ဖလော်ရီဒါ ပြိုကျ ၁၂-ထပ် ကွန်ဒိုမီနီယံမှာ ၂၁၀၈-နှစ်က ကြီးမားပျက်စီး အစီရင်ခံစာ ထွက်ပေါ်ခဲ့ဟု ဆို။ ၄-ဦး သေဆုံးသည်ဟု တရားဝင်ပြောဆိုသော်လည်း ထိုထက် ပိုမိုနိုင်၊ ပျောက်ဆုံး ၁၅၉-ဦးအတွက် မျှော်လင့်အလွန်နည်းပါး


လွန်ခဲ့သော ကြာသပတေးနေ့နံနက် ၁:၃၀ နာရီခန့်၌ အမေရိကန်နိုင်ငံ ဖလော်ရီဒါ၌ အဆောက်အအုံ ပြိုကျ ခဲ့ရာတွင် ပျောက်ဆုံးနေသူ ၁၅၀ ကျော်တို့အား ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်မှုမှာ မီးလောင်ရာမှ ထွက်ပေါ်နေသော အခိုးငွေ့များကြောင့် အခြေအနေ ပိုမိုနှောင့်နှေးခဲ့ရသည်။ အာဏာပိုင်များကမူ အပျက်အစီး အစုအဝေးပုံကြီးအောက်တွင်အသက်ရှင်သူ ကျန်ရှိနေသည့် အရိပ်လက္ခဏာ မတွေ့ရကြောင်း ပြောဆိုသည်ဟု Reuters က ယမန်နေ့ ရေးသားသည်။

…   
ယခုနောက်ဆုံး သတင်းများအရ ၁၂-ထပ်ပါ ကွန်ဒိုမီနီယံ၏ မြေအောက်ကားရပ်နားရာ နေရာ ရှိ ရေကူးကန်ပါအထပ်တွင် “ကွန်ကရစ် ယိုယွင်းခြင်း” ဖြစ်ပေါ်လျှက်ရှိပြီး အဓိက ဖွဲ့တည်ပုံ ပျက်စီးလျှက်ရှိကြောင်း အင်ဂျင်နီယာတစ်ဦးက ၂၀၁၈-ခုနှစ်တွင် အထောက်အထားများတွေ့ရှိခဲ့ကြောင်း၊ ထိုမှ ၃-နှစ်အကြာ နေထိုင်သူများ အိပ်မောကျ၍ မည်သူမျှ သတိမထားချိန်တွင် အဆောက်အအုံ ပြိုကျခဲ့ခြင်းဖြစ်ကြောင်း

…    
မိုင်ယာမီအနီး ဆာ့ဖ်ဆိုက်ကမ်းခြေမြို့တွင်တည်ရှိသည့် အဆောက်အအုံပြိုကျရာတွင် နောက်ထပ်အသက်ရှင်သူ မတွေ့ရကြောင်း မြို့တော်ဝန်က ပြောဆိုသော်လည်း ပျောက်ဆုံးနေသူ ၁၅၉-ဦး တို့အနက် အချို့မှာ အသက်ရှင်လျှက် ရှိနေဆဲဖြစ်ကြောင်း ရှာဖွေ-ကယ်ဆယ်ရေးအဖွဲ့တို့က အခိုင်အမာမျှော်လင့်ထားကြောင်း၊ သို့သော် အပျက်အစီးများအောက်တွင် မီးလောင်ကျွမ်း၍ ဧရိယာတစ်ခုလုံး မီးခိုးငွေ့များဖြင့် ပြည့်နှက်နေခြင်းမှာ လုပ်ငန်းဆောင်ရွက်မှုကို နှောင့်နှေးစေကြောင်း ဝန်ခံသည်။

…  
တရားဝင် စာရင်းအရ ၄-ဦး သေဆုံးသည်ဆိုသော်လည်း ပန်ကိတ်များသဖွယ် အဆင့်ဆင့်တည်ဆောက်ထားသည့် အဆောက်အအုံဖြစ်၍ ထိုထက်မက ပိုမိုနိုင်သည်။ အနံ့ခံခွေး၊ ကင်မရာ၊ ဆိုနာနှင့် ဝန်ချီစက်များအသုံးပြု ၍ အပျက်အစီးပုံများ၌ အသက်ရှင်ကျန်ရစ်သူများအတွက် လေရှူပေါက်များ ဖန်တီးပေးနိုင်မည့်နေရာတို့ကို ကယ်ဆယ်ရေးသမားတို့ က ရှာဖွေလျှက်ရှိသည်။

…    
၂၀၁၈ -ခုနှစ် အင်ဂျင်နီယာ၏ အစီရင်ခံစာရရှိပြီးနောက် ကွန်ဒိုမီနီယံဘုတ်အဖွဲ့က အဆောက်အအုံအား ယခုနှစ်အတွင်း အကြီးစားမွန်းမံပြုပြင်ရန် ပြင်ဆင်နေဆဲဖြစ်ကြောင်း မြို့အာဏာပိုင်များက သတင်းထုတ်ပြန်သည်။ အဆောက်အအုံ ပြိုကျရခြင်းမှာ အစီရင်ခံစာပါ ပျက်စီးမှုများနှင့် ဆက်နွယ်ခြင်း ရှိ-မရှိ လောလောဆယ် မသိရသေးချေ။

…   
၁၉၈၁-ခုနှစ်တွင် တည်ဆောက်ခဲ့သည့် ကွန်ဒိုမီနီယံတွင် ရေကူးကန်အတွင်းရှိ ရေစိုဒဏ်ခံနိုင်မှုမှာ ဒီဇိုင်း၏ အဓိကအမှားကြောင့် အားနည်းခဲ့ရပြီး ရေထိန်းနိုင်ခြင်း မရှိသဖြင့် ၎င်းအောက်ရှိ ကွန်ကရစ်အလွှာပျက်စီးမှုကို တဖြည်းဖြည်း တိုးမြင့်သွားစေကြောင်း အစီရင်ခံစာ တင်သွင်းသူ အင်ဂျင်နီယာက ခန့်မှန်းသည်။ ထို့အပြင် ရေကူးကန်အောက် ဧရိယာ အပါအဝင် ကားရပ်နားရာနေရာအတွင်းရှိ ကွန်ကရစ်ကော်လံများ၊ ထုပ်များနှင့် နံရံများတွက် အက်ကြောင်းအတော်များများ ထင်နေသည်ကို တွေ့ခဲ့ရကြောင်း ပြောဆိုသည်။

…    
၁၉၉၀ ပြည့်နှစ်များတွင် ဂြိုဟ်တုမှ ရရှိသော အချက်အလက်များအရ ၎င်းကွန်ဒိုမီနီယံမှာ တစ်နှစ်လျှင် ၁ မှ ၃ မီလီမီတာကြား နိမ့်ဆင်းလျှက်ရှိနေသည်။ အဆောက်အအုံမှာ မြေအတွင်း တဖြည်းဖြည်း နစ်ဝင်လျှက်ရှိသဖြင့် တည်ဆောက်ပုံဆိုင်ရာ ဆီလျော်မှုရှိရန် လိုအပ်ကြောင်း ဖော်ပြနေသည်ဟု ဖလော်ရီဒါ အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်ပါမောက္ခတစ်ဦးက ပြောဆိုသည်။

…   
ကြာသပတေးနေ့ နံနက်ပိုင်းတွင် သက်တမ်း အနှစ် ၄၀ ရှိ အဆောက်အအုံကြီးမှာ မြေပေါ်သို့ ရုတ်တရက် ပြိုလဲ ကျခဲ့ရာ လုံခြုံရေးကင်မရာမှတ်တမ်းအရ နှစ်ပိုင်းကွဲ၍ တစ်ခုပြီး တစ်ခု ပြိုကျသွားပြီး ဖုန်မှုန့်တိမ်တိုက်ကြီး ထွက်ပေါ်လာသည်ကို တွေ့မြင်ကြရသည်။ အဆောက်အအုံတွင် အခန်းယူနစ်ပေါင်း ၁၃၀ ကျော်ရှိ၍ ၈၀ ခန့် တွင် လူနေထိုင်လျှက်ရှိရာ ထက်ဝက်ခန့်မှာ ပြိုကျသွားခြင်းဖြစ်သည်။

…  
ဒေသခံအာဏာပိုင်များက ကွန်ဒိုမီနီယံနေ မိသားစုများ အဆင်ပြေစွာ နေထိုင်နိုင်ရေးအတွက် ဟိုတယ်ခန်းများနှင့် အစားအသောက်များကို စီစဉ်ပေးထားသည်။ အဆောက်အအုံဆက်လက်ပြိုကျနိုင်သည့် အန္တရာယ်ရှိခြင်းကြောင့် ရှာဖွေ-ကယ်ဆယ်ရေးအဖွဲ့ဝင်များကို လူဦးရေကန့်သတ်ထားပြီး တစ်ဖွဲ့ချင်း အလှည့်ကျ ဆောင်ရွက်လျှက်ရှိသည်။

(((Reuters., June 26th, 2021,” Florida collapse: Report from 2018 found serious damage in building.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

https://www.dhakatribune.com/world/2021/06/26/florida-collapse-report-from-2018-found-serious-damage-in-building
https://www.foxnews.com/media/surfside-florida-mayor-building-collapse-update
https://www.abcactionnews.com/surfside-condo-collapse-latest

Leave a Reply

Your email address will not be published.