ပါကစ္စတန်ထောက်လှမ်းရေးက မြန်မာနိုင်ငံအတွင်း အကြမ်းဖက်အုပ်စုများကို လေ့ကျင့်ပေးနေဟု ကျွမ်းကျင်သူများ ပြော။ ဒုက္ခသည်ဘင်္ဂါလီတို့ကို သင်တန်းပေးရန် ဘင်္ဂလားဒက်ရှ်အကြမ်းဖက်အဖွဲ့အား ကူညီနေဟု ဆို

ပါကစ္စတန်နိုင်ငံ၏ ထောက်လှမ်းရေးအေဂျင်စီ Inter-Services Intelligence (ISI) သည် မြန်မာနိုင်ငံအတွင်းရှိ အကြမ်းဖက်အုပ်စုများကို လေ့ကျင့်ပေးလျှက်ရှိပြီး အဓိကရည်ရွယ်ချက်မှာ ဒေသတွင်းနိုင်ငံအချို့၌ နယ်စပ်ဖြတ်ကျော်အကြမ်းဖက်မှုဖြင့် တည်ငြိမ်မှု ပျက်ပြားစေရန်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားသည်ဟု အိန္ဒိယသတင်းစာ The New Indian Express ( 15th Aug. 2020 ) က ရေးသားသည်။ 

  
ဘယ်လ်ဂျီယန်နိုင်ငံ ဘရပ်ဆဲလ်မြို့အခြေစိုက် တောင်အာရှဒီမိုကရက်တစ်ဖိုရမ်မှ လေ့လာသုံးသပ်သူ ဆီးဖရက်အိုဝုဖ်ကမူ ဘင်္ဂလားဒက်ရှ်နိုင်ငံရှိ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုဖြစ်သော JMB ခေါ် “ ဂျမတ်အီလ်မူဂျာဟီဒင်၊ ဘင်္ဂလားဒက်ရှ် “ က ဒုက္ခသည်ဘင်္ဂလီ ( မူရင်း ရိုဟင်ဂျာ ) အယောက် ၄၀-ခန့်အား လေ့ကျင့်ပေးရာ၌ ISI ပါကစ္စတန်ထောက်လှမ်းရေးတို့ ပါဝင်ပတ်သက်လျှက်ရှိကြောင်း ဂျာမန်သတင်းစာ DW ၌ ရေးသားခဲ့သည်။ 

  
နယ်စပ်ဖြတ်ကျော်အကြမ်းဖက်မှုအတွက် တတိယနိုင်ငံကိုရွေးချယ်ခြင်းမှာ ပါကစ္စတန်အတွက် ပိုမိုကောင်းမွန်သည်ဟု ကျွမ်းကျင်သူက ဆိုပါသည်။ ဤအချက်မှာ ဒေသတွင်းမတည်ငြိမ်မှုကိုဖန်တီးရန်အတွက် အာဖဂန်နစ္စတန်နှင့် အိန္ဒိယအပါအဝင်နိုင်ငံများမှ အကြမ်းဖက်မှုများကို ပါကစ္စတန်က ဆက်လက်ထောက်ပံ့ပေးနေခြင်းနှင့် အဆိုပါနိုင်ငံများ၌ တိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်နေကြောင်း ထပ်မံသက်သေပြရာရောက်ရှိသည်။ 


၂၀၁၆ ခုနှစ်တွင် ဒါကာမြို့တော် သံတမန်ရပ်ကွက်အနီးရှိ “ ဟိုလီးအာတီဇန် “ ကော်ဖီဆိုင်အား JMB တို့က တိုက်ခိုက်ခြင်းကြောင့် နိုင်ငံခြားသားအများစုအပါအဝင် လူပေါင်း ၂၂ ဦး အသက်ဆုံးရှုံးခဲ့ရသည်။ ဤအကြောင်းကြောင့်ပင် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော ဘင်္ဂလားဒက်ရှ်နိုင်ငံ ကော့ဘဇားခရိုင်ရှိ ဒုက္ခသည်ဘင်္ဂါလီစခန်းများမှာ အကြမ်းဖက်အုပ်စုများအတွက် မျက်စိကျစရာဖြစ်လာသည်။ 


အတိတ်ကာလတွင် အစွန်းရောက် ဒုက္ခသည်ဘင်္ဂါလီတို့အနေဖြင့် အားထုတ်မှုများရှိခဲ့သော်လည်း ဘင်္ဂလားဒက်ရှ်အစိုးရက အကြမ်းဖက်လှုပ်ရှားမှုများကို ခွင့်မပြုကြောင်း၊ အိမ်နီးချင်း အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ပုန်ကန်သောင်းကျန်းမှုနှင့် ပတ်သက်သောကိစ္စရပ်များတွင် အိန္ဒိယအား ဘင်္ဂလားဒက်ရှ်က ယခုအချိန်အထိ ကူညီပေးခဲ့ကြောင်း၊ အစွန်းရောက်အုပ်စုများကို ပါကစ္စတန်က ထောက်ပံ့ခြင်းဖြင့် အိန္ဒိယအား မတည်မငြိမ်ဖြစ်စေရန် ရှိတ်ဟာစီနာအစိုးရအနေဖြင့် ခွင့်ပြုလိမ့်မည် မဟုတ်ကြောင်း ဘင်္ဂလားဒက်ရှ် လုံခြုံရေးရာ ကျွမ်းကျင်သူ အဗ္ဗဒူရာရှစ်က DW မီဒီယာအား ပြောဆိုသည်။ 

  
ဘင်္ဂလားဒက်ရှ် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ရှရီယာအာလမ်ကမူ ဒုက္ခသည်စခန်းများအတွင်း အစွန်းရောက်ဝါဒဖြန့်ဝေရန် ကြိုးပမ်းမှုများသည် အတိတ်ကာလ၌ပင် အောင်မြင်မှုကြီးကြီးမားမား မရှိခဲ့ကြောင်း DW မီဒီယာအား ပြောဆိုသည်။ သို့သော် မြန်မာစစ်ဖက်အရာရှိအနေဖြင့် “ အာရကန်ရိုဟင်ဂျာကယ်ဆယ်ရေးတပ် “ (ARSA) သည် နယ်စပ်သို့ ပြန်လည်ရောက်ရှိလာပြီး လှုပ်ရှားမှုများ တိုးမြှင့်လာနေကြောင်း၊ ARSA အဖွဲ့ဝင်များသည် ဒုက္ခသည်စခန်းများအတွင်း ညဘက်၌ တက်တက်ကြွကြွရှိသော်လည်း နေ့ဘက်များတွင် ပုန်းကွယ်ခြေရာဖျောက်လျှက်ရှိကြောင်း၊ ARSA ခေါင်းဆောင် အတ္တားအူလ္လာသည် ပါကစ္စတန်တွင်မွေးဖွားခဲ့သူဖြစ်ပြီး ဆော်ဒီအာရေးဗီးယားတွင် ကြီးပြင်းခဲ့သည်။ သူနှင့်သူ၏အဖွဲ့ဝင်များသည် ဗုံးခွဲဖျက်ဆီးခြင်းနှင့် စစ်နည်းဗျူဟာတို့ကို သင်ယူတတ်မြောက်သူများဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရ်ှ – မြန်မာနယ်စပ်တွင် လှုပ်ရှားနေသော ARSA တို့အား “ တာရစ်အီးတာလီဘန် ပါကစ္စတန်” (TTP) သို့မဟုတ် “ ပါကစ္စတန်တာလီဘန် “ တို့က သင်တန်းများ ပို့ချခဲ့ကြောင်း ရှင်းပြသည်။ အဆိုပါအချက်မှာ ဟုတ်မှန်ကြောင်း TTP ၏ပြောရေးဆိုခွင့်ရှိသူက DW မီဒီယာအား အတည်ပြုခဲ့သည်။ 


ကော့ဘဇားအား စောင့်ကြည့်လျှက်ရှိသည့် နိုင်ငံခြားသံတမန်များအဆိုအရ ARSA နှင့် JMB တို့သည် ဆက်စပ်မှုရှိကြောင်း သိရှိရပြီး လက်နက်ကိုင် လေ့ကျင့်လျှက်ရှိသည့်ဗီဒီယိုများလည်း လူမှုကွန်ရက်၌ ပေါ်ထွက်လာခဲ့သည်။ ARSA အဖွဲ့ဝင်များအသုံးပြုလျှက်ရှိသည့် AK-47s, M-21s, M-22s နှင့် M-16 ရိုင်ဖယ်များမှာမူ မြန်မာနယ်ခြားစောင့် ရဲကင်းများအား စီးနင်းစဉ် သိမ်းယူရရှိခဲ့သော လက်နက်များ ဖြစ်ဖွယ်ရှိသည်။ 


(( အစ္စလာမ်ဘာသာဝင်အများစုနေထိုင်ရာနိုင်ငံတို့၏ အစိုးရတို့သည် ဘာသာရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းတို့နှင့် အတတ်နိုင်ဆုံး ခပ်ကင်းကင်း နေကြသည်။ အထူးသဖြင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာတို့၏ သတိထားစောင့်ကြည့်ခြင်းခံရသူ အယ်လ်ကိုင်ဒါ၊ အိုင်အက်စ်အပါအဝင် ဆီးရီးယားစစ်ပွဲတွင် ဝင်ရောက်တိုက်ခိုက်လျှက်ရှိသော ဂျီဟဒ်ဝါဒီစစ်သွေးကြွတို့နှင့် ပတ်သက်လိုခြင်း မရှိပါ။ 


အရှေ့အလယ်ပိုင်း စစ်သွေးကြွတို့နှင့် ဆက်စပ်ကြောင်း သတင်းများထွက်ပေါ်လျှက်ရှိသည့် ARSA တို့နှင့် ယုန်ထင်ကြောင်ထင် အဖြစ်မခံလိုချေ။ နိုင်ငံတကာအထောက်အပံ့ဖြင့် ၎င်းတို့ လက်ခံစောင့်ရှောက်ပေးထားရသည့် လူဦးရေ ၁-သန်းခန့်ရှိသည်ဆိုသော ဒုက္ခသည်ဘင်္ဂါလီတို့ကြားတွင် ARSA တို့ ရောနှောနေသည်ဆိုခြင်းကို၎င်း၊ အိမ်နီးချင်း မြန်မာနိုင်ငံက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားခြင်းခံရသည့် ARSA တို့သည် ၎င်းတို့၏ နယ်မြေအတွင်း၌ ခြေကုတ်ယူသည်ဆိုခြင်းကို၎င်း ဘင်္ဂလားဒက်ရှ်အစိုးရနှင့် ဘင်္ဂလားမီဒီယာတို့က အစဉ်တစ်စိုက် ငြင်းဆိုလျှက်ရှိသည်။ ဘင်္ဂလားဒက်ရှ်၌ JMB လက်သစ်လှုပ်ရှားမှုများသာရှိကြောင်း ဖော်ပြသည်။

  
၂၀၁၉-ခုနှစ် စက်တင်ဘာလတွင် ကုလသမဂ္ဂအထွေထွေညီလာခံတက်ရောက်ရန် အမေရိကန်နိုင်ငံ၌ရောက်ရှိနေသော ပါကစ္စတန်ဝန်ကြီးချုပ်သည် နယူးယောက် နိုင်ငံခြားဆက်ဆံရေးရုံးသို့ သွားရောက်လည်ပတ်ခဲ့သည်။ အယ်လ်ကိုင်ဒါခေါင်းဆောင် အိုစမာဘင်လာဒင်သည် ၂၀၁၁-ခုနှစ် အမေရိကန်နေဗီဆီးလ်များ၏ သုတ်သင်ခြင်း မခံရမီအထိ ပါကစ္စတန်၏ အကူအညီရရှိခဲ့သည်ဆိုခြင်းနှင့်ပတ်သက်၍ ပါကစ္စတန်တပ်မတော်နှင့် အကြမ်းဖက်အုပ်စု တို့ အကြား အဆက်အသွယ်ရှိခဲ့ဖူးသည့် ရလာဒ်ကြောင့် ဖြစ်ဟန်တူကြောင်း တက်ရောက် သူတို့၏ မေးခွန်းများကို ဖြေကြားခဲ့သည်။ ( Russia Today., 24 Sept. 2019 ) 


၁၉၈၀ ပြည့်နှစ်တစ်ဝှိုက်၌ ဂျီဟဒ်ဝါဒီတို့အား သူရဲကောင်းအဖြစ် မှတ်ယူခဲ့ကြစဉ် ပါကစ္စတန်တပ်မတော်၏ ပြည်တွင်းထောက်လှမ်းရေး [Inter-Services Intelligence] ISI သည် ထိုစဉ်က ဆိုဗီယက်တို့အား တိုက်ခိုက်နေသည့် အယ်လ်ကိုင်ဒါနှင့် ၎င်းအုပ်စုများကို လေ့ကျင့်ပေးခဲ့ကြောင်း၊ ထို့ကြောင့် ပါကစ္စတန်နှင့်အယ်လ်ကိုင်ဒါတို့အကြား ဆက်နွယ်မှုရှိခဲ့ပြီး ဆက်နွယ်ရန်လည်း အကြောင်းရှိခဲ့ကြောင်း အင်မရန်ခန်းက ပြောဆိုသည်။ 


သို့သော် ပါကစ္စတန်ထောက်လှမ်းရေး ISI သည် အိန္ဒိယနိုင်ငံအတွင်း အကြမ်းဖက်ဖောက်ခွဲသတ်ဖြတ်မှုများ ပြူလုပ်နေသည့် အစ္စလာမ်မစ်စစ်သွေးကြွများနှင့် ဆက်လက်ပတ်သက်လျှက်ရှိကြောင်း အိန္ဒိယအစိုးရက စွပ်စွဲနေဆဲဖြစ်သည်။ 

  
ဘင်္ဂလားဒက်ရှ်တွင် ဒုက္ခသည်ဘင်္ဂါလီတို့မှာ NGO အများအပြားတို့က ဂျီဟဒ် စစ်ဆင်နွှဲရန် အစွန်းရောက် စိတ်ဓါတ်များ သွတ်သွင်းပေးခြင်းခံနေကြရပြီး စစ်သွေးကြွတို့နှင့် ဆက်သွယ်ရန် သွေးဆောင်ခြင်းခံနေကြရကြောင်း ဘင်္ဂလားဒက်ရှ်လွတ်မြောက်ရေးစစ်ပွဲကာလ စစ်ရာဇဝတ်မှု့များ ဖော်ထုတ် တရားစီရင်ရေး “ ဒယ်လယ်နီရာမူ ကော်မတီ “the War of Liberation Dalal Nirmul Committee ဥက္ကဋ္ဌက ပြောဆိုသည်ဟု ဘင်္ဂလားအခြေစိုက် Uchinanews က မေ ၃၁ ရက်နေ့တွင် ရေးသားသည်။ 

  
မလေးရှားရောက် ဒုက္ခသည်ဘင်္ဂါလီတို့အကြားတွင် ARSA အတွက် ဆက်ကြေးကောက်-လူသစ်စုဆောင်းပေးသူများအား မလေးရှားအစိုးရက ဖမ်းဆီးရမိသည့် သတင်းများလည်း တွေ့မြင်ရပါသည်။ ။ သတင်းဘာသာပြန်သူ )) 


((( The News Indian Express., 15 August 2020, “ Pakistan’s spy body ISI active in Myanmar, helps JMB in training Rohingyas: Expert.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

#မြန်မာနယ်စပ်အကြမ်းဖက်အုပ်စုများနှင့်ပါကစ္စတန်


https://www.newindianexpress.com/world/2020/aug/15/pakistans-spy-body-isi-active-in-myanmar-helps-jmb-in-training-rohingyas-expert-2183878.html 

https://www.rt.com/news/469484-khan-pakistan-trained-al-qaeda/ 


https://www.theglobalist.com/osama-bin-ladens-fatwa-against-america/

 
http://www.ukhiyanews.com/%E0%A6%AC%E0%A6%B9%E0%A7%81-%E0%A6%8F%E0%A6%A8%E0%A6%9C%E0%A6%BF%E0%A6%93-%E0%A6%B0%E0%A7%8B%E0%A6%B9%E0%A6%BF%E0%A6%99%E0%A7%8D%E0%A6%97%E0%A6%BE%E0%A6%A6%E0%A7%87%E0%A6%B0-%E0%A6%9C%E0%A7%87/ 


https://zeenews.india.com/india/pakistans-isi-backed-jem-radicalising-rohingya-muslims-to-carry-out-attacks-in-india-warns-bsf-2230187.html 


https://www.indiatoday.in/india/story/jaish-mohammed-jem-terrorist-arrested-baramulla-jammu-kashmir-1592280-2019-08-27 


https://www.dw.com/en/is-pakistani-intelligence-radicalizing-rohingya-refugees/a-52364548 

1+

Leave a Reply

Your email address will not be published.