ပါကစ္စတန် လူစီးရထား ပြင်းထန်စွာမီးလောင်မှု့ဖြစ်၍ လူ ၇၀ သေဆုံး။ ရထားခုတ်မောင်းနေစဉ် ကြက်ဥကြော်ရာမှ ဓါတ်ငွေ့အိုးပေါက်ကွဲ

ပါကစ္စတန်အရှေ့ပိုင်းတွင် လူစီးရထားမီးလောင်ကျွမ်းမှုဖြစ်ပွားရာ ရထားတွဲများစွာ မီးလောင်ဆုံးရှုံးခဲ့ရပြီး လူ ၇၀ သေဆုံးသည်ဟု Russia Today က ယနေ့ရေးသားသည်။

ကရာချိမှ ပန်ဂျပ်ပြည်နယ်အရှေ့ပိုင်း ရာဝယ်ပင်ဒီမြို့သို့ ထွက်ခွာလာသည့် မီးရထားသည် လူအပြည့်လိုက်ပါလာ၍ ခုတ်မောင်းနေခိုက် ရထားတွဲအတွင်း ဓါတ်ငွေ့အိုးပေါက်ကွဲမှု့ကြောင့် မီးလောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရှိရသည်။

ခရီးသည်တစ်စုက ဓါတ်ငွေ့အိုးအသုံးပြု၍ ကြက်ဥကြော်စဉ် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ဆီနှင့် ဓါတ်ငွေ့များ လျှင်မြန်စွာ ပြန့်နှံ့ မီးလောင်ခဲ့သည်ဆို၏။

ပြင်းထန်စွာ မီးလောင်ကျွမ်းမှုကြောင့် ရထားတွဲ ၃-တွဲ လုံးဝပျက်စီးသွားရသည်။ သေဆုံးသူအများစုမှာ ခုတ်မောင်းနေသော ရထားပေါ်မှ ခုန်ချစဉ် ဒါဏ်ရာရရှိသဖြင့် သေဆုံးရဖြစ်ကြောင်း မီးလောင်ရာသို့ မီးသတ်ကားမျာနှင့်အတူ စစ်ဖက်ရဟတ်ယာဉ်များ ဝဲပျံလျှက်ရှိသည်ကို တွေ့ရှိရကြောင်း သတင်း၌ ဖော်ပြသည်။

#ပါကစ္စတန် #လူစီးရထားမီးလောင်ကျွမ်း၍လူသေဆုံး

((( အောက်တိုဘာ – ၃၁၊ ၂၀၁၉ Russia Today., 31 Oct, 2019, “ Devastating fire kills 70 passengers as gas stove explodes on board packed train in Pakistan (VIDEOS).” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.rt.com/news/472260-pakistan-train-fire-explosion

0

Leave a Reply

Your email address will not be published.