ဖိလစ်ပိုင်ရှိ ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၂-ဦးအနက် ၁-ဦး သေဆုံး၊ တရုတ်နိုင်ငံပြင်ပတွင် ဗိုင်းရပ်စ်ကြောင့် ပထမဆုံး သေဆုံးသူဖြစ်လာ။ ဆေးရုံတွင် ကျန်းမာရေးအခြေအနေ ကောင်းလာပြီးမှ ၂၄-နာရီအတွင်း သေဆုံးခြင်းဖြစ်

ဖိလစ်ပိုင်ရှိ ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၂-ဦးအနက် ယမန်နေ့က ၁-ဦး သေဆုံးခဲ့ရာ 2019-nCoV နိုဗဲလ်ဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံပြင်ပတွင် ပထမဆုံး သေဆုံးသူဖြစ်လာသည်ဟု Business Insider က ယနေ့ရေးသားသည်။

လွန်ခဲ့သည့် ဇန်နဝါရီ ၂၅-ရက်နေ့တွင် အသက် ၄၄-နှစ်အရွယ်ရှိ အဆိုပါ တရုတ်လူမျိုး ဖိလစ်ပိုင်နိုင်ငံသားနှင့် အသက် ၃၈-နှစ်အရွယ် ၎င်း၏ ဇနီးဖြစ်သူတို့သည် ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်းတို့ကြောင့် မနီလာမြို့ရှိ San Lazaro Hospital စန်လာဇရို ဆေးရုံ၌ တက်ကုသခံယူနေခြင်းဖြစ်သည်။ ၎င်းတို့ ၂-နှစ် စလုံး သည် 2019-nCoV နိုဗဲလ် ဗိုင်းရပ်စ်ကူးစက်ခံနေရကြောင်း စစ်ဆေးတွေ့ရှိရသည်။

၎င်းတို့သည် ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှု့ ဖြစ်ပေါ်လျှက်ရှိသော ဝူဟန်မြို့သို့ ဟောင်ကောင်မှတစ်ဆင့် သွားရောက်ခဲ့ဖူးကြောင်း ဝန်ခံသည်ဆို၏။ ဆေးရုံတွင် ရက်သတ္တပါတ်ကြာမျှ ကုသမှု့ခံယူခဲ့ပြီး နှစ်ဦးစလုံးမှာ ကျန်းမာရေး တိုးတက်ကောင်းမွန်သည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။ သို့ရာတွင် ခင်ပွန်းဖြစ်သူမှာ ရုတ်တရက် အခြေအနေဆိုးရွားလာပြီး ၂၄- နာရီအတွင်း သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဇနီးဖြစ်သူမှာ ဖိလစ်ပိုင်နိုင်ငံ၏ 2019-nCoV နိုဗဲလ်ဗိုင်းရပ်စ်ကြောင့် ရောဂါဖြစ်ပွားပြီး ပထမဆုံးအကြိမ် သက်သာပျောက်ကင်းသူဖြစ်လာသည်ဟု Channel News Asia က ယနေ့ဖော်ပြသည်။

(( ယခုသတင်းတွင် ဖိလစ်ပိုင်နိုင်ငံသား တရုတ်လူမျိုး လင်မယား ၂-ဦးအနက် ဇနီးဖြစ်သူက ပထမဆုံးဆေးရုံ တက်ရဖြစ်သည်။ ဒုတိယမြောက်ဆေးရုံတက်ရသူ ခင်ပွန်းသည်မှာ သေဆုံးသွားခြင်းဖြစ်နေသည်။ 2019-nCoV နိုဗဲလ်ဗိုင်းရပ်စ်ကြောင့် ပြင်းထန်အဆုတ်ရောင်ရောဂါဖြစ်ပွားသော်လည်း ကုသပျောက်ကင်းသူများ ရှိခဲ့ရာ လွန်ခဲ့သည့် ၂-ရက်က တရုတ်နိုင်ငံတွင် လူ ၅၀ နီးပါးရှိခဲ့ကြောင်း တွေ့ရှိရသည်။ ။ သတင်းဘာသာပြန်သူ ))

((( Business insider., Feb- 02, 2020, “A man in the Philippines has become the first person to die of the Wuhan coronavirus outside of China.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။

#ဖိလစ်ပိုင်ရှိဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူသေဆုံး

https://www.businessinsider.com/wuhan-coronavirus-first-death-outside-china-phillipines-2020-2

https://www.channelnewsasia.com/news/asia/wuhan-virus-philippines-coronavirus-death-outside-china-12382000

0

Leave a Reply

Your email address will not be published.