ပါကစ္စတန်၌ ပြင်သစ်ဆန့်ကျင်ရေး အဓိကရုန်းများဖြစ်ပွား၊ ရဲ ၂-ဦးအသတ်ခံရပြီး လူ ၃၀၀ ကျော်ဒဏ်ရာရရှိ။ ပြင်သစ်၏အကျိုးစီးပွားများအပေါ် စိုးရိမ်ဖွယ်ခြိမ်းခြောက်လာ၍ နိုင်ငံမှ ထွက်ခွာသွားကြရန် ပြင်သစ်သံရုံးသတင်းထုတ်ပြန်။ ၆-လကြာ ရာဇသံမှာ အုပ်စုခေါင်းဆောင် ဖမ်းဆီးခံရ၍ ပြန်လည်အသက်ဝင်။


တမန်တော်မိုဟာမက်၏ ကာတွန်းရုပ်ပြောင်များအား ဖော်ပြခြင်းကြောင့် #ပြင်သစ်ဆန့်ကျင်ရေး_ သဘောထားနှင့် လှုပ်ရှားမှုများမြင့်တက်လာသည့်အတွက် ပြင်သစ်နိုင်ငံသားများအနေဖြင့် နိုင်ငံအတွင်းမှ ခေတ္တထွက်ခွာသွားကြရန် အစ္စလာမ်မာဘတ် အခြေစိုက် ပြင်သစ်သံရုံးက ပြောဆိုထားကြောင်း ယမန်နေ့ Russia Today က ရေးသားသည်။

…   
ပါကစ္စတန်ရှိ ပြင်သစ်တို့၏ အကျိုးစီးပွားများအပေါ် စိုးရိမ်ဖွယ်ခြိမ်းခြောက်မှုများ ဖြစ်ပေါ်လျှက်ရှိခြင်းကြောင့် ပြင်သစ်နိုင်ငံသားများနှင့် ပြင်သစ်ကုမ္ပဏီများအနေဖြင့် နိုင်ငံအတွင်းမှ ခေတ္တထွက်ခွာသွားကြရန် အကြံပြု ကြောင်း ပြင်သစ်သံရုံး၏ ကြာသပေတေးနေ့ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

…   
ပါကစ္စတန်နိုင်ငံတွင် #အစွန်းရောက်အစ္စလာမ်မစ် #တာရစ်_အီး_လက်ဘိုက်ပါတီက ပြင်သစ်သံအမတ်အား နှင်ထုတ်ရန် တောင်းဆိုမှုများနှင့်အတူ ပြင်သစ်တို့၏ အကျိုးစီးပွားများအပေါ် ဆန့်ကျင်မှုများမှာ ရက်သတ္တပတ်ကြာမျှ ပြင်းပြင်းထန်ထန် ဖြစ်ပွားလျှက်ရှိပြီး အကြီးဆုံးမြို့ကြီး ၂-မြို့ဖြစ်သော #လာဟိုးနှင့်ကရာချိ အပြင် မြို့ တော် #အစ္စလာမ်မာဘတ်၌လည်း သွားလာရောင်းဝယ်မှုများ တုံ့ဆိုင်းလျှက်ရှိသည်။

…   
ဗုဒ္ဓဟူးနေ့တွင် #အကြမ်းဖက်မှု_ဆန့်ကျင်ရေးအက်ဥပဒေအရ တားမြစ်ပိတ်ပင်ခြင်းခံရသော အစ္စလာမ်မစ်အုပ်စုက #ဘာသာရေးစော်ကားမှုအဖြစ် ဖော်ပြကာ စုဝေးချီတက်ကြွေးကြော်မှုများ ပြုလုပ်ခဲ့ကြသည်။ လွန်ခဲ့သည့် နိုဝင်ဘာလတွင် #ပြင်သစ်သမ္မတအီမန်နျူရယ်_မက်ခွန်က တမန်တော်မိုဟာမက်အား ကာတွန်းပုံများအဖြစ် ဖော်ပြခြင်းကို ရှုတ်ချရန် ငြင်းပယ်၍ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်ကို ထောက်ခံကြောင်း မိန့်ခွန်းပြောကြားသည်။ ၎င်းနောက်ပိုင်း ပါကစ္စတန်နိုင်ငံတွင် ပြင်သစ်သံအမတ်အား နှင်ထုတ်ရန်နှင့် ပြင်သစ်ကုန်ပစ္စည်းအားလုံးတို့အပေါ် တားမြစ်ရန် တောင်းဆိုမှုများ ဖြစ်ပေါ်ခဲ့သည်။

…   
ထိုစဉ်ကတည်းက တာရစ်အီးလက်ဘိုက်အုပ်စုက အဝေးပြေးလမ်းမကြီးများကို ပိတ်ဆို့ကာ အစိုးရအနေဖြင့် တောင်းဆိုချက်များအား စဉ်းစားဆုံးဖြတ်ရန်၊ လိုက်လျောခြင်းမပြုပါက ၂၀၂၁-ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် ကန့်ကွက်ဆန္ဒပြမှုများ စတင်ရလိမ့်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့သည်။ သို့သော်လည်း ပြီးခဲ့သည့် တနင်္လာနေ့တွင် အာဏာပိုင်များက အုပ်စုခေါင်းဆောင်ကို ဖမ်းဆီးလိုက်သည့်အတွက် ဆန္ဒပြမှုများ အသစ်တဖန် ဖြစ်ပွားခဲ့သည်။

…  
ဗုဒ္ဓဟူးနေ့တွင် တာရစ်အီးလက်ဘိုက်တို့ ဦးဆောင်သည့် အဓိကရုန်းများအတွင်း ဆန္ဒပြသူများလက်ချက်ဖြင့် ရဲတပ်ဖွဲ့ဝင် ၂-ဦး သေဆုံးပြီး လူ ၃၄၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု #ပါကစ္စတန်ပြည်ထဲရေးဝန်ကြီးက အတည်ပြု ပြောကြားသည်။

(((Russia Today., 15 Apr, 2021,” France calls on nationals to leave Pakistan, citing ‘serious threats’ to their security amid deadly anti-French protests.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

#ပါကစ္စတန်_ပြင်သစ်ဆန့်ကျင်ရေးအဓိကရုန်း_ရဲ_၂-ဦးသေဆုံး၍_၃၄၀ကျော်ဒဏ်ရာရရှိ
#ပြင်သစ်နိုင်ငံသားများ_ပါကစ္စတန်မှ_ထွက်ခွာကြရန်_သံရုံးသတိပေး

https://www.rt.com/news/521035-antifrance-party-outlawed-pakistan-terrorism/
https://www.rt.com/news/520893-pakistani-health-officials-covid-anti-french-protestors/
https://www.rt.com/news/521102-pakistan-france-protest-nationals-leave/

Leave a Reply

Your email address will not be published.