ဘင်္ဂလာားဒက်ရှ်၏ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှု ရပ်တန့်ရန် အလှမ်းဝေးနေဆဲဖြစ်ကြောင်း ကျွမ်းကျင်သူများ သတိပေး။ နေ့စဉ် လူ ၄,၀၀၀ ခန့်ကူးစက်၍ ၄၀ ခန့်သေဆုံးနေ။ နယ်စပ်ဒေသများအနီး၌ ရောဂါကူးစက်မှု မြင့်တက်လျှက်ရှိဟုဆို

ဘင်္ဂလားဒက်ရှ်နိုင်ငံတွင် ဖြစ်ပွားလျှက်ရှိသော ကိုရိုနာဗိုင်းရပ်စ်ရောဂါမှာ သင့်လျော်သော အစီအမံများမရှိပဲ ရပ်တန့်မည့် လမ်းစ မမြင်ကြောင်း၊ ရောဂါဖြစ်ပွားမှုအန္တရာယ် ပိုမိုပြင်းထန်လာရခြင်းမှာ တားဆီးကာကွယ်ရေး ကန့်သတ်ချက်များအား မလိုက်နာကြ၍ဖြစ်ကြောင်း ရောဂါတားဆီးတိုက်ဖျက်ရေးတွင် ဦးဆောင်လျှက်ရှိသည့် ကျွမ်းကျင်သူများက သတိပေးလိုက်သည်ဟု ဘင်္ဂလားအခြေစိုက် The Daily Star က ယနေ့ရေးသားသည်။ 


ထို့အပြင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်တမ်းကောက်ယူမှု မပြီးမချင်း နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ အမှန်တကယ် ပျံ့နှံ့မှုအခြေအနေကို မသိရှိနိုင်သေးကြောင်း။ နိုင်ငံတဝှမ်းလုံးရှိ ဆေးရုံများသည် ကိုရိုနာဗိုင်းရပ်စ် ပိုးမတွေ့ရှိပဲ Covid-19 ရောဂါလက္ခဏာဖြင့် သေဆုံးသူများအား ကူးစက်ကပ်ကြောင့် အသက်ဆုံးရှုံးရသူများ စာရင်းတွင် ထည့်သွင်းခဲ့ခြင်းမရှိကြောင်း၊ အသက်ရှူကျပ်သည့် လူနာအရေအတွက်မှာ ယခင် ၁၀-ရက်နှင့်နှိုင်းယှဉ်လျှင် ပိုမိုများပြားလာကြောင်း ဒေါက်တာ အမ်အစ်ကယ်အစ္စလာမ်က ပြောဆိုသည်။ 


ကိုရိုနာဗိုင်းရပ်စ်ရောဂါမှာ ကာကွယ်ဆေး ရသည်ဖြစ်စေ-မရသည်ဖြစ်စေ နိုင်ငံအတွင်းမှ ထွက်ခွာသွားလိမ့်မည် ဟု လွန်ခဲ့သောရက်သတ္တ ၂-ပတ်က ကျန်းမာရေးနှင့်မိသားစုရေးရာဝန်ကြီး ဇာဟစ်မာလစ်က ရှင်းပြခဲ့သည်။ 

  
ကျန်းမာရေး ဝန်ဆောင်မှု အထွေထွေဦးစီးဌာန (DGHS) ၏ အဆိုအရ သြဂုတ်လ ၂၆ ရက်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုအရေအတွက်မှာ ၃ သိန်းကျော်ရှိသည်။ သို့သော် ထိုနေ့အထိ သေဆုံးသူ စုစုပေါင်းမှာ ၄-ထောင်ကျော်နေပြီး လွန်ခဲ့သည့်လအတွင်း၌ နေ့စဉ် ပျမ်းမျှ လူ ၄၀ ခန့် သေဆုံးလျှက်ရှိနေသည်။ 

  
ဗုဒ္ဓဟူးနေ့ကျင်းပသော DGHS ၏ မီဒီယာတွေ့ဆုံပွဲ၌ ခေတ္တညွှန်ကြားရေးမှူးချုပ်ပါမောက္ခ အေဘီအမ်ခါရှစ်အလာမ်က နယ်စပ်ဒေသအနီး၌ ဧရိယာများ၌ ရောဂါကူးစက်မှု မြင့်တက်နေသည်ကို တွေ့ရှိရကြောင်း ပြောဆိုသည်။ အစ်ကယ်အစ္စလာမ်ကမူ ကူးစက်နှုန်းလျှင်မြန်လျှက်ရှိစဉ် ဆေးရုံများမှာ တပ်ဆင်ထားသည့် ကိရိယာများ အခြေအနေအရ ကန့်သတ်ချက်များ ရှိနေကြောင်း၊ ရောဂါလက္ခဏာပြသသူနှင့် ပြသခြင်းမရှိသူတို့ထံမှ ကူးစက်မှု ခွဲခြားတိုင်းတာနှုန်း ကျဆင်းသွားခဲ့ကြောင်း၊ social distancing လူချင်း နီးကပ်မှု ဝေးကွာစေခြင်းနှင့် Mask မျက်နှာဖုံး အသုံးပြုခြင်းတို့ကို ထိထိရောက်ရောက် မလုပ်နိုင်ပါက ကူးစက်မှု မြင့်တက်နေလိမ့်မည်ဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၁၀-ရက်အတွင်း အထူးကြပ်မတ်ကုသဆောင်၌ အောက်ဆီဂျင်ပေးရမည့် လူနာအရေအတွက် ပိုမို တိုးမြင့်လာနေကြောင်း၊ အစိုးရ၏ မှားယွင်းစွာခန့်မှန်းပြောကြားချက်များသည် အခြေအနေကိုပိုမို ဆိုးရွားစေလိမ့်မည်ဟု ဝေဖန် ပြောဆိုသည်။ 

  

အမျိုးသားနည်းပညာအကြံပေးကော်မတီ NTAC အဖွဲ့ဝင် ဗိုင်းရပ်စ်ပိုးမွှားဗေဒပါရဂူ ဒေါက်တာ နာဇူလာအစ္စလာမ်က ပြောကြားရာတွင်မူ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်မှုကို ထိန်းသိမ်းနိုင်သည့် အထောက်အထား မတွေ့ရသေးကြောင်း၊ လွန်ခဲ့သည့်ရက်များအတွင်း ကူးစက်ကြောင်း အတည်ပြုခံရသူ အရေအတွက် ကျဆင်းလာသော်လည် ကူးစက်မှု လျှော့ကျသွားသည်ဟု တပ်အပ် မပြောနိုင်သေးကြောင်း၊ နောက်ထပ် ရက်သတ္တပတ်ခန့် စောင့်ကြည့်ရန် လိုအပ်ပြီး၊ နှစ်ပတ်ဆက်တိုက် ကျဆင်းမှသာ ( အနာဂါတ်တွင် ) ကူးစက်မှု ထိန်းသိမ်းနိုင်တော့မည်ဟု ပြောရလိမ့်မည်ဖြစ်ကြောင်း ၎င်း၏ တွေ့ရှိချက်ကို ရှင်းပြသည်။ 

#ကိုရိုနာဗိုင်းရပ်စ်ဘင်္ဂလားဒက်ရှ် 

((( The Daily Star., August 29, 2020 ,” Covid-19 danger far from over, experts warn.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

https://www.thedailystar.net/frontpage/news/covid-danger-far-over-1952689

0

Leave a Reply

Your email address will not be published.