ဗင်နီဇွဲလားသည် အမေရိကန်၏ စိတ်ပုပ်စိတ်ယုတ်ဖြင့် ဘက်စုံကန့်လန့်တိုက်ခံရသော စမ်းသပ်ခံအမှန်ဖြစ်နေဟု ကုလသမဂ္ဂညီလာခံရှေ့မှောက်တွင် ဗင်နီဇွဲလားဒုသမ္မတပြောဆို

အမေရိကန်သည် ဗင်နီဇွဲလားအပေါ် ဒေါ်လာငွေအားကိုး အနိုင်ကျင့်ခြင်းအပါအဝင် ဒါဏ်ခတ်ပိတ်ဆို့မှုပေါင်း ၃၅၀ ကျော်ချမှတ်လျှက်ရှိရာ မိမိနိုင်ငံမှာ အစီအစဉ်တကျ ထိုးနှက်ခြင်းခံရသည့် စမ်းသပ်ရာမြေပြင်ဖြစ်လျှက်ရှိ ကြောင်း ကျင်းပဆဲကုလသမဂ္ဂအထွေထွေညီလာခံတွင် တက်ရောက်သူနိုင်ငံတကာအကြီးအကဲများ ရှေ့မှောက်၌ ဗင်နီဇွဲလားဒုတိယသမ္မတက ပြောဆိုသည်ဟု Russia Today က ယနေ့ရေးသားသည်။

သောကြာနေ့ ၇၄ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ဒုတိယသမ္မတ ဒန်စီရိုဂရီဒက်ဇ်က မိန့်ခွန်းပြောကြားရာ၌ အမေရိကန်သည် ဗင်နီဇွဲလားတွင် အစိုးရအပြောင်းအလဲဖြစ်စေရေး ပေါ်လစီချမှတ်၍ “ စီးပွားရေးအကြမ်းဖက်မှု “ ကျူးလွန်လျှက်ရှိကြောင်း ထိုးနှက်လိုက်သည်ဆို၏။

ဗင်နီဇွဲလားပြည်သူများ ၎င်းတို့ရှေ့မှောက် ဒူးထောက်စေရန် ငပိန်းစစ်ဖက်တပ်ဖွဲ့များကို အသုံးချ၍ မရတော့ သည့်အဆုံး နိုင်ငံတကာအရံငွေကြေးအဖြစ်အသုံးပြုသော ဒေါ်လာငွေသြဇာလွှမ်းမိုးမှုဖြင့် ဗင်နီဇွဲလား စီးပွားရေးကို ရင်ခွဲကာ အူအသည်းထုတ်လျှက်ရှိသည်ဟု ရိုဂရီဒက်ဇ်က စွပ်စွဲပြောကြားသည်။

နိုင်ငံ့ပြင်ပတွင်တည်ရှိသော ဗင်နီဇွဲလား၏ ရင်းနှီးပိုင်ဆိုင်မှု့အရပ်ရပ်ကို မတရားသိမ်းယူခြင်းအပါအဝင် အချက်အလက် စုစုပေါင်း ၃၅၀ ကျော်ဖြင့် ဘက်စုံကန့်လန့်တိုက်လျှက်ရှိသည်မှာ ၂၀၁၅-ခုနှစ်နောက်ပိုင်းမှစ၍ ယနေ့တိုင်အောင်ဖြစ်ကြောင်း၊ လွန်ခဲ့သည့် ဇန်နဝါရီလတွင် မိမိကိုယ်မိမိကြားဖြတ်သမ္မတဖြစ်ကြောင်း တစ်ဖက်သပ်ကြေညာသည့် အတိုက်အခံခေါင်းဆောင် ဟွမ်ဂွာဒိုးအား အမေရိကန်က အသိအမှတ်ပြုခဲ့ပြီး ဗင်နီဇွဲလားနိုင်ငံပိုင် PDVSA အကြီးစားရေနံလုပ်ငန်းမှ ရှာဖွေရရှိငွေ ဒေါ်လာ ၇ ဘီလျှံကို သိမ်းယူခဲ့ကြောင်း၊  ဒေါ်နယ်ထရမ့် အစိုးရ၏ အသုံးချခံ “ Cito “ ရေနံလုပ်ငန်းအဖြစ် မသဲမကွဲအသွင်ပြောင်းကာ ဂွာဒိုးခန့်အပ်သည့် ဒါရိုက်တာဘုတ်အဖွဲ့ဆိုသည်ကို အမေရိကန်တရားရုံးက အသိအမှတ်ပြုခဲ့ကြောင်း၊ ဒါဏ်ခတ်ပိတ်ဆို့မှု့ များ ကြောင့် ၂၀၁၅ – ခုနှစ်နောက်ပိုင်း ဗင်နီဇွဲလားစီးပွားရေးတွင် ဒေါ်လာ ၁၃၀ ဘီလျှံဆုံးရှုံးခဲ့ရကြောင်း၊ အမေရိကန်က ဗင်နီဇွဲလား၏ သယံဇာတရင်းမြစ်များကို အရှက်ကင်းမဲ့စွာ ဒါးပြတိုက်ခြင်းကြောင့် နိုင်ငံ့ဝင်ငွေမှာ ၉-ဆ ကျဆင်းခဲ့ရကြောင်း၊ ဗင်နီဇွဲလား၏ ဖြစ်အင်မှာ အမေရိကန်က အပြောင်းအလဲဖြစ်စေလိုသည့် ကမ္ဘာ တစ်ဝှမ်း အစိုးရအဖွဲ့တိုင်း လူသိရှင်ကြား ပျောက်ကွယ်သွားရသည်ကို အကောင်းဆုံးပြယုဂ်ဖြစ်နေကြောင်း၊ ဒါဏ်ခတ်ပိတ်ဆို့မှုများသည် စားနပ်ရိက္ခာမဖူလံြုခင်း၊ လျှပ်စစ်ဓါတ်အားပြတ်တောက်ခြင်းနှင့် စီးပွားရေး အကြပ်အတည်းကြုံတွေ့နေရသော ဗင်နီဇွဲလားအား အကြိမ်ကြိမ်ထိခိုက်ရခြင်းကြောင့် ဗင်နီဇွဲလားပြည်သူများ မှာ အိမ်နီးချင်းနိုင်ငံများသို့ အလုံးအရင်းဖြင့် ရွှေ့ပြောင်းထွက်ခွာသွားစေခဲ့ကြောင်း၊ သို့သော်လည်း အမေရိကန်အစိုးရသည် ဗဟိုအမေရိကနိုင်ငံများသို့ ပေးအပ်ရမည့် အကူအညီ ဒေါ်လာ ၅၂-သန်းကို “ ဒီမိုကရေစီအုပ်ချုပ်ရေးစံနစ်နှင့် ဒီမိုကရေစီပြန်လည်ထွန်းကားရေး “ အဖြစ် အသွင်ပြောင်းကာ ဂွာဒိုးအတွက် ခွဲဝေပေးခြင်းဖြင့် အစိုးရအပြောင်းအလဲ မီးတောက်ကို အရှိန်မြင့်တင်ပေးခဲ့သည်ဟု ဗင်နီဇွဲလား ဒုတိယသမ္မတက ကုလအထွေထွေညီလာခံရှေ့မှောက်၌ ထောက်ပြသွားသည်။

(( ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတို့သည် မိမိတို့၏ GDP တိုးတက်မှုအချိုးအလိုက် ရံပုံငွေထည့်ဝင်ကြရကြောင်း သိရှိရပါသည်။ ထိုအတွက် ရရှိသည့် အခွင့်အရေးမှာ ကုလသမဂ္ဂ၏ နိုင်ငံတကာအဖွဲ့အစည်းများထံမှ ကျွမ်းကျင် မှု့နှင့် အကူအညီများ ရရှိနိုင်သည်။ ထို့ပြင်ယခုကဲ့သို့ အထွေထွေညီလာခံကျင်းပချိန် နိုင်ငံတကာခေါင်းဆောင် များရှေ့မှောက်တွင် နိုင်ငံကြီး/ငယ်မဟူ ပွင့်လင်းစွာ ပြောဆိုခွင့်ရရှိသည်။

ဆီးရီးယား၊ မြောက်ကိုရီးယားကဲ့သို့ ကုလသမဂ္ဂနှင့် အချိန်ပြည့်ဖြေရှင်းနေရသော နိုင်ငံများပင်လျှင် နိုင်ငံတကာ အဖွဲ့အစည်းကြီးမှ နှုတ်ထွက်ကျောခိုင်းမသွားပဲ ပညာရဲရင့် ပွဲလည်တင့်စွာ ခုခံချေပနိုင်၍သာ ယခုထိ တစ်ဖက် သပ်စွပ်စွဲခြင်း၊ ဆုံးဖြတ်ခံရခြင်းအမျိုးမျိုးတို့မှ လျှော့နည်းသက်သာရကြောင်း တွေ့ရှိရပါသည်။

နားမထောင်၊ အသိအမှတ်မပြုလိုသောနိုင်ငံ/ကိုယ်စားလှယ်သည် ညီလာခံကျင်းပရာခန်းမမှ သပိတ်မှောက် ထွက်ခွာသွားယုံသာရှိသည်။   ။ သတင်းဘာသာပြန်သူ ))

( စက်တင်ဘာ – ၂၈၊ ၂၀၁၉ ) ((( Russia Today., 28 Sep, 2019, “ Venezuela has become ‘the best evil experiment’ against multilateralism by US – Maduro’s VP.” ကို #HtayOung, #OungMarine ဆီလျှော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.rt.com/news/469801-venezuela-regime-change-experiment/

https://www.rt.com/op-ed/469752-trump-venezuela-aid-regime/

https://www.rt.com/news/468716-trump-bigger-hawk-bolton/

https://www.rt.com/news/469635-us-venezuela-aid-sanctions/

5+

Leave a Reply

Your email address will not be published.