ပါကစ္စတန်ဂေါ်ဘာချော့ဗ် အလိုမရှိ- အလိုမရှိ “ ဝန်ကြီးချုပ်အင်မရန်ခန်းအား သစ္စာဖောက် ရုပ်သေးရုပ်အဖြစ် ကင်ပွန်းတပ်၍ ၂-ရက်အတွင်း ရာထူးမှနှုတ်ထွက်ပေးရန် ပါကစ္စတန်တွင် ဆန္ဒပြပွဲများဖြစ်ပေါ်

( နိုဝင်ဘာ – ၀၂၊ ၂၀၁၉ ) ဝန်ကြီးချုပ်အင်မရန်ခန်း ၂-ရက်အတွင်း ရာထူးမှ နှုတ်ထွက်ပေးရန်နှင့် အကယ်၍ တောင်းဆိုချက်အတိုင်း ဖြည့်ဆည်းမပေးလျှင် ခန်း၏ပါကစ္စတန်အစိုးရအား ဆက်လက်ဆန္ဒပြရလိမ့်မည်ဖြစ်ကြောင်း ထင်ရှားသော အစ္စလာမ်တရားဟောဆရာ မော်လနာဖက်ဇ်လူလာရာမန်က ခြိမ်းခြောက်လိုက်သည်ဟု Russia Today က ယနေ့ရေးသားသည်။

သောကြာနေ့ အစ္စလာမ်မာဘတ်မြို့တွင် ဂျမတ်အူလ်မာအီးအစ္စလာမ် (JUI-F) ပါတီဝင်အများစုဖြစ်သော ကန့်ကွက်ဆန္ဒပြသူများအား ရာမန်က မိန့်ခွန်းပြောကြားရာ၌ ပါကစ္စတန်ဝန်ကြီးချုပ် Imran Ahmed Khan Niazi အင်မရန်အာမက်ခန်းနိုင်ဇီ ကို သစ္စာဖောက် ရုပ်သေးရုပ် ပါကစ္စတန်၏ဂိုဘာချော့ဗ်အဖြစ် ကင်ပွန်းတပ်ခဲ့သည်ဆို၏။

ဗုဒ္ဓဟူးနေ့ လာဟိုးမြို့မှ ချီတက်လာခဲ့ကြသော ဆန္ဒပြစစ်ကြောင်းများသည် ဝန်ကြီးချုပ်ခန်း နှုတ်ထွက်ပေးရန် မြို့တော် အစ္စလာမ်မာဘတ်သို့ ရောက်ရှိလာသည်။ ပါကစ္စတန်အစိုးရမှာ အရည်အချင်း ညံ့ဖျင်းကြောင်း အတိုက်အခံခေါင်းဆောင်တို့က စွပ်စွဲလိုက်ပြီး လွန်ခဲ့သည့်ရွေးကောက်ပွဲမှာ အတုအယောင်သာဖြစ်၍ ခန်းအစိုးရမှာ တရားမဝင်ကြောင်း ကြေညာသည်။ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများမှာ သိန်းချီအင်အားရှိပြီး မြို့တော်၌ စုရုံးလျှက်ရှိကြောင်း Al Jazeera က သတင်းပေးသည်။

(( ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်နည်းတူအင်အားကြီးနိုင်ငံဖြစ်လာသော ဆိုဗီယက်ပြည်ထောင်စုသည် သမ္မတ မစ်ခေးဂိုဘာချော့ဗ် လက်ထက်တွင် စတင်ပြိုကွဲသည်။ ၁၉၁၇-ခုနှစ် အောက်တိုဘာတော်လှန်ရေးအပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ၁၅ ပြည်နယ်ဖြင့် ပြည်ထောင်စုအသွင်ပေါင်းစည်းခဲ့သော ဆိုဗီယက်သည် ၇၂ နှစ်အကြာတွင် စတင်ပျက်ပြားလာသည်။

နိုင်ငံတော်အာဏာကို ရယူခဲ့သော ဆိုဗီယက်ကွန်မြူနစ်သည် ဂိုဘာချော့ဗ်လက်ထက်တွင် တစ်ပါတီအာဏာရှင် ဆိုရှယ်လစ်စီးပွားရေးစံနစ်မှ ဈေးကွက်စီးပွားရေးစံနစ်သို့ ကူးပြောင်းသည်။ ဂေါ်ဘာချော့ဗ်၏ Perestroika “ ပယ်ရီထရွိက်ကာ” လွတ်လပ်စွာပြောဆိုခွင့်၊ ရေးသားဖော်ပြခွင့်နှင့် ပြန်လည်တည်ဆောက်ရေး မူဝါဒအရ ပြည်နယ်တစ်ခုချင်း တဖြည်းဖြည်း ခွဲထွက်ခွင့်ပေးလိုက်ရသည်။ ဤသို့ဖြင့် ဥရောပတစ်ခွင် စိုးမိုးထားသည့် ဆိုဗီယက်အင်ပါယာပြိုမှာ ၁၉၉၁-ခုနှစ်တွင် ဘုံးဘုံးလဲ ပြိုကွဲသွားသည်။

ဆီုဗီယက်အစိုးရထိပ်တန်းအဖွဲ့ဝင် ၈ -ဦးက အရေးပေါ်အမိန့်ကြေညာကာ အာဏာသိမ်းရန် အားထုတ်မှုဖြစ်ပွားသည်။ ပါလီမန်အဆောက်အအုံ၊ ကရင်မလင်နန်းတော်အပါအဝင် မော်စကိုမြို့၏ အရေးပါနေရာများစွာတို့ တွင် ဆိုဗီယက်စစ်တပ်ကို ချထားကာ ပြည်သူလူထု စုဝေးမရအောင် ထိန်းချုပ်ခဲ့သည်။ အာဏာသိမ်းအဖွဲ့အား ဆန့်ကျင်သော ထောင်သောင်းချီပြည်သူများကို ထိုစဉ်က ရုရှားပြည်နယ်သမ္မတ ဘောရစ်ယဲ့လ်ဆင် Boris Yeltsin က ဦးဆောင်ခဲ့သည်။ အာဏာသိမ်းဖြစ်စဉ်ကြောင့် ညူကလီယာလျှို့ဝှက်ထိန်းချုပ်စကားဝှက်များ အကြမ်းဖက်သမားတို့လက်ဝယ် မရောက်ရှိအောင် ကာကွယ်နိုင်ခဲ့သည်။

ခရိုင်မီးယားသို့ရောက်ရှိနေသော ၁၉၉၀ ပြည့်နှစ် နိုဘယ် ငြိမ်းချမ်းရေးဆုရှင် သမ္မတဂေါ်ဘာချော့ဗ်မှာမူ ယာယီအကျယ်ချုပ်ထိန်းသိမ်းခြင်းခံရပြီး အာဏာလက်လွတ်ဖြစ်သွားသည်။ ။ သတင်းဘာသာပြန်သူ ))

#ပါကစ္စတန်ဂေါ်ဘာချော့ဗ်အလိုမရှိ #အင်မရန်ခန်းရာထူးမှနှုတ်ထွက်ပေးရန် #ပါကစ္စတန်တွင်ဆန္ဒပြပွဲများဖြစ်ပေါ်

((( Russia Today., 2 Nov, 2019,” ‘Gorbachev of Pakistan must go!’ Radical opposition cleric gives ‘puppet’ PM Khan 2 days to resign amid massive protest (VIDEOS).” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.rt.com/news/472439-pakistan-protest-khan-ultimatum/ .https://www.aljazeera.com/news/2019/11/pakistan-opposition-protesters-call-pm-imran-khan-resign-191102055531301.htmlhttps://www.washingtonpost.com/opinions/2019/10/29/this-soviet-dissident-knew-why-finding-common-ground-with-dictators-cant-work/https://www.nobelprize.org/prizes/peace/1990/summary/

0

Leave a Reply

Your email address will not be published.