ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ပြည်ပဆေးဝါးကုသမှု့ခံယူမည့် အထူးလေယာဉ်ပျက်ကျရာ လိုက်ပါသွားသူအား လုံး သေဆုံးကြောင်း Russia today က ယနေ့ရေးသားသည်။
ပျက်ကျခဲ့သည့် ဂျက်လေယာဉ်မှာ အစ္စရေးနိုင်ငံလုပ် စီးပွားရေးလုပ်ငန်းသုံး The IAI Westwind အမျိုးအစား ခရီးသည်တင် ဂျက်လေယာဉ်ဖြစ်ပြီး ပြည်ပဆေးဝါးကုသမှု့ခံယူမည့် အရေးပေါ်လူနာများအား သယ်ယူပို့ ဆောင်ရာတွင် အသုံးပြုရန် ဖိလစ်ပိုင်အစိုးရက စင်းလုံးငှားရမ်းထားခြင်းးဖြစ်သည်ဆို၏။
Lion လေကြောင်း RP-C5880 အဖြစ် မှတ်ပုံတင်တင်ထားသည့် အဆိုပါ ဂျက်လေယာဉ်သည် ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ဦးတည်လျှက် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ နင်နွိုင်အကီနိုနိုင်ငံတကာလေဆိပ်မှ တနင်္ဂနွေနေ့ ဒေသ စံတော်ချိန် ည ၈-နာရီတွင် စတင်ပျံသန်း ခဲ့ကြောင်း သိရှိရသည်။ ကွင်းမှပျံတက်ပြီး ပြေးလမ်းမဆုံးမီ မီးစွဲ လောင်၍ ပျက်ကျခဲ့ရာ လေယာဉ်အပျက်အစီး ကို တစ်နာရီအတွင်း မီးငြိမ်းသတ်ခဲ့နိုင်ခဲ့သည်။
ဒေသန္တရသတင်းထောက်အဆိုအရ အဆိုပါ ဂျက်လေယာဉ်သည် ယခင်က ဖိလစ်ပိုင်မှ ဆေးဝါးပစ္စည်းများ သယ်ဆောင်၍ ဂျပန်၊ ထိုင်ဝမ်နှင့် ထိုင်းနိုင်ငံများသို့ ပျံသန်းခဲ့ဖူးပြီး ယခုခရီးစဉ်တွင် ပိုင်းလော့ ၂-ဦး၊ လက် ထောက် ၁-ဦး၊ လေယာဉ်ဆေးဝန်ထမ်း ၁-ဦး၊ သူနာပြု ၁-ဦး၊ ဆရာဝန် ၁-ဦး၊ လူနာ ၁-ဦးနှင့် လူနာအဖော် ၁-ဦး စုစုပေါင်း ( ၈ ) ဦး လိုက်ပါသွားကြောင်း သိရှိရသည်။ လူနာမှာ ကိုဗစ်-နိုင်တင်းဝေဒနာသည် ဟုတ်-မဟုတ် မသိရသော်လည်း အသက်ရှင်သူ မရှိကြောင်း လေဆိပ်တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ဖိလစ်ပိုင်နိုင်ငံတွင် ကိုဗစ်-နိုင်တင်း ဗိုင်းရပ်စ်ပိုး စွဲကပ်လျှက်ကြောင်း ယခုထိ အတည်ပြုခံရသူ ၁,၄၁၈-ဦးရှိနေ ပြီး၊ ၇၁-ဦး အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။ တနင်္ဂနွေနေ့၌ လူပေါင်း ၃၄၃-ဦး၌ ရောဂါပိုးကူးစက်လျှက်ရှိကြောင်း ထပ်မံတွေ့ရှိခြင်မှာ ဖိလစ်ပိုင်တွင် ကူးစက်ကပ်ရောဂါ ကျရောက်ပြီးနောက် ၂၄-နာရီအတွင်း ဗိုင်းရပ်စ်စွဲကပ်မှု့ အများဆုံး အရေအတွက်ဖြစ်သည်။။
https://www.rt.com/news/484420-manila-medical-plane-crash/
https://twitter.com/MikeGo6671/status/1244248718481575939/photo/1
((( Dhaka Tribune., March 29th, 2020,” 8 killed as plane carrying medical crew
& patient crashes in Manila airport (PHOTO, VIDEO) ကို #HtayOung,
#OungMarin111e ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ဆက်စပ် သတင်းများမှာ ပေးထားပါ
Link များအတိုင်းဖြစ်ပြီး လွှင့်တင်ရန်အခက် အခဲကြောင့် အတူမဖော်ပြနိုင်သည့် Links များကို
https://m.vk.com/ounghtay နှင့် https://h2oupdatenews.com/ တွင်ရှ့ပါရန်
)))
#ကိုရိုနာဗိုင်းရပ်စ်ဖိလစ်ပိုင်ပြည်ပဆေးဝါးကုသမှု့ခံယူမည့် အထူးလေယာဉ်ပျက်ကျ