ဗွီဒီယိုသက်သေများ ရှိနေသော်လည်း ကန့်ကွက်ဆန္ဒပြသူတို့အပေါ် ညှင်ပန်းနှိပ်စက်ကြောင်း ကုလ၏ စွပ်စွဲချက်ကို ဂျာမန်ရဲတပ်ဖွဲ့ ပယ်ချ။ ဆန္ဒပြသူများအား ထိုးကြိတ်၍ လူ ၆၀၀ ခန့် ဖမ်းဆီး၊ အင်အားသုံးရခြင်းမှာ ဥပဒေပြဋ္ဌာန်းချက်၏ အစိတ်အပိုင်းဖြစ်ဟု ချေပ။


COVID-19 မပြန့်ပွားရေး Lockdown ပိတ်ဆို့မှုအပေါ် ကန့်ကွက်ဆန္ဒပြသူတို့အား လက်နက်အပြည့်အစုံတပ်ဆင်ထားသည့် ဘာလင်ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်း၍ လူပေါင်းရာချီဖမ်းဆီးခဲ့ကြောင်း သက်သေအထောက်အထား ဗွီဒီယိုနှင့် ဓါတ်ပုံများမှာ အွန်လိုင်းပေါ်၌ ပြန့်နှံလျှက်ရှိသည်။ ထိုသို့ ကိုင်တွယ်အရေးယူမှုများမှာ ပြင်းထန်လွန်းကြောင်း ကုလသမဂ္ဂ ညှင်းပန်းနှိပ်စက်မှုဆိုင်ရာ အထူးကိုယ်စားလှယ်၏ စွပ်စွဲချက်ကို ဂျာမန်ရဲတပ်ဖွဲ့က လက်မခံပဲ ပယ်ချလိုက်သည်ဟု Russia Today က ယမန်နေ့ ရေးသားသည်။

…   
ကူးစက်ရောဂါကာကွယ်ရေးအက်ဥပဒေအရ ဂျာမန်အစိုးရ၏ Covid-19 ရောဂါ မပြန့်ပွားရေးတားဆီးကန့်သတ်ချက်များကို ဆန့်ကျင်သောအားဖြင့် လူအများအပြားတို့မှာ တရားဝင် ခွင့်ပြုချက်မပါရှိဘဲ မကြာသေးမီက စုရုံးခဲ့ကြကြောင်း၊ ၎င်းတို့သည် သတိပေးချက်များကို လစ်လျု့ရှု့၍ ရဲတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခဲ့ကြကြောင်း၊ ထိုအတွက် အကြမ်းဖက်မှုထိန်းချုပ်ရေး ဥပဒေညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့ရကြောင်း တနင်္လာနေ့ ဘာလင်ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။

…  
လွန်ခဲ့သည့် သြဂုတ်လဆန်းပိုင်းတွင် ကူးစက်ရောဂါ မပြန့်ပွားရေး Lockdown တားဆီးပိတ်ဆို့မှုနှင့် COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံရေးကို ကန့်ကွက်ရန် ဆန္ဒပြသူတို့က ထောင်ပေါင်းများစွာ စုဝေးခဲ့ကြသည်။ ဆန္ဒပြသူတို့အပေါ် ရဲတပ်ဖွဲ့ဝင်များ၏ ကိုင်တွယ်ဆောင်ရွက်ပုံနှင့် ပတ်သက်၍ ဂျာမန်အစိုးရ၏ တရားဝင်သတင်းထုတ်ပြန်ချက်ကို သိရှိလိုကြောင်း ကမ္ဘာ့ကုလသမဂ္ဂညှင်းပန်းနှိပ်စက်မှုဆိုင်ရာ အထူးကိုယ်စားလှယ်၏ တောင်းဆိုချက်ကို မီဒီယာများက ဖော်ပြခဲ့သည်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၏ တောင်းဆိုချက်ကို ဘာလင်ရဲတပ်ဖွဲ့က ယခုကဲ့သို့ တုန့်ပြန်လိုက်ခြင်းဖြစ်သည်ဆို၏။

…  
ဂျာမန်ရဲတပ်ဖွဲ့ဝင်များ၏ ပြုမူပုံမှာ လူ့အခွင့်အရေးချိုးဖောက်ရာရောက်ရှိသည်အထိ ကျူးလွန်ခြင်း အမှန်ဖြစ်သည်ကို သတင်းမှတ်တမ်းများအရ အထောက်အထားခိုင်လုံစေကြောင်း၊ ရဲတပ်ဖွဲ့ဝင်တစ်ဦးက သက်ကြီးရွယ်အို အမျိုသမီးကြီးတစ်ဦးကို လည်ကုပ်မှ ဆွဲကိုင်ကာ မြေပေါ်သို့ ကြမ်းတမ်းစွာ လှဲချခဲ့သည်ကို တွေ့ရပြီး ၎င်းအမျိုး သမီးမှာ သေဆုံးသည်အထိ ဖြစ်နိုင်ကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နီးလ်စ်မဲလ်ဇာ က DPA သ တင်းအေဂျင်စီအား ရှင်းပြသည်။

…  
သို့ရာတွင် ကုလသမဂ္ဂအရာရှိက ထောက်ပြသော ဗီဒီယိုဖိုင်နှင့် ပတ်သက်၍ အထူးတလည် ဖြေရှင်းရန် မရှိကြောင်း ဘာလင်ရဲတပ်ဖွဲ့က ယုံကြည်ထားသည်။ ဆန္ဒပြသူများသည် ရဲတပ်ဖွဲ့၏ တောင်းဆိုချက်တို့ကို အကြိမ်ကြိမ် လစ်လျှူရှု၍ တပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင် ၆၀ ကျော် ဒဏ်ရာရရှိခဲ့ရကြောင်း။ ဥပဒေအရ ဆောင်ရွက်သည့် ရဲတပ်ဖွဲ့အား ထိပ်တိုက်ရင်ဆိုင်ခြင်းမှာ လူအများအပြားအား ထိခိုက်အန္တရာယ်ဖြစ်စေသည့် အကြမ်းဖက်မှုဖြစ်ကြောင်း၊ အကြမ်းဖက်မှုကို အကြမ်းဖက်မှုအဖြစ် ရှု့မြင်စေလိုပြီး့ ကြမ်းတမ်းစွာကိုင်တွယ် သည်ဟု ယခုပြောဆိုနေခြင်းမှာ ဥပဒေအရ လုပ်ပိုင်ခွင့်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း ဘာလင်ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက DPA သတင်းအေဂျင်စီအား တနင်္ဂနွေနေ့၌ ပြောဆိုသည်။ သို့သော် ကိုယ်ထိလက်ရောက် အကြမ်းပတမ်းပြုမူသည်ဟု သံသယရှိသော တပ်ဖွဲ့ဝင်များအား စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း ဝန်ခံသည်။

…   
ကုလသမဂ္ဂအရာရှိ၏ ဝေဖန်မှုကို  ကြိုဆိုသော်လည်း Lockdown ပိတ်ဆို့မှု ဆန့်ကျင်ရေး၊ ကာကွယ်ဆေးထိုးနှံမှု ကန့်ကွက်ရေးနှင့် ရဲတပ်ဖွဲ့အပေါ် အထင်သေးမုန်းတီးစေမည့် တီးတိုးစကားများအဖြစ် ကျယ်ပြန့်လာမည်ကို စိုးရိမ်မိကြောင်း ဂျာမန်လွှတ်တော်အမတ်အချို့က ထုတ်ဖော်ပြောကြားသည်။ “


သြဂုတ် ၁ ရက်နေ့ ဘာလင်မြို့၌ Lockdown ဆန့်ကျင်ရေးဆန္ဒပြပွဲ လူစုလူဝေးအတွင်း ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွဲရန် ကြိုးစားစဉ် ဝရုန်းသန်းကားဖြစ်ခဲ့သည်။ ဆန္ဒပြသူ ၅,၀၀၀ ခန့်ပါဝင်ခဲ့ရာ ၆၀၀ ခန့်မှာ ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရသည်။

…  
ရဲတပ်ဖွဲ့ဝင်များက ဆန္ဒပြသူများကို ရိုက်နှက်ခြင်း၊ မျက်နှာတည့်တည့် ထိုးကြိတ်ခြင်း၊ ငရုတ်ကောင်းစပရေးများဖြင့် ဖြန်းမှုတ်ခြင်း၊ အတင်းဖမ်းချုပ်ကာ မြေပေါ်သို့ လှဲချခြင်းများ အပါအဝင် သတင်းမှတ်တမ်းများမှာ အင်တာနက်ပေါ်တွင် မျှဝေသူများဖြင့် ပျံ့နှံလျှက်ရှိကြောင်း သတင်း၌ ဖော်ပြသည်။

#ဗွီဒီယိုသက်သေများရှိနေသော်လည်း_ဘာလင်ကန့်ကွက်ဆန္ဒပြသူများအား_ညှင်းပန်းနှိပ်စက်ခြင်းဟု_မဆိုနိုင်
#ကုလ၏_စွပ်စွဲချက်ကို_ဂျာမန်ရဲတပ်ဖွဲ့_ပယ်ချ။

((( Russia Today., 9 Aug, 2021,” ‘Use of force is part of legal system’: Berlin police brush off UN torture rapporteur’s criticism of violence against protesters” ကို #HtayOung, OungMarine ဆီလျော်အောင် အကျဉ်းချုံးဘာသာပြန်ဆိုသည်။)))

https://www.rt.com/news/531562-germany-police-violence-covid-protests/
https://www.rt.com/news/530892-nils-melzer-berlin-police-violence/
https://www.rt.com/news/530843-berlin-lockdown-protests-scuffles-police/
https://www.rt.com/news/531120-berlin-police-investigating-video/ 

Leave a Reply

Your email address will not be published.