ဗိုင်းရပ်စ်ထိန်းချုပ်မှု ကန့်သတ်ချက်အသစ်များ ထုတ်ပြန်သဖြင့် ဥရောပတစ်လွှား မြို့ကြီးများ၌ လူထောင်သောင်းချီ၍ ကန့်ကွက်ဆန္ဒပြ။ Covid-19 ကူးစက်မှု ပိုမိုမြန်ဆန်လာသဖြင့် နိုင်ငံတကာ၌ ရောဂါဖြစ်ပွားမှု ရက်သတ္တပတ်အတွင်း ၁၄-ရာနှုန်း ထပ်မံ မြင့်တက်


မကြာသေးမီကာလအတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပျံ့နှံ့မှုမှာ ပိုမိုမြန်ဆန်လာပြီး ကူးစက်မှုအသစ်များမှာလည်း လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း တစ်ကမ္ဘာတစ်ဝှန်းလုံး၌ မြင့်တက်လာခဲ့သည်။ ဗိုင်းရပ်စ်ထိန်းချုပ်မှု ကန့်သတ်ချက်အသစ်များ ထုတ်ပြန်သည်ကို စနေနေ့တွင် ဥရောပတစ်လွှားမြို့ကြီးများ၌ ဒေါသတကြီး စုဝေးကန့်ကွက်ကြသဖြင့် နိုင်ငံများစွာတို့၌ Partial Lockdown တစ်စိတ်တပိုင်း တားဆီးပိတ်ဆို့မှုအချို့ကို ပြန်လည်ရုတ်သိမ်းလိုက်ရ သည်ဟု AFP က ယနေ့ရေးသားသည်။

..     
နိုင်ငံတကာ၌ လူပေါင်း ၂.၇-သန်းကို အသက်ဆုံးရှုံးစေခဲ့သော ကိုရိုနာဗိုင်းရပ်စ်ရောဂါသည် ရက်သတ္တပတ်၌ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ၁၄ ရာခိုင်နှုန်း ထပ်မံတိုးမြင့်လာကြောင်း AFP က ကောက်ယူသည့် အချက်အလက်များက ဖော်ပြနေသည်။

..   
ထို့ကြောင့် ကာကွယ်ဆေးများ တက်သုတ်ရိုက် ထိုးနှံခြင်းပေးခြင်း သာမက Social Distancing လူချင်းဝေးကွာစေခြင်း၊ (ရုပ်ရှင်ရုံ-အရက်ဘား-ဘုရားရှိခိုးကျောင်းကဲ့သို့ ) အသွားအလာကန့်သတ်ခြင်းများကို ပိုလန်၊ ပြင်သစ်တစ်စိတ်တစ်ပိုင်းနှင့် ယူကရိန်းမြို့တော်တို့တွင် သက်ဆိုင်ရာ အစိုးရတို့က ပြန်လည်တင်းကြပ်ပြဋ္ဌာန်းခဲ့ရသည်။

..   
သို့သော်လည်း အများပြည်သူတို့အနေဖြင့် စီးပွားရေးအရ ထိခိုက်စေသည့် ကန့်သတ်ချက်များအား ပို၍ငြီးငွေ့စရာဖြစ်ရပြီး ဂျာမနီ၊ ဗြိတိန်နှင့် ဆွစ်ဇာလန်စသည့် ဥရောပတစ်လွှား မြို့ကြီးများတွင် ထောင်ပေါင်းချီစုဝေး၍ ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပေါ်လာခဲ့ရသည်။

..   
ဂျာနီနိုင်ငံ ကက်ဆယ်လ်မြို့တွင် လော့ဒေါင်းပိတ်ဆို့မှု အဆုံးသတ်ပေးရန် ဆိုင်းဘုတ်များ ကိုင်ဆောင်ချီတက်ကြသူများ၌ (ဘယ်တုန်းကမှ မျက်နှာကျောမတည့်ကြသည့် လက်ဝဲစွန်းနှင့် လက်ယာစွန်းဝါဒီ) နှစ်ဖက်စလုံးကိုပါ ကန့်ကွက်ရာ၌ ပါဝင်အောင် တက်ကြွသူများက စည်းရုံးနိုင်ခဲ့သည်။ ထိုမျှမက ကူးစက်ကပ်ရောဂါနှင့် ပတ်သက်၍ နကန်းတစ်လုံးမှ မသိပဲ အခြေအမြစ်မဲ့ ပါးစပ်သီအိုရီများအား ယုံကြည်ကြသူလည်း ပါဝင်နေကြောင်း တွေ့ရှိရသည်။

..   
ကက်ဆဲလ်မြို့ ဆန္ဒပြသူများမှာ အင်အား ၁၅,၀၀၀ မှ ၂၀,၀၀၀ ကြား ရှိမည်ဖြစ်ပြီး ယခုနှစ်တွင် ပမာဏ အများဆုံး လူသူစုဝေးမှုဖြစ်သည်။ ရေအမြောက်၊ နံပတ်တုတ်နှင့် ငရုတ်ကောင်း စပရေးများကို အသုံးပြု၍ ရဲတပ်ဖွဲ့က လူစုခွဲခဲ့သည်။

..    
ဗိုင်းရပ်စ်ထိန်းချုပ်မှု ကန့်သတ်ချက်များ ထုတ်ပြန်ခြင်းအပေါ် လန်ဒန်မြို့တွင်လည်း လူပေါင်းထောင်ချီ၍ ဆန္ဒပြခဲ့ကြရာ ကန့်ကွက်သူများသည် ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့်ပတ်သက်၍ ပါးစပ်သီအိုရီများအား ဆိုင်းဘုတ်သဖွယ် ရေးသားကိုင်ဆောင်လာကြသည်။ ဆန္ဒပြသူ ၃၆-ဦးကို ဖမ်းဆီးရမိပြီး အများစုမှာ တားဆီးကန့်သတ်ချက်ကို ဆန့်ကျင်သူများဖြစ်ကြောင်း လန်ဒန်မက်ထရိုပိုလီတန် မြို့တော်ရဲတပ်ဖွဲ့က ပြောဆိုသော်လည်း လူ ၁၀၀-ခန့်ရှိမည့် အုပ်စုသည် ရဲတပ်ဖွဲ့ဝင်များအား #ရှူးဒိုင်းများဖြင့် ပတ်ခတ်ကြောင်း အတည်ပြုသည်။

..  
ကူးစက်ရောဂါတားဆီးရေး ကန့်သတ်ချက်များအား ကန့်ကွက်ဆန္ဒပြမှုများမှာ #နယ်သာလန်နိုင်ငံ_အမ်စတာဒမ်မြို။့ #သြစတြီးယားနိုင်ငံ_ဗီယင်နာမြို့။ #ဘူလ်ဂေးရီးယားနိုင်ငံ_ဆိုဖီယာမြို့ နှင့် #ဆွစ်ဇာလန်နိုင်ငံ_လီစတယ်မြို့တို့တွင်လည်း ဖြစ်ပွားကြောင်း တွေ့ရှိရသည်။
..
(((AFP., March 21, 2021,” Thousands protest Europe virus curbs as surges prompt fresh restrictions.” ကို #HtayOung, #HtayOungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))
….
#ကိုရိုနာကူးစက်မှုမြင့်တက်၍_တားဆီးပိတ်ပင်သည်ကို_ဥရောပမြို့ကြီးများ၌ကန့်ကွက်ဆန္ဒပြ
..
https://wetheworldmagazine.com/news/world/thousands-protest-europe-virus-curbs-as-surges-prompt-fresh/cid2509239.htm
https://www.dhakatribune.com/world/europe/2021/03/21/thousands-protest-europe-virus-curbs-as-surges-prompt-fresh-restrictions 

=======

0

Leave a Reply

Your email address will not be published.