ဗီယက်နမ်နိုင်ငံ၏ ကိုဗစ်နိုင်တင်းကူးစက်ရောဂါ ထိန်းချုပ်နည်း။ အထက်မှ အောက်သို့ စီးဆင်းသော အစိုးရအုပ်ချုပ်မှုပုံစံနှင့် စည်းရုံးသောလူ့အဖွဲ့အစည်း

Credit: Mal Nyeinn

ဇန်နဝါရီလကတည်းက ကိုဗစ်နိုင်တင်းကူးစက်ရောဂါကပ် ကျရောက်ခဲ့သော ဗီယက်နမ်နိုင်ငံတွင် စတင်ဖြစ်ပွားကတည်းက ယခုအချိန်ထ် ကူးစက်မှု ၂၄၉ မှု သာရှိသည်။ နိုင်ငံတကာ၌ ကိုရိုနာဗိုင်းရပ်စ်စွဲရောဂါအား အသည်းအသန် ခုခံတိုက်ဖျက်နေကြစဉ် လူဦးရေထူထပ်သော ဗီယက်နမ်နိုင်ငံ၏ လူထုကျန်းမာရေးစောင့်ရှောက်မှုစံနစ် ပျော့ညံ့ပြီး ကျန်းမာရေးဘတ်ဂျက်နည်းနည်းနှင့် ကူးစက်ရောဂါကပ်အား မည်သို့ထိန်းချုပ်နေသည်ကို လေ့လာသင့်သည်ဟု Dhaka Tribune က ယမန်နေ့ ရေးသားသည်။

ဗိုင်းရပ်စ်စွဲ ကူးစက်ရောဂါသည် ချမ်းသာကြွယ်ဝသည့် ဥရောပနိုင်ငံများ၌ အရှိန်အဟုန်ပြင်းထန်နေသော်လည်း ရောဂါပျံ့ပွားမှု တရုတ်နိုင်ငံဗဟိုချက်မနှင့် မိုင် ၆၂၀၀ – ခန့်သာ ဝေးကွာသော ဗီယက်နမ်၌မူ ရောဂါကူးစက်မှု မပျံ့ပွားအောင် ကောင်းစွာထိန်းချုပ်နိုင်ကြောင်း တွေ့ရှိရသည်။ ဗီယက်နမ်သည် တရုတ်နှင့် မိုင်ပေါင်း ၆၈၀- မျှ နယ်နိမိတ်ချင်း ထိစပ်နေသော နိုင်ငံဖြစ်သော်လည်း ဗိုင်းရပ်စွဲaရာဂါaပျာက်ကင်းအောင် လူပေါင်း ၁၂၃-ဦးကို ကုသပေးနိုင်ခဲ့သည်။ လက်ကျန် ကူးစက်ခံရသူ ၁၂၆-ဦးရှိသော်လည်း ဇန်နဝါရီမှစ၍ ယနေ့ထိ သေဆုံးသူ မရှိသေးချေ။

Worldometer ၏ မှတ်တမ်းများအရဆိုလျှင် ဗီယက်နမ်တွင် ယခုထိ လူပေါင်း ၇၅,၅၅၈ ယောက်ကို ဗိုင်းရပ်စ် ပိုးရှိ-မရှိ စစ်ဆေးပေးနိုင်ခဲ့ရာ လူ ၁-သန်းလျှင် ၉၆၉- ယောက်နှုန်း စစ်ဆေးနိုင်ခြင်းဖြစ်သည်ဆို၏။ ကုသဆဲ လူနာများတွင် ၉၀-ဦးမှာ အပြည့်အ၀ ကျန်းမာလာသည့် အခြေအနေတွင်ရှိပြီး ၃ ဦး သာလျှင်အခြေအနေ စိုးရိမ်ရသည်။ လူဦးရေ ၉၅- သန်းကျော်နေထိုင်ရာဗီယက်နမ်သည် သဘာဝရင်းမြစ် အကန့်အသတ်ရှိသော် လည်း ကူးစက် ကပ်ရောဂါကျရောက်ချိန်၌ ကောင်းမွန်ထိရောက်သော ခေါင်းဆောင်မှုဖြင့် ရောဂါပျံ့နှံ့မှု ထိန်းချုပ်နိုင်ကြောင်း စံနမူနာ ပြသနိုင်ခဲ့သည်။

#ကူးစက်ရောဂါပိုးကိုစစ်ကြေညာခြင်း ဇန်နဝါရီလကုန်ပိုင်းတွင်ကျင်းပသည့် “ တက်ထ်နှစ်သစ်ကူးပွဲတော် “ မှာ ဗီယက်နမ်ရိုးရာယဉ်ကျေးမှုတွင် အလွန်အရေးပါသည်။ ပွဲတော်ကျင်းပရက်ကာလတွင် ဝန်ကြီးချုပ် ငုယင်စွမ်းဖုက အစိုးရအဖွဲ့အစည်းအဝေးခေါ်ယူကာ ကိုဗစ်နိုင်တင်း ကူးစက်ရောဂါအား “ စစ်ကြေညာ” လိုက်သည်။ ထိုအချိန်တွင် ရောဂါကူးစက်မှုမှာ တရုတ်ပြည်တွင်း၌သာ ကျယ်ပြန့်စွာဖြစ်ပွားနေသည်။ သို့သော် ကူးစက်ကပ်ရောဂါသည် မကြာမီ ဗီယက်နမ်သို့ ရောက်ရှိလာမည်ဖြစ်ပြီး “ကပ်ရောဂါတိုက်ဖျက်ရေးသည် ရန်သူကို တိုက်ခိုက်ခြင်းဖြစ်သည်” ဟု အာဏာရကွန်မြူနစ်ပါတီအစည်းအဝေး၌ ငုယင်စွမ်းဖုက ပြောဆိုသည်။

#သီးသန့်ခွဲထားခြင်းနှင့်ရောဂါခြေရာခံခြင်း ရောဂါကူးစက်ပျံ့ပွားမှုကို တုန့်ပြန်ရာ၌ ပညာရှင်-ဆေးဝါးနှင့်ကိရိယာ အထောက်အကူကြွယ်ဝသော တောင်ကိုရီးယားကဲ့သို့ အစုအပုံလိုက် စမ်းသပ်စစ်ဆေးနည်းကို ပြုလုပ်မည့်အစား ဗီယက်နမ်သည် ရောဂါကူးစက်ခံထားရသူများအား သီးခြားခွဲထုတ်သည့် စံနစ်ကို အသုံးပြု ခဲ့သည်။ ထိုမှ ဆင့်ပွား၍ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူများ၏ ဒုတိယနှင့်တတိယအဆက်အသွယ်များအား ခြေရာခံဖော်ထုတ်ခြင်းမျိုးကို အလေးထားလုပ်ဆောင်ခဲ့သည်။

ကူးစက်ကပ်ရောဂါကျရောက်ချိန်၌ ဗီယက်နမ်၏ ဤဆောင်ရွက်ချက်များမှာ ရောဂါပျံ့ပွားလျှက်ရှိသော တရုတ်နိုင်ငံထက် ပိုမိုဆောလျင်စွာအကောင်အထည်ဖော်ခဲ့ကြောင်းတွေ့ရှိရပြီး မြို့ကြီးတစ်မြို့လုံးကို တားဆီးပိတ်ဆို့ခြင်းအား နောက်ဆုံးနည်းလမ်းအဖြစ်သာ အသုံးပြုခဲ့သည်။

ထို့အပြင် ကွန်မြူနစ်ခေါင်းဆောင်၏ စီမံဆောင်ရွက်ချက်များတွင် ရောဂါကူးစက်ခံရသူများ၏ အဆက်အသွယ်များကို စနစ်တကျခြေရာကောက်ခြင်း၊ အတင်းအကြပ် ရောဂါခြေချုပ်ထားခြင်း၊ ပြုစုကုသရန်နှင့် ရောဂါကာကွယ်တိုက်ဖျက်ရန် ဆေးဘက်ဆိုင်ရာကျောင်းသားများ၊ အငြိမ်းစားဆရာဝန်များနှင့်သူနာပြုများအား ဆင့်ခေါ်၍ ပါဝင်စေခဲ့သည်။

ဖေဖော်ဝါရီ ၁၂ ရက်တွင် ဗီယက်နမ်အစိုးရသည် ဟနွိုင်းမြို့နေများအနက် လူဦးရေ ၁၀,ဝဝဝ ခန့်ကို မြို့အနီး စခန်း၌ ရက်သတ္တ ၃-ပတ်ကြာ ရောဂါခြေချုပ်ထားခဲ့သည်။ ထိုအချိန်တွင် ဗီယက်နမ်တစ်နိုင်ငံလုံး၌ ကိုဗစ်နိုင် တင်းဖြစ်ပွားမှု ၁၀ မှုသာလျှင် ရှိပါသေးသည်။ ဗိုင်းရပ်စ်ကူးစက်ခံရသူများနှင့် အဓိကထိတွေ့မိသူမည် သူမဆိုကိုလည်း အာဏာပိုင်များက အသေးစိတ်မှတ်တမ်း ကောက်ယူထားသည်။ အတော်စောစောပိုင်း ကတည်းက ကူးစက်ရောဂါဖြစ်ပွားနေသော ဒေသမှ ဗီယက်နမ်သို့ ရောက်ရှိလာသူ မည်သူမဆို ရောဂါခြေချုပ် ၁၄-ရက်ချမှတ်သည်။ ဖေဖော်ဝါရီလဆန်းပိုင်းတွင် စာသင်ကျောင်းများနှင့် တက္ကသိုလ်များအားလုံးကိုလည်း ပိတ်ပစ်လိုက်သည်။

#ချင်းနင်းဝင်ရောက်မှုကိုစောင့်ကြပ်စစ်ဆေးခြင်း သို့သော်လည်း ဗီယက်နမ်၏ ကိုဗစ်နိုင်တင်းကာကွယ်-ထိန်းချုပ်-ကုသရေး အောင်မြင်မှုမှာ ဆေးဘက်ဆိုင်ရာနှင့်စစ်ဖက်ဆေးဝန်ထမ်းများ၏ စည်းရုံးဆောင်ရွက်နိုင်မှု၊ ချင်းနင်းဝင်ရောက်ခြင်းများကို စောင့်ကြပ်စစ်ဆေးမှု၊ ရောဂါသတင်းပေးသူများနှင့် နိုင်ငံပိုင်သတင်းကွန်ရက်များ အပေါ်တွင်သာ မူတည်နေသည်။ အမေရိကန် သို့မဟုတ် ဥရောပနိုင်ငံများကဲ့သို့ ပညာရှင်-ဆေးဝါးနှင့်ကိရိယာ- နေရာထိုင်ခင်းနှင့် သယ်ယူပို့ဆောင်မှု ဘက်စုံတက်ကုန် အင်အားသုံးရန် အခက်အခဲရှိသည်။

ဗီယက်နမ်၏ လမ်းတိုင်းနှင့်ကျေးရွာတိုင်းတွင် လုံခြုံရေးဝန်ထမ်းများကို တွေ့နိုင်သည်။ ကိုဗစ်နိုင်တင်းတိုက်ဖျက်ရေးအတွက် ဗီယက်နမ်တပ်မတော်မှ စစ်သားများနှင့် ပစ္စည်းများတပ်ဖြန့်ထားသည်။ မည်သူကိုမဆို စည်းမျဉ်းစည်းကမ်း လိုက်နာစေရန် အနီးကပ်စောင့်ကြည့်ခြင်းနှင့် ရောဂါတိုက်ဖျက်ရေး ကွန်ရက်တွင် မည်သူမျှ မကျန်ရအောင် ဆောင်ရွက်သည်။

ဗီယက်နမ်၏ ချဉ်းကပ်မှု အစိတ်အပိုင်းအချိ့တွင်လည်း ခက်ထန်စွာ ဆောင်ရွက်မှုများ ရှိခဲ့ပါသည်။ ဗိုင်းရပ်စ်နှင့်ပတ်သက်သော သတင်းအတု ဖြန့်ဝေခြင်းကို ရဲများကဆင့်ခေါ်၍ ဒါဏ်ငွေ ၈၀ဝ ခန့် တပ်ရိုက်သည်။

#စည်းရုံးသောလူ့အဖွဲ့အစည်း ကိုဗစ်နိုင်တင်းအား တိုက်ဖျက်ရာ၌ ဗီယက်နမ်သည် စစ်ပုံစံနည်းလမ်းကို အသုံးပြုနေသည်ဟု ဝန်ကြီးချုပ်က ဆိုပါသည်။ စီးပွားရေးလုပ်ငန်းတိုင်း၊ နိုင်ငံသားတိုင်း၊ လူနေရပ်ကွက်တိုင်းသည် ကပ်ရောဂါကို ကာကွယ်ရန် ခံတပ်ကြီးဖြစ်ရမည်ဟု ပြောသည်။ ဤအချက်သည် အကျပ်အတည်း၌အတူတကွရပ်တည်၍ အခက်အခဲများစွာ၌ ခံနိုင်ရည်ရှိခြင်းအပေါ် ဂုဏ်ယူလျှက်ရှိသည့် ဗီယက်နမ်နိုင်ငံသားများစွာတို့အား စိတ်ရှုပ်ထွေးစေခဲ့သည်။ နိုင်ငံပိုင်မီဒီယာများသည် သတင်းအချက်အလက်များကို အစီအစဉ်တကျ အကြီးအကျယ်ထုတ်လွှင့်သည်။ ကျန်းမာရေးဝန်ကြီးဌာနကိုယ်တိုင်ပင်လျှင် ကောင်းစွာလက်ဆေးကြရန် သီချင်းတစ်ပုဒ်ကို YouTube ၌ လွှင့်တင်ရာ၌ ကမကထပြုခဲ့သည်။

“ ဗီယက်နမ်နိုင်ငံဟာ စည်းရုံးလှုံ့ဆော်ရေး လူအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်..။ တစ်ပါတီ ဦးဆောင်နိုင်ငံပါ၊ စစ်တပ်နဲ့ ကွန်မြူနစ်ပါတီကိုယ်တိုင်က လူထုလုံခြုံရေးစံနစ်ကြီးဖြစ်နေတယ်။ သဘာဝဘေးအန္တရာယ်များ ကိုတုန့်ပြန်ရာမှာ အထက်မှ အောက်သို့ စီးဆင်းသော အစိုးရအုပ်ချုပ်မှုပုံစံနဲ့ ကောင်းကောင်းကြီး တုန့်ပြန်နိုင်ပါတယ် ”နယူးဆောက်သ် ဝေးလ်ပြည်နယ် ကန်ဘာရာတက္ကသိုလ်မှ ပါမောက္ခဖြစ်သူ ကားလ်တေရာက ပြောကြားသည်။

((( Dhaka Tribune., April 6th, 2020. “Coronavirus test rate: Bangladesh among 4 worst countries “ ကို #MalNyeinn ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

 https://www.dhakatribune.com/world/2020/04/06/what-vietnam-can-teach-bangladesh-on-fighting-coronavirus

https://www.worldometers.info/coronavirus/ https://www.worldometers.info/coronavirus/

#ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့်ဗီယက်နမ်

1+

Leave a Reply

Your email address will not be published.