ဖမ်းဆီးခံ မြို့တော်ဝန်ကို ရဲအစောင့်အရှောက်ဖြင့် တရားရုံးထုတ်စဉ် လမ်းမပေါ် လူပုံအလည်၌ သေနတ်သမားများက ပစ်သတ်။ မူးယစ်ဆက်နွယ် မြို့တော်ဝန်များ ဆက်တိုက် အသတ်ခံနေရ။

ဖမ်းဆီးခံထားရသော ဖိလစ်ပိုင်နိုင်ငံ မီဆာမစ်ပြည်နယ် ကလာရင်မြို့တော်ဝန်အား စီဘူးမြို့တရားရုံးတော်သို့ ရုံးထုတ်လာစဉ် မြို့လယ်လူစည်ကားရာ လမ်းမပေါ်၌ လူတစ်စုက သေနတ်နှင့်ပစ်ခတ်ခံရ၍ သေဆုံးသည်ဟု Philippine Star က ယမန်နေ့ရေးသားသည်။

အောက်တိုဘာ ၂၅-ရက် မွန်းလွဲ ၀၂း၃၀ နာရီခန့်တွင် အသတ်ခံရသော မင်ဒါနာအိုကျွန်း ကလာရင်မြို့တော်ဝန် ဒေးဗစ်နာဗာရိုသည် စီဘူးကျွန်း စီဘူးမြို့တော်တွင် အနှိပ်ခန်းအလုပ်သမားအား လိင်မဖွယ်မရာပြုလုပ်မှု၊ ထိုး ကြိတ်နာကြင်စေမှုဖြင့် အောက်တိုဘာ ၂၄ ရက်နေ့၌ ဖမ်းဆီးခံထားရခိုက် ယခုကဲ့သို့ အသတ်ခံရခြင်းဖြစ်သည်ဆို၏။

ရဲအစာင့်အရှောက်ဖြင့် မြို့တော်ဝန်စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ်ကို စီဘူးတရားရုံးမရောက်မီ မြို့လယ်လမ်းမပေါ်တွင် မျက်နှာဖုံးစွပ်လူ ၁၀-ဦးခန့်က အခြားမော်တော်ယာဉ်တစ်စီးပေါ်မှ သေနတ်ဖြင့် လိုက်လံပစ်ခတ်ကြသည်။ မြို့တော်ဝန်၏ကား ရပ်တန့်သွားသည့်အခါ သေနတ်သမားများက ရဲတပ်ဖွဲ့ဝင်များအား ခေါင်းငုံ၍ မှောက်နေရန်အမိန့်ပေးပြီး မြို့တော်ဝန်အား ကားပေါ်မှ ဆွဲချ၍ အနီးကပ် ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်ပွားရာတွင် အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၁-ဦး ဒါဏ်ရာရရှိသည်။ မြို့တော်ဝန် ဒေးဗစ်နာဗာရိုသည် ဖိလစ်ပိုင်တွင် အသတ်ခံရသော မြို့တော်ဝန်များအနက် ၁၃-ဦးမြောက်ဖြစ်သည်။ နာဗာရိုသည် သမ္မတဒူတာတီး၏ မတ်လ ၁၄-ရက်နေ့ ထုတ်ပြန်သော မူးယစ်ဆေးနှိမ်နင်းရေးစစ်ဆင်ရေးတွင် မူးယစ်နှင့်ဆက်နွယ်သည့် နိုင်ငံရေးသမား ၄၆-ဦးအနက် အမည်စာရင်း ပါဝင်သူဖြစ်သည်။

ဖိလစ်ပိုင်အစိုးရအဖွဲ့အတွင်း မူးယစ်ဆေးဝါးနှင့် ဆက်နွယ်သည့် အုပ်ချုပ်ရေးအာဏာပိုင်များအား ဖော်ထုတ်ရှင်းလင်းလျှက်ရှိရာ နာဗာရိုမှာ ၂၀၁၇-ခုနှစ်တည်းက ရဲတပ်ဖွဲ့အပေါ် စီမံခန့်ခွဲပိုင်ခွင့် အမိန့်အာဏာရုတ်သိမ်းခံရသူဖြစ်သည်။ နာဗာရိုသည် သမ္မတ၏ မူးယစ်ဆက်နွယ်နိုင်ငံရေးသမားစာရင်းကိစ္စကို ရှင်းလင်းနေခိုက် စီဘူးမြို့တော်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။ ဒေးဗစ်နာဗာရိုက အနှိပ်ခန်းအလုပ်သမားအား လိင်မဖွယ်မရာပြုလုပ်မှုပုံ ထိုးကြိတ်နာကြင်စေပုံတို့ကို CCTV မှတ်တမ်းသက်သေခံများအရ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖိလစ်ပိုင်အား မူးယစ်ဆေးဝါးနိုင်ငံအဖြစ်မှ လွတ်မြောက်စေရမည် ကတိဝတ်ဖြင့် ရွေးကောက်ခြင်းခံရသူ ဒူတာတီးသည် ၂၀၁၆ ဇွန်လ သမ္မတအာဏာရရှိချိန်မှစတင်၍ မူးယစ်ဂိုဏ်းများသောင်းကျန်းမှုကို ကြမ်းတမ်းစွာ နှိမ်နင်းခဲ့သည်။ ၃-နှစ်ကျော် မူးယစ်ဆေးဝါးနှိမ်နင်းမှုစစ်ဆင်ရေးများအတွင် သေဆုံးသူဦးရေမှာ အစိုးရသတင်းထုတ်ပြန်ချက်များအရ ရဲနှင့် စစ်ဖက်တပ်ဖွဲ့ဝင် ၉၂-ဦးအပါအဝင် လူ ၇,၀၀၀ ခန့်ရှိနေပြီး လူ့အခွင့်အရေးနှင့် Whistle Blower အဆိုအရ လူ ၂၀,၀၀၀ ကျော်ရှိခဲ့သည်။

သို့တိုင်အောင် ဖိလစ်ပိုင်၏ မူးယစ်ဆေးပြဿနာမှာ ထိန်းချုပ်မရသေးကြောင်း ဒူတာတီးကိုယ်တိုင် ဝန်ခံခဲ့ရပြီး ဖြစ်သည်။ သမ္မတရိုဒရီဂိုဒူတာတီးမှာလည်း နိုင်ငံတကာဘာသာရေးအဖွဲ့စည်းများ၊ ကုလသမဂ္ဂလူ့အခွင့်အရေးအဖွဲ့၏ စွပ်စွဲကန့်ကွက်ခြင်း၊ နိုင်ငံတကာရာဇဝတ်တရားရုံး ICC ၌ တရားစွဲဆိုခံရမည့်အရေးနှင့် ရင်ဆိုင်နေရသည်။

(( လွန်ခဲ့သည့် အောက်တိုဘာ- ၁၈ ရက်နေ့ မက္ကဆီကိုနိုင်ငံ မက္ကဆီကိုမြို့တော်တွင် မူးယစ်ရာဇာ အယ်လ်ချာပို၏ သားဖြစ်သူ ဂူဇ်မက်လိုပက်ဇ် ဖမ်းဆီးခံရသဖြင့် စီးပွားဖက်ဒုစရိုက်ဂိုဏ်းဝင်များက မက္ကဆီကိုမြို့ တော်တစ်ဝှမ်း စက်သေနတ်များဖြင့် ပစ်ခတ်ရမ်းကားကြသည်။ အပြန်အလှန်ပစ်ခတ်ကြပြီးနောက် စစ်ဖက်နှင့်လုံခြုံရေး တပ်ဖွဲ့ဝင်များပါ ထွက်ပြေးရပြီး မြို့လယ်ကောင်တွင် မော်တော်ကားများ မီးတင်ရှို့ခံရသည်။ နာရီအနည်းငယ်အကြာတွင် ဂူဇ်မက်လိုပက်ဇ်အား မက္ကဆီကိုအစိုးရက ပြန်လွှတ်ပေးခဲ့ရာ နိုင်ငံတကာအံ့အားသင့်စရာဖြစ်ခဲ့ရသည်။

မျက်မှောက်ခေတ် စစ်တလင်းအသွင်လုံးဝသက်ဆင်းလျှက်ရှိသည့် နိုင်ငံများအဖြစ် ဆီးရီးယား၊ အာဖဂန်နစ္စတန်တို့အား လူသိများကြသည်။ သို့သော် မက္ကကိုနိုင်ငံ၏ မူးယစ်ဆေးဆက်နွယ်သည့် လူအသေအပျောက်နှုန်းမှာ အဆိုပါနိုင်ငံများထက် များစွာပိုမိုလျှက်ရှိသည်။

၂၀၀၇ မှ ၂၀၁၈ ခုနှစ်အတွင်း မက္ကဆီကိုနိုင်ငံ လူသတ်ခံရမှုပေါင်း ၁၁၅,၀၀၀ မှု့ဖြစ်ပွားခဲ့ရာ မူးယစ်ဆေးဝါးနှင့် ဆက်နွယ်လျှက်ရှိသည်။ ၎င်းတို့တွင် မြို့တော်ဝန်၊ အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့ဝင်များအပါအဝင် အစိုးရအမှု့ထမ်း ၃၉၇-ဦး ရှိနေပြီး ပျောက်ဆုံးသူချည့်ပင် ၁၃၇-ဦးရှိသည်။

အစွန်းရောက် အကြမ်းဖက်မှုနှင့် မူးယစ်ဆေးဝါး တရားမဝင်ကုန်ကူးမှုသည် နှစ်ပင်လိမ်လျှက်ရှိပြီး စောစီးစွာ နှိမ်နင်းနိုင်ခြင်းမရှိလျှင် ဆန့်ကျင်တိုက်ဖျက်ရန် အလွန်ခဲယဉ်းကြောင်း အကြမ်းဖက်မှုနှင့် လက်နက်ကိုင် ပဋိပက္ခများဆိုင်ရာ သုတေသနပညာရှင်များက အကြိမ်ကြိမ် သတိပေးခဲ့ပြီးဖြစ်သည်။

အစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းများနှင့် မူးယစ်ဆေးဝါးကုန်ကူးသူများသည် သက်ဆိုင်ရာအာဏာပိုင်များအား လာဘ်ထိုးခြင်း နိုင်ငံတစ်နိုင်ငံ အစိုးရ နှစ်ဖွဲ့မက ပုံစံမျိုးဖြစ်သွားရသည်။ အင်အားကြီးနိုင်ငံတို့ကလည်း ကိုယ့်နိုင်ငံအတွင်းမဖြစ်လျှင်ပြီးရော သဘောထားကာ အခြားနိုင်ငံများအတွင်း အစွန်းရောက် အကြမ်းဖက်သတင်းများကို ကိုယ်နှင့်မဆိုင်သလို နေလေ့ရှိကြသည်။ အချို့နိုင်ငံကြီးများဆိုလျှင် အခြားနိုင်ငံအတွင်း မူးယစ်ဆေးဝါးအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးလည်ပတ်စေရန် တမင်ဖန်တီးခြင်းဖြင့် လူမွေးကာ လက်သိပ်ထိုး သြဇာထူထောင်ထားတတ်သည်။

အထောက်အပံ့ယူ သတင်းရေးစားသောမီဒီယာအရေခြုံတို့ကလည်း မူးယစ်ကုန်ကူးသူကို တော်လှန်ရေးသမား သူရဲကောင်းအဖြစ် နာနာအရောင်တင်ပေးတတ်သည်။ ရည်မှန်းချက်ကြီးပြီး အမြတ်အစွန်းအလွန်များသော အစွန်းရောက်အကြမ်းဖက်ခြင်းနှင့် မူးယစ်ဆေးကုန်ကူးမှုတို့သည် ငွေကို လမ်းခင်းနိုင်ပြီး ဘာသာရေး-လူမျိုးရေး- လူ့အခွင့်အရေးကိုလည်း အကာအကွယ်ရယူတတ်ပါသည်။ ဖြိုခွင်းနှိမ်နင်းသူပင်လျှင် သေလျှင်သေ- မသေလျှင်လည်း လူသိရှင်ကြားကြိုးစင်တက်ရကိန်းဆိုက်တော့သည်။ ။ သတင်းဘာသာပြန်သူ ))

((( Philippine Star, October 25, 2019, “Misamis Occidental town Mayor David Navarro, named on ‘narco-list,’ shot dead.” ကို #HtayOung, #OungMarine ဆီလြောျအောငျ ကောကျနှုတျဘာ သာပွနျ ဆိုသညျ။

https://www.philstar.com/headlines/2019/10/25/1963266/misamis-occidental-town-mayor-david-navarro-named-narco-list-shot-dead

https://www.rt.com/news/471808-philippines-mayor-navarro-cebu-killed/

https://www.rt.com/news/399407-duterte-failure-drug-war-philippines/

https://cebudailynews.inquirer.net/266221/clarin-.302m1ayor-david-navarro-shot-dead-in-cebu-city

1+

2 Replies to “ဖမ်းဆီးခံ မြို့တော်ဝန်ကို ရဲအစောင့်အရှောက်ဖြင့် တရားရုံးထုတ်စဉ် လမ်းမပေါ် လူပုံအလည်၌ သေနတ်သမားများက ပစ်သတ်။ မူးယစ်ဆက်နွယ် မြို့တော်ဝန်များ ဆက်တိုက် အသတ်ခံနေရ။”

  1. Autolike, Autolike International, auto like, Auto Like, Autoliker, Photo Liker, autoliker, Status Auto Liker, auto liker, Photo Auto Liker, Status Liker, ZFN Liker, autolike, Autoliker, Working Auto Liker, Increase Likes, Auto Liker

    0
  2. My brother recommended I might like this web site. He was entirely right. This post truly made my day. You can not imagine just how much time I had spent for this info! Thanks!|

    0

Leave a Reply

Your email address will not be published.