ပုဂံခေတ်တည်းက ရှိခဲ့တဲ့ ပြည်တွင်းစစ်

..

အခါတစ်ပါး၌ စောလူးဘုရင်နှင့် ငယ်မိတ်ဆွေ ငရမန်ကန်းတို့ ကြွေကစားကြသောပွဲတွင် အနိုင်ရသော ငရမန်က လက်ခမောင်း ခတ်သောဟူ၏။

..

ကြွေပွဲနိုင်ယုံမျှနှင့် လက်ခမောင်းခတ်ဝံ့လျှင် အသင်စားသော နယ်မြေများမှ ပုန်ကန်ရဲသလား ဟု စောလူး ဘုရင်က မခံချိ မခံသာ ဆိုလေသည်။

..

ငရမန်လည်း “ အကယ်လား.. “ ဟု ဆို၍ ကြွေပွဲမှ ပြန်သည်နှင့် စစ်ပြင်လေသည်။

..

..

ပုဂံရာဇဝင် တုတ်ထမ်း ဒါးထမ်းပြောဆိုနေရချိန်၌ ကျွန်တော့်အနေနှင့် ဖတ်မှတ်ဖူးသမျှ အကျယ်တဝံ့ မပြောလိုပါ။

..

..

#ပြည်သူလူထု_တင်မြှောက်ထားသည့်_အစိုးရ.. #ပြည်သူ့အစိုးရဖြစ်၍_လုပ်သမျှ မှန်သည် .. ပြောသမျှ တင့်တယ်သည်ဆိုခြင်းမှာ

..

.. နိုင်ငံတကာတွင် နှစ်ပေါင်း ၃၀၀ ခန့် သမိုင်း၌သာ ကျန်ရှိနေတော့သည်။

..

.. အတိုက်အခံပါတီ ရုံးချုပ်အတွင်း လျှို့ဝှက်အသံဖမ်းစက်တပ်ဆင်ခဲ့သည့် #ဝါးတားဂိတ် အရေးအခင်းသည်၎င်း၊

..

.. မိမိတို့၏ ဖမ်းဆီးခံထားရသော သံရုံးဓါးစာခံများ လွတ်မြောက်ရေး မှန်ကန်သော်လည်း ကွန်ဂရက်က အတည်ပြုထားသည့် ထောက်ပံ့ရေးအား ဆန့်ကျင်ဘက်နိုင်ငံသို့ လက်နက်အဖြစ် ပေးအပ်မိသော #အီရန်ကွန်ထရာ အရေးအခင်းတို့ကြောင့် အာဏာရ အမေရိကန်သမ္မတလည်း နှုတ်ထွက်ရတော့သည်။

..

ဆန္ဒမဲစံနစ် ဒီမိုကရေစီဆိုသည်မှာ ၄၅ % သာ မဲရသောသူတို့ကို ၅၅% မဲရသူတို့က အုပ်ချုပ်စီမံခြင်းဖြစ်၏။

..

ထို့ကြောင့် တစ်ဖက်သား၏ ဆန္ဒနှင့် အသံတို့ကို နားထောင်ညှိနိုင်းခြင်းဖြင့် အမေရိကန်လိုနိုင်ငံမျိုးတွင် ပြည်တွင်းစစ် နောက်ထပ်ဖြစ်ရန် မရှိတော့ချေ။

..

#မကြေနပ်လျှင်_သူပုန်ထလိုက် ဆိုသည်ကို ရှင်းလင်းစွာ ပြန်လည်မြင်တွေ့ရသည်မှာ ဖဆပလအစိုးရခေတ်တည်းကဖြစ်၏။

..

..

အစဉ်လေးစားစွာဖြင့်

..

#HtayOung, #OungMarine

0

Leave a Reply

Your email address will not be published.