ပူးတွဲ စစ်ရေးလေ့ကျင့်ရန် တရုတ်တပ်များ ပါကစ္စတန်သို့ ရောက်ရှိလာ၊ ကက်ရှ်မီးယား ပါကစ္စတန်ထိန်းချုပ်နယ်စပ်တွင် တရုတ်တပ်များ အလုံးအရင်းဖြင့် စစ်ရေးလေ့ကျင့်

နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်ရန်အတွက် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ကြည်းတပ်နှင့် လေ တပ် တပ်ဖွဲ့ဝင်များ လွန်ခဲ့သည့် စနေနေ့တွင် ပါကစ္စတန်နိုင်ငံသို့ ရောက်ရှိလာကြောင်း စစ်ရေးလေ့လာသူ Rebecca Rambar က ၎င်း၏ Twitter စာမျက်နှာ၌ ယနေ့ ရေးသားလွှင့်တင်သည်ကို တွေ့ရှိရသည်။ ၅-ရက်ကြာမြင့်မည့် အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်ရာ၌ ကုန်းတွင်းနှင့်လေကြောင်းဆိုင်ရာ စစ်ရေးလေ့ကျင့်ခန်းများကို ကျည်အစစ်များအသုံးပြု၍ လေ့ကျင့်ကြမည်ဖြစ်ကြောင်း သတင်း၌ဖော်ပြသည်။

ပါကစ္စတန်တပ်မတော်သည် ၂၀၁၄-ခုနှစ်တွင် အီရန်နှင့် ပါရှားပင်လယ်ကွေ့ ဟော်မုဇ်ရေလက်ကြား၌၎င်း၊ ၂၀၁၅-ခုနှစ်တွင် ဆော်ဒီအာရေးဗီးယားနှင့်၎င်း၊ ၂၀၁၅-ခုနှစ်၌ပင် တူရကီနှင့်လေကြောင်း စစ်ရေးလေ့ကျင့်မှု့ များ ပြုလုပ်ခဲ့သည်ကိုတွေ့ရှိရသည်။

ပါကစ္စတန်-တရုတ်အထူးတပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင့်ခြင်းကို ၂၀၁၉-ခုနှစ် ဇန်နဝါရီလတွင် ရက်သတ္တ ၄-ပတ်ကြာ ကျင်းပခဲ့သည်။ Warrior –VI 2018 “ စစ်သည်တော် – ၆ “အမည်ရှိ အဆိုပါ စစ်ရေးလေ့ကျင့်မှု့သည် ပိုင်ဆိုင်မှု့ အငြင်းပွား ကက်ရှ်မီးယား၏ ပါကစ္စတန်ထိန်းချုပ်နယ်မြေနှင့် ထိစပ်လျှက်ရှိသော Kharian “ ခါရိန်း “ ဒေသ၌ ပြုလုပ်ခြင်းဖြစ်ပြီး နှစ်နိုင်ငံအကြား ၆-ကြိမ်မြောက် စစ်ရေးလေ့ကျင့်မှု့ဖြစ်ကြောင်း၊ ယခင်နှစ် ဒီဇင်ဘာလတွင် တရုတ်လေတပ်မတော်သည် ပါကစ္စတန်တိုက်လေယာဉ်များနှင့် ပူးတွဲ၍ Shaheen VII “ ရှာဟင်း – ၇ “ ကိုလည်း အောင်မြင်စွာ စစ်ရေးလေ့ကျင့်ခဲ့ကြသည်ဟု Daily Pakistan က ယခုနှစ် ဇန်နဝါရီ ၇-ရက်နေ့တွင် ရေးသားဖော်ပြခဲ့သည်။

အပြန်အလှန်အနေဖြင့် အိန္ဒိယတပ်မတော်ကလည်း တရုတ်နယ်စပ် ရာဂျတ်စတန် သဲကန္တာရရှိ “ အူထရာခန်းဒေသ “ တွင် စစ်ရေးလေ့ကျင့်မှု့ပြုလုပ်သည်ကိုတွေ့ရှိရသည်။ “ သိန္ဒုဆုဒါရှန် – ၇ “ အမည်ရှိ စစ်ရေးလေ့ကျင့်ပွဲကို လွန်ခဲ့သည့် နိုဝင်ဘာ – ၁၃ ရက်မှ ၁၈ ရက်နေ့ အထိကျင်းပပြုလုပ်ရာ၌ အိန္ဒိယလေတပ်မတော်၊ သံချပ်ကာယန္တယားတပ်များ၊ အမြောက်ကြီးများ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်များ၊ လေကြောင်းချီ အထူးတပ်ဖွဲ့များက ပါကစ္စတန်နယ်စပ်မှ ခြေမြန်တပ်ရင်း-တပ်ဖွဲ့များနှင့်ပူးပေါင်းလျှက် အင်အား ၄၀,၀၀၀ ဖြင့် စစ်ရေးလေ့ကျင့်ခဲ့ ကြောင်း အိန္ဒိယအခြေစိုက် The Economic Times က နို-၁၂၊ ၂၀၁၉ ရက်နေ့တွင် ဖော်ပြသည်။

နိုဝင်ဘာ ၁၃-မှ ၁၆ ရက်နေ့အထိ အိန္ဒိယအရှေ့ပိုင်း “ ဝိသာခါပတ္တနမ် “ ပင်လယ်ဆိပ်ကမ်း၌ အိန္ဒိယရေတပ်စစ်ရေးလေ့ကျင့်ရာတွင်မူ အမေရိကန်ရေတပ်မတော် စစ်သင်္ဘော Germantown မှ တပ်ဖွဲ့ဝင်များ လေ့လာသူအဖြစ် တက်ရောက်သည်ကို တွေ့ရသည်။

(( ပထဝီနိုင်ငံရေးအပြောင်းအလဲအနေနှင့် မကြာသေးမီက သီရိလင်္ကာသမ္မတအဖြစ်ရွေးကောက်ခံရသူ ဂိုတာဘာရာ ရာဂျာပက်စကာသည် ၎င်းနိုင်ငံအတွင်း အိန္ဒိယနှင့် အနောက်နိုင်ငံတို့က ရင်းနှီးမြှုပ်နှံများ မပြုလုပ်ပါက တရုတ်၏ ငွေကြေးအကူအညီကိုသာ ရှာဖွေရတော့မည်ဖြစ်ကြောင်း သတိပေးသည်ဟု Strait Times က ယမန်နေ့ရေးသားသည်။ သိဂီလင်္ကာသည် အစဉ်အလာအားဖြင့် အိန္ဒိယ၏ မဟာမိတ်ဖြစ်သော်လည်း လက်ရှိသမ္မတ၏ အကိုရင်းဖြစ်သူ မဟိန္ဒြာရာဂျာပက်စကာသမ္မတ ရာထူးတာဝန်ထမ်းဆောင်ခိုက် ( ၂၀၀၅- ၂၀၁၅ ခုနှစ် ) တွင် တရုတ်ထံမှ ချေးငွေ အမေရိကန်ဒေါ်လာ ၇-ဘီလျံရယူခဲ့သည်။

သို့သော် ချေးငွေများကို အချိန်မီပြန်မဆပ်နိုင်ခြင်းကြောင့် နိုင်ငံတောင်ပိုင်း ဟန်ဘန်တိုတာဆိပ်ကမ်းအား တရုတ်လက်သို့ ၉၉ နှစ်အငှားစာချုပ်ဖြင့် ထိုးအပ်ခဲ့ရပြီး၊ ဆိပ်ကမ်းလည်ပတ်မှု့အကျိုးခံစားခွင့် ၇၀ ရာနှုန်းကိုလည်းပေးအပ်ခဲ့ရသည်။

တရုတ်၏ သမိုင်းစဉ်လာ ရန်သူ ဂျပန်နှင့် ၂၀၀၈-ခုနှစ်မှ စတင်ကာ စစ်ရေးပေါင်းစည်းမှု့ တိုးမြှင့်လာသော အိန္ဒိယသည် သီရိလင်္ကာသို့ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ချေးငှားမည့်အကြောင်း သတင်းထုတ်ပြန်သည်ဟု bdnews24 က နိုဝင်ဘာ ၂၊ ၂၀၁၉ ၌ ရေးသားသည်။

အများသိပြီးဖြစ်သည့်အတိုင်း ကမ္ဘာအရပ်ရပ် အချို့စစ်ပွဲများသည် နိုင်ငံကြီးများ၏ ကိုယ်စားပြုစစ်ပွဲ Proxy War သာလျှင်ဖြစ်ပါသည်။ ဥပမာအားဖြင့် ဆီးရီးယားပြည်တွင်းစစ်သည် ကမ္ဘာ့နိုင်ငံကြီးများနှင့် ဆွန်နီ-ရှီအာမွတ်စလင်ဂိုဏ်းကွဲတို့ ကိုယ့်နိုင်ငံအတွင်း စစ်မခင်းပဲ ဆီးရီးယား၌ အားပြိုင်နေကြခြင်းဖြစ်သည်။

ပထဝီနိုင်ငံရေးအရ မဟာဗျူဟာမြောက်အနေအထားတွင် တည်ရှိသည့် ဆီးရီးယားအတွက်မူ ကိုယ့်အစိုးရကို လက်နက်ကိုင် ဖယ်ရှားလိုခြင်းဖြင့် စစ်ကို ခေါ်မီရာမှ လူပေါင်းသိန်းချီအသက်ဆုံးရှုံးရပြီး၊ သန်းပေါင်းများစွာ စစ်ပြေးဒုက္ခသည်ဖြစ်ရသည်။ အရှေ့အနောက်ထိစပ်ရာ ရှေးဟောင်းသမိုင်းအမွေအနှစ် ကြွယ်ဝလှသော ဆီးရီးယားရှိ ဘာသာရေး၊ ယဉ်ကျေးမှု့အဆောက်အအုံများလည်း မြေမှုန်ဖြစ်ရတော့သည်။

ပထဝီနိုင်ငံရေးအချက်အချာကျလှသော နေရာဒေသရှိနိုင်ငံတို့သည် ပြည်ပသြဇာလွှမ်းမခံ သို့မဟုတ် Proxy War အခင်းမခံလိုလျှင် ပြည်တွင်းစည်းလုံးမှု့နှင့် စစ်ရေး-စီးပွားရေး တောင့်တင်းရန်လိုအပ်ပါသည်။ ထိုအတွက် ငွေလိုအပ်သဖြင့် အကြေအလည် ပြန်ဆပ်နိုင်မည့်ပုံပေါ်ပါက ငွေချေးမည့်သူ ရှိနိုင်သည်။ ကြွေးဆုံး ဖြစ်လောက်သည်ထင်လျှင် ပိုက်ဆံအစား စစ်ပွဲကို ထိုးထည့်ပေးခံရဖွယ်ရှိလေသည်။

မျက်မှောက်ခေတ် ဖွံ့ဖြိုးဆဲနိုင်ငံတို့မှာ အထွေထွေခေတ်နောက်ကျလျှက်ရှိသည်။ သတင်းမီဒီယာလောကတွင် မွေးစားသားများ မွေးမြူထားခြင်း၊ လူတန်းစားအလွှာစုံသာမက မျက်စိထက် တိမ်က ပိုကြီးသော အရောင်မျိုးစုံ သူပုန်တို့၌ပင် ပေးကမ်း ထိုးဖောက် မွှေနှောက်နိုင်သည်ဖြစ်ရာ နိုင်ငံငယ်တစ်နိုင်ငံအတွင်း Proxy War ခင်းရန်မှာ ခဲယဉ်းလှသည် မဟုတ်ချေ။ ။ သတင်းဘာသာပြန်သူ ))

((( Economic Times., 12 Nov, 2019, Over 40,000 troop, tanks, attack helicopters to take part in exercise near Pakistan.” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆို၍ အခြားအကြောင်းအရာတူသတင်းများနှင့် ပေါင်းစပ်ဖော်ပြသည်။ )))

https://pbs.twimg.com/media/EKvu_jZWsAEK2hH?format=jpg&name=4096×4096

http://english.chinamil.com.cn/view/2019-01/07/content_9397803.htm

https://www.dawn.com/news/1216402

https://en.irna.ir/news/2672181/Iran-Pakistan-begin-joint-military-drill-in-Hormuz-Strait

https://economictimes.indiatimes.com/news/defence/china-pakistan-to-hold-joint-naval-drills-in-arabian-sea-next-year/articleshow/72277762.cms

https://economictimes.indiatimes.com/news/defence/over-40000-troop-tanks-attack-helicopters-to-take-part-in-exercise-near-pakistan/articleshow/72027404.cms

https://nationaldefence.in/breaking-news/indian-army-to-hold-exercise-sindu-sudarshan-vii/

https://tribune.com.pk/story/1862822/1-chinese-troops-arrive-pakistan-joint-military-drill-warrior-vi/?__cf_chl_jschl_tk__=f8f830937f3727b459cfb8fab2d2a05de4f80688-1575258921-0-AYLjEcBIw0zVsE24IZAAhlYP-Dh857ZC7asePjcmQpBug0ud1znwAdkU3vLmp1Po1cgrUBRl9sScOlVZ_a_KH900aqLOQDy4wiyWmWh-Cz0CzE07SErdpQFTEz6TVNn9aSoKb8olj8ZwgFJK0-kjZGbE0u0FkXZZBvGYsiDCM9mVZ34_cBiX5Wi9yhN-ReWKzo9j0CMs9NHW2WlT5eD1WfJpk6BqUCqeqAemGZpaFnJ1sOBMD8O4sn6rUwwe2ycv0IVT2Qel4C3Ar7Ya8w4SUwQoBY0viioB0glF9lMAEv-kNNqPBr06IFEzcTtYS748UyZX9dy_a2QsHOPeorCCCjRTQbxzEptbBWfdy-_FsymedBAysMjPNyHHe-MYeUm6tw

https://www.straitstimes.com/asia/south-asia/sri-lanka-president-rajapaksa-warns-india-west-investment-needed-to-keep-china-at

https://myanmar.mmtimes.com/news/112260.html

https://bdnews24.com/neighbours/2019/11/29/india-announces-400-mln-loan-for-sri-lanka-in-support-of-new-president #တရုတ်ပါကစ္စတန်ပူးတွဲစစ်ရေးလေ့ကျင့် #အိန္ဒိယစစ်ရေးလေ့ကျင့် #သီရိလင်္ကာအိန္ဒိယ

1+

Leave a Reply

Your email address will not be published.