္မာန်အဖြစ် တည်ဆောက်ခဲ့သည်။ သို့သော် ဒေသခံဟိန္ဒူအသိုင်းအဝိုင်းတို့မှာ ၁၉၄၇ ခုနှစ်တွင် ဘုရားကျောင်း အနီးတစ်ဝှိုက်မှ ထွက်ခွာသွားခဲ့ကြပြီး ၁၉၉၇-ခု နှစ်တွင် ယခုဒေသခံမွတ်စလင်တို့က ထိုနေရာအား သိမ်းယူခဲ့သည်။ 
..
ဘုရားကျောင်းမှာ အနာဂါတ်ကာလ၌ ဧရိယာချဲ့ထွင်မည်မဟုတ်သော အခြေအနေရှိပြီး ပြန်လည်တည်ဆောက်၍ ဟိန္ဒူများလက်သို့ ပြန်လည်အပ်နှံရန် ၂၀၁၅-ခုနှစ်တွင် ပါကစ္စတန်တရားရုံးချုပ်က အမိန့်ချမှတ်ခဲ့သည်။..   
အခင်းဖြစ်ပွားခြင်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ထင်မြင်ချက်ပေးရန် Reuters ၏ တောင်းဆိုချက်ကို ပြည်နယ်အစိုးရ၏ပြောရေးဆိုခွင့်ရှိသူက တုံ့ပြန်ခြင်း မရှိပါ။ ..
ယခုဖြစ်ရပ်မှာ လူနည်းစုတို့အပေါ် တုန့်ပြန်ဆက်ဆံရာတွင် ရိုင်းစိုင်းသော နည်းလမ်းဖြစ်ကြောင်း၊ အခင်းဖြစ်ရပ်အတွက် တုန်လှုပ်ခြောက်ခြားသွားရပြီး ဟိန္ဒူအသိုင်းအဝိုင်းတို့အပေါ် လုံခြုံမှုကင်းမဲ့သည့် လှိုင်းလုံးကြီးတစ်ခု ကျရောက်စေခဲ့ကြောင်း၊ ဒေသခံဟိန္ဒူများမှာ ရွာမှ ပြောင်းရွှေ့လာကြသော်လည်း ကြာသပတေးနေ့တိုင်း ဝတ်ပြုကြရန် ထိုနေရာသို့ သွားရောက်နေကြဆဲဖြစ်ကြောင်း ဟိန္ဒူအသိုင်းအဝိုင်း၏ ဒေသခံခေါင်းဆောင်ဖြစ်သူ ဟာနွန်ဆာဗက်ဒဲလ်က တွေ့ဆုံရာ၌ ပြောဆိုသည်။ ..  
ပါကစ္စတန် လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ရှိုင်ရင်မာဇီရီက အဖြစ်အပျက်အား ရှုတ်ချကြောင်း ၎င်း၏ Twitter စာမျက်နှာ၌ ရေးသားသည်။..   
ယခုနှစ် စောစောပိုင်းတွင် လူ့အခွင့်အရေးစောင့်ကြည့်သူများဖြစ်သည့် #နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ က နိုင်ငံတွင်းနေ သောကပတ်လည်ဝိုင်းနေသည့် ဟိန္ဒူအသိုင်းအဝိုင်းတို့အတွက် ဘုရားကျောင်းများ ဆောက်လုပ်ခြင်းအပါအဝင် လွတ်လပ်စွာ ဘာသာရေး ယုံကြည်ကိုးကွယ်ပိုင်ခွင့်ကို အကာအကွယ်ပေးရန်၊ ပါကစ္စတန် အဏာပိုင်များအား တောင်းဆိုခဲ့သည်။ ..
(( ကျွန်တော်များနိုင်ငံတွင် #ငြိမ်းစုစီ ဟု လူသိများသော #ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် #ငြိမ်းချမ်းစွာစီတန်း #လှည့်လည်ခွင့်ဆိုင်ရာဥပဒေ ကို ပြည်ထဲရေးဝန်ကြီးဋ္ဌာနက အမိန့်ကြော်ငြာစာအမှတ် ၃၆၄/၂၀၁၂ ဖြင့် ပြဋ္ဌာန်းခဲ့သည်။ ..
အဆိုပါဥပဒေအား လုံးဝဖျက်သိမ်းပစ်ရန် လူမှုကွန်ယက်၌ ရေးသားတောင်းဆိုခြင်းအပါအဝင် လမ်းမများပေါ် တက်၍လည်း စုဝေးတောင်းဆိုမှုများ ရှိခဲ့ပါသည်။..  
ကျွန်တော်ကမူ ငြိမ်းစုစီဥပဒေကို လုံးဝအပြီးတိုင် ဖျက်သိမ်းရန် မသင့်ကြောင်း၊ ဥပဒေပါ #ပြစ်မှုနှင့်ပြစ်ဒါဏ်များ မှာ ပြင်းထန်လွန်းသည်ဟု ယူဆကြောင်း၊ ခါးပိုက်နှိုက်လျှင် ထောင် ၆-လကျနေချိန်၌ ဒီမိုကရေးစီ၏ ပြယုဂ်တစ်ခုဖြစ်သော ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခြင်းကြောင့် ထောင် ၂-နှစ် ကျရသည်ဆိုခြင်းမှာ မသင့်လျှော်ကြောင်း နိုင်ငံရေးပုံစံပြောင်းလဲ သွားပြီဖြစ်၍ #ခွင့်ပြုမိန့် ရယူခြင်းအပါအဝင် #လုပ်ထုံးလုပ်နည်းအချို့ကိုသာ ခေတ်နှင့်အညီ ပြင်ဆင်သင့်ကြောင်း ရေးသားမိသည်ကို အမှတ်ရပါသည်။ ..
ဒီမိုကရေစီခေတ်တွင် မိမိတို့၏ နစ်နာချက်၊ ခံစားချက်၊ ယုံကြည်ချက်တို့ကို ထုတ်ဖော်ပြသရန်အတွက် ကန့် ကွက်-ဆန္ဒပြမှုများ မလွဲမသွေရှိသင့်ပါသည်။ သို့သော် #ထိုသို့ဆန္ဒပြပိုင်ခွင့်မှာ#ဒီမိုကရေစီသက်တမ်းနှစ်ပေါင်း #ရာချီရှိနေသောနိုင်ငံကြီးများနှင့် #တစ်တန်းတည်းထား၍ မဖြစ်နိုင်သေးပါ။ #ဘာသာရေး#လူမျိုးရေးကဲ့သို့ #အကဲဆတ်သော အကြောင်းအရာများဖြင့် ကန့်ကွက်ဆန္ဒပြပွဲများ ရှိနိုင်ပါသဖြင့် အချိန်ကာလတစ်ခုထိ လိုအပ်သလို ထိန်းချုပ်မှုများ ရှိနေသင့်ပါသည်။ မြန်မာနှင့် လွတ်လပ်ရေးသက်တမ်းတူနီးပါးဖြစ်ကာ ကိုးကွယ်ရာစုံလင်သည့် ဒီမိုကရေစီ အိန္ဒိယနှင့် ပါကစ္စတန်တို့၌ ယခုကဲ့သို့ စိတ်မချမ်းမြေ့ဖွယ် ဖြစ်ရပ်များ အကြိမ်ကြိမ် ဖြစ်ပွားလျှက်ရှိကြောင်းတွေ့ရှိရပါသည်။..  
သေချာသည်မှာ ထိုသို့ ဘာသာရေး-လူမျိုးရေးနောက်ခံဖြင့် လူစုလူဝေးဖြစ်ပွားပြီး နေအိမ်-အဆောက်အအုံများအား အုပ်စုဖွဲ့ဖျက်ဆီးခံရလျှင် #ပြန်လည်တည်ဆောက်ပေးရန်မှာ သက်ဆိုင်ရာအစိုးရ၌ တာဝန်ရှိခြင်းဖြစ်လေသည်။ ..
#ယခုသတင်းအတွက်#ဘာသာရေး#လူမျိုးရေးနှင့်#မယဉ်ကျေးသော#မှတ်ချက်များအားဖယ်ရှားအရေးယူရန် #Facebookက_အသင့်ရှိနေမည်ဟု အစဉ်လေးစားစွာ သတိပေးအပ်ပါသည်။ ။ သတင်းဘာသာပြန်သူ )) ..
((( Reuters., 31 Dec 2020 , “Mob attacks, sets ablaze Hindu temple in northwestern Pakistan.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 
..
https://topmostpopular.com/mob-attacks-and-sets-ablaze-a-hindu-temple-in-northwestern-pakistan/ 
https://bdnews24.com/world/south-east-asia/2020/12/31/mob-attacks-sets-ablaze-hindu-temple-in-northwestern-pakistan

0

Leave a Reply

Your email address will not be published.