ပါကစ္စတန်-အိန္ဒိယ၌ ကျိုင်းကောင်အုပ်ကြီး စတင်ကျရောက်၊ နှစ်- ၅၀ ကျော် မကြုံ စဖူး သီးနှံဖျက်ပိုးအန္တရာယ် စောင့်ကြည့်ကြရန် ဘင်္ဂလားဒက်ရှ် နှိုးဆော်။ အာဖရိကမှ ကျိုင်းကောင်အုပ်ကြီးတို့ အရှေ့အလယ်ပိုင်းနှင့် အာရှဒေသများသို့ ဆက်လက်ပျံ့နှံဖွယ်ရှိ

 ပါကစ္စတန်-အိန္ဒိယ၌ ကျိုင်းကောင်အုပ်ကြီး စတင်ကျရောက်လျှက်ရှိစဉ် ဘင်္ဂလားဒက်ရှ်၌ နှစ်- ၅၀ ကျော်အတွင်း မကြုံခဲ့ဖူးသည့် အလားတူအန္တရယ်ကျရောက်နိုင်သည်ကို စောင့်ကြည့်ကြရန် ကမ္ဘာ့ကုလသမဂ္ဂစားနပ် ရိက္ခာအဖွဲ့ FAO က တိုက်တွန်းလိုက်သည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။

ယခုလစောစောပိုင်း ပါကစ္စတန်၌ ကျိုင်းကောင်ဖျက်ဆီးမှု အမျိုးသားအရေးပေါ်အခြေအနေသတ်မှတ်ကြောင်း ကြေညာခဲ့ရပြီး၊ အိန္ဒိယကလည်း ကျရောက်လာမည့် သီးနှံဖျက်ပိုးအသစ်အတွက် စောင့် ကြည့်ရန်နှင့် ပိုးသတ်ဆေးဖျန်းရန် ဒရုန်းလေယာဉ်များ၊ အထူးသီးသန့်ပစ္စည်းနှင့် ကိရိယာများ စတင်ဖြည့်တင်းခဲ့သည်။ တရုတ်ကလည်း ပြင်ဆင်လျှက်ရှိသည်။

ကျိုင်းကောင်မှာ နှံကောင်ဟု ယေဘူယျခေါ်ဆိုကြသည့် ရှည်လျားကြီးမားသော နောက်ခြေထောက်များ အသုံးပြုလျှက် ခုန်ကန်သွားတတ်သည့် အင်းဆက်အုပ်စုကြီး၌ ပါဝင်သည်။ ၁ စတုရန်းကီလိုမီတာဧရိယာ အရွယ်အစားရှိသည့် ကျိုင်းကောင်အုပ်စုကြီးတွင် ကျိုင်းကောင်ရေ သန်း ၄၀ ခန့်ပါဝင်ပြီး အလားတူအကျယ်အဝန်း ရှိ စိုက်ပျိုးမြေပေါ်မှ လူ ၃၅,၀၀၀ တို့အတွက် ၁-ရက်စာ စားနပ်ရိက္ခာတို့ကို ဖျက်ဆီးစားသောက်သည်။

 အရှေ့အာဖရိကနိုင်ငံများသည် ကျိုင်းကောင်နှိမ်နင်းရန် FAO , ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ အကူအညီကို ရယူခဲ့ရပြီး အမေရိကန်ဒေါ်လာ ၇၆-သန်းခန့် ကုန်ကျခံခဲ့ရသည်။ အာဖရိကဒေသအတွင်း စားနပ်ရိက္ခာလုံခြုံရေးကို ခြိမ်းခြောက်လျှက်ရှိသော ကျိုင်းကောင်အုပ်ကြီးသည် အရှေ့အလယ်ပိုင်း ပါရှားပင်လယ် ကွေ့သို့ ဆက်လက်ပျံံ့နှံ့သည်။

ဖေဖော်ဝါရီ ၂၀-ရက်နေ့တွင် ကူဝိတ်- ဘာရိန်း- ကာတာနှင့် အီရန်အနောက်တောင်ဖက်ဒေသများသို့ ရောက်ရှိလာသည်မှာ တောင်လေစီးကြောင်းအတိုင်း ဖြစ်ပုံရကြောင်း FAO ကျိုင်းကောင်စောင့်ကြည့်သူများက ပြောဆိုသည်။ ကင်ညာ၊ အီသီယိုပီးယားနှင့် ဆိုမာလီ စသည့်အာဖရိကအရှေ့ပိုင်းနိုင်ငံများ၌ ကျိုင်းကောင်ဖျက်ဆီးမှု ကပ်ဘေးကို ကျယ်ပြန့်စွာခံစားနေရစဉ် မျိုးဆက်သစ် အရွယ်မရောက်သေးသည့် ကျိုင်းကောင်အုပ်စုကြီးများမှာ အခြားဒေသများသို့ ပျံ့နှံ့ခြင်းဖြင့် သီးနှံတို့ကို ဖျက်ဆီးရန် ခြိမ်းခြောက်လျှက်ရှိသည်။

 (( အများသိရှိသည့်အတိုင်း ယခုအခါ ကမ္ဘာ့အရှေ့ပိုင်း တရုတ်နိုင်ငံမှ စတင်သည် ကိုရိုနာဗိုင်းရပ်စ်စွဲ ဖျားနာလူသေဆုံးလျှက်ရှိသည်။ အထူးသဖြင့် ကမ္ဘာ့မြောက်ပိုင်းနိုင်ငံတကာတစ်လွှားပျံ့နှံ့လျှက် ” ရောဂါဘေးကြောင့် ပျက်စီးခြင်း ရောဂန္တရကပ်” အဖြစ် ခြိမ်းခြောက်လျှက်ရှိသည်။

တစ်ပြိုင်နက်တည်းမှာပင် ကမ္ဘာ့အလယ်ပိုင်း အာဖရိကမှ စတင်သည့် ကျိုင်းကောင်အုပ်ကြီးတို့က လူသားတို့ စားနပ်ရိက္ခာကို လုယက်ဖျက်ဆီးကာ “ငတ်မွတ်ဘေးကြောင့် ပျက်စီးခြင်း ဒုဗ္ဘိက္ခန္တရကပ် “ ဆိုက်ရောက်တော့မည်ဟု နိမိတ်ပြလျှက်ရှိပါတော့သည်။

လွန်ခဲ့သော လများအတွင်း ကျွန်ုပ်တို့ကမ္ဘာကြီး၏ အနောက်ပိုင်း တောင်အမေရိကတိုက်တွင် အမေဇုံတောမီး အကြီးအကျယ်လောင်ကျွမ်းခဲ့သည်။ ကမ္ဘာ့တောင်ဖက် သြစတေးလျတိုက်တွင် ကြီးမားကျယ်ပြန့်သော ခြုံရိုင်းမီးကြောင့် တောနေတိရိစ္ဆာန် သန်းချီသေဆုံးရသည်။

ထိုသို့ ဖြစ်ရသည်တို့တွင် “ကမ္ဘာမြေရာသီဥတုပြောင်းလဲခြင်း” မှာ အကြောင်းရင်းတစ်ရပ်ဖြစ်လိမ့်မည်ဟု ကျွန် တော် ဉာဏ်မီပါ၏။ ကမ္ဘာမြေရာသီဥတုပြောင်းလဲခြင်းဟုဆို၍ ကျောက်မီးသွေးစက်ရုံနှင့် ရေအားလျှပ်စစ်ထုတ်ယူမည့် ဆည်များကိုကန့်ကွက်ရန် မျက်စိထဲ တန်းမြင်ကြမည်ထင်သည်။

လူ့အဆောက်အအုံကြီးမားလာ၍ လူနေမှု့အဆင့်မြှင့် တင်ရာတွင် “ လျှပ်စစ်စွမ်းအင်ရရှိမှု “ အပေါ် လုံး၀ တည်မှီလျှက်ရှိသည်။ လေအား- နေရောင်ခြည်တို့မှ ရရှိသော စွမ်းအင်သည် သဘာဝပတ်ဝန်းကျင်ကို သိပ်မထိခိုက်၊ ပြန်လည်ပြည်ဖြိုး မြဲစွမ်းအင်ဟု ဆိုသော်လည်း အတော်ကြီးကြီးစက်ရုံဆောက်မှ စွမ်းအင်နည်းနည်းသာ ထုတ်ယူနိုင်သေးသည်။

ကျောက်မီးသွေးနှင့် ရေအားမှ လျှပ်စစ်ထုတ်ယူလျှင် ခပ်သေးသေးနှင့် စွမ်းအင်အတော်အသင့် ရရှိနိုင်သော်လည်း သဘာဝပတ်ဝန်းကျင်ကို သိသာစွာ ပျက်စီးစေသည်။ ဂျာမနီကဲ့သို့ ကျောက်မီးသွေးများများထွက်သော တိုင်းပြည်တွင် ၂၀၃၅-ခုနှစ်ရောက်မှ ပြန်လည်ပြည်ဖြိုးမြဲစွမ်းအင်ကို အပြည့်အဝသုံးနိုင်မည်ဖြစ်ပြီး ကျောက်မီးသွေးစက်ရုံများ ရပ်ဆိုင်းနိုင်မည်။ ၂၀၀၇-မှ စတင်ကာ ကျောက်မီးသွေးစက်ရုံ ၂၆ ရုံ ဖွင့်လှစ်ရန် လျှာထားပြီး မကြာသေးမီအထိ အသစ်ဖွင့်လှစ်လျှက်ရှိသည်။

ရေနံသဘာဝဓါတ်ငွေ့ရင်းမြစ်မရှိ ကျောက်မီးသွေးလည်းမထွက်သော ဘင်္ဂလားဒက်ရှ်သည် အင်ဒိုနီးရှားမှ တင်သွင်းသော ကျောက်မီးသွေးဖြင့် ယခုနှစ် ဇန်နဝါရီ ၁၃-ရက်နေ့တွင် ပထမဆုံးနှင့် အကြီးဆုံးစွမ်းအင်စက်ရုံမှ လျှပ်စစ် ၂၅၀ မဂ္ဂါဝပ်ရရှိသည်။ နောက်ထပ် လျှပ်စစ် ၁,၃၂၀ မဂ္ဂါဝပ်ရယူမည့် ဒုတိယမြောက်ကျောက်မီးသွေးစွမ်းအင်စက်ရုံကို ယခုနှစ် ဒီဇင်ဘာတွင် ဖွင့်လှစ်ရန်ရှိနေသေးသည်။

နိုင်ငံအတော်များများမှာ ကျောက်မီးသွေးစက်ရုံနှင့် ဆည်ဆောက်လို့ ကောင်းတုန်းရှိသေးသည်။ ထိုစက်ရုံတို့နှင့်အတူ ပြန်လည်ပြည်ဖြိုးမြဲစွမ်းအင်ထုတ်စက်ရုံများပါ တစ်ပြိုင်နက်တည်ဆောက်ကြခြင်းဖြစ်သည်။ နိုင်ငံတကာအဆင့် လိုက်နာရမည့် တားဆီးမှု့မတိုင်မီ ကျောက်မီးသွေးစက်ရုံ တို့ကို အမြန်တည်ဆောက်၍ စွမ်းအင်များများထုတ်ယူရန်ဖြစ်သည်။ မိမိတို့နိုင်ငံ စီးပွားတိုးတက်ဖွံံ့ဖြိုးမှု့ကို တုန့်နှေး/ထိုးကျသွားစေခြင်းကို မည်သို့မျှ ခံနိုင်ရည် မရှိကြပါ။ ဂျပန်ကဲ့သို့ ကမ္ဘာ့တတိအကြီးဆုံး စီးပွားရေးနိုင်ငံကြီးပင် ကျောက်မီးသွေးဖက်သို့ ခြေဦးလှည့်ရန် ပြင်ဆင်နေကြောင်း Vox ( ဖေ-၁၈၊ ၂၀၂၀ ) က ဆိုပါသည်။

နိုင်ငံတကာစွမ်းအင် အေဂျင်စီ International Energy Agency ( IEA ) ၏ ၂၀၁၅ အတွက် အစီရင်ခံစာအရ ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ဓါတ်ငွေ့ထုတ်လွှတ်မှု၌ မြန်မာသည် တရုတ် ၂၈% ၊ အိန္ဒိယ၆% အများဆုံး ၂-နိုင်ငံ အကြား ရောက်ရှိနေသည်။

 မြန်မာတွင် ရေကြီးရေလျှံ၊ မုတ်သုန် ဝင်ထွက်ချိန် မမှန်ခြင်းနှင့် ဖြစ်မြဲအတိုင်းမဟုတ်သော ရာသီဥတုပြောင်းလဲခြင်းကိုပါ ရင်ဆိုင်နေရသည်။ ၎င်းမှာ သစ်တောများပြုန်းတီးခြင်း၏ ရလာဒ်တစ်ခုဖြစ်သည်။ သို့သော် #မြန်မာတစ်နိုင်ငံတည်းကျောက်မီးသွေးနှင့်ရေအားလျှပ်စစ်ကိုတားဆီးနေယုံနှင့်ရာသီဥတုပြန်ကောင်းမလာနိုင်ပါ။ မိုးလေဝသဖြစ်စဉ်သည် ခြံခတ်မထားပါ၍#အိမ်နီးချင်းနိုင်ငံတို့ကထုတ်လွှတ်သောကာဗွန်ဒိုင်အောက်ဆိုက်ကိုမြန်မာကလည်းမျှဝေခံစားရမည်သာဖြစ်သည်။

ဤတွင် သူတို့လုပ်သလို မြန်မာကသာ ကျောက်မီးသွေးနှင့် ရေအားလျှပ်စစ်ထုတ်ယူနေလျှင် ကမ္ဘာကြီးမှ စောစီးစွာ ပူနွေးသွားပါလိမ့်မည်။ ထို့ကြောင့် NGO, CSO တို့က နှပ်ကြောင်းပေးစေပြီး မီဒီယာတို့က ဖွခြင်းဖြင့် ဦးနှောက်နှင့် ရေပြွတ်နေရာချင်းမှားလာသူတို့အား မြှောက်ပေးရန်သာ လိုအပ်သည်။

ကျွန်ုပ်တို့၏ ခန္ဓာကိုယ်တွင်း ကလီစာများသည် စားသမျှတွင် ပါဝင်သော အဆိပ်တို့ကို စစ်ထုတ်ပေးနိုင်သည်။ ရောဂါပိုးမွှားတို့ကို ခုခံနိုင်မည့် အံ့သြဖွယ် ကိုယ်ခံအားရှိနေသည်။

မွေးသည်မှ သေဆုံးချိန်အထိ ဖြစ်လာလျှင်လည်း ခါးစည်းခံ၍ အကောင်းဆုံးကိုသာပိုင်ဆိုင်နိုင်ခြင်းမရှိလျှင် မျောက်သာသာ ကုန်းကုန်း ကုန်းကုန်း လမ်းလျှောက်သောအဆင့်မှာပင် လူသား မျိုးပြုတ်သွားမည်ဖြစ်သည်။ ။ သတင်းဘာသာပြန်သူ ))

 ((( Dhaka Tribune., 25 Feb. 2020, “Bangladesh on the locust watch.” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ကျိုင်းကောင်ပါကစ္စတန်-အိန္ဒိယ-ဘင်္ဂလားဒက်ရှ်-တရုတ် #ကမ္ဘာမြေရာသီဥတုပြေင်းလဲခြင်း #ကျောက်မီးသွေးစွမ်းအင်စက်ရုံ

https://www.dhakatribune.com/bangladesh/2020/02/25/bangladesh-on-the-locust-watch https://www.dhakatribune.com/bangladesh/power-energy/2019/11/13/prime-minister-inaugurates-7-power-plants https://www.thedailystar.net/frontpage/news/payra-coal-power-plant-takes-1853791 https://www.thedailystar.net/frontpage/news/30-coal-run-power-plants-carbon-bomb-ticking-country-1824199 https://www.thedailystar.net/business/news/bangladeshs-energy-diplomacy-looking-back-and-way-forward-1870903 http://cornerstonemag.net/the-flexibility-of-german-coal-fired-power-plants-amid-increased-renewables/ https://www.rt.com/news/462485-germany-coal-protest-video/ https://www.vox.com/2020/2/18/21128205/climate-change-japan-coal-energy-emissions-pikachu

0

Leave a Reply

Your email address will not be published.