ဘင်္ဂလားဒက်ရှ်ကို “စစ်မက်ဖြစ်ပွားနေသော ဇုံ “ အတွင်း ထည့်သွင်းပြီး ဓါတ်ပုံတစ်လွဲဖော်ပြမိ၍ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက အနှူးအညွှတ်တောင်းပန်ရ။ ပိန္နဲပင် အချောင်အဆစ်ပါ။

ကျွန်ုပ်တို့၏ အမှားအယွင်းအတွက် ဝမ်းနည်းပါကြောင်း၊ ဘင်္ဂလားဒက်ရှ်ပြည်သူများနှင့် ၎င်းပို့စ်အတွက် စိတ်အနှောက်အယှက်ဖြစ်ရသူ မည်သူမဆို အတိုင်းအဆမရှိ အနှူးအညွှတ်တောင်းပန်ပါကြောင်း၊ ဖော်ပြမိခဲ့သည့် ပို့စ်ကိုလည်း အမှားပြင်ခဲ့ပြီး နောင် အလားတူမမှားယွင်းရအောင် အထူးတလည် သတိစိုက်မည်ဖြစ်ပါကြောင်း ဗြိတိန်အခြေစိုက် နိုင်ငံကာလူ့အခွင့်အရေးဆိုင်ရာအဖွဲ့ကြီး AI က အင်္ဂါနေ့တွင် သတင်းထုတ်ပြန်သည်ဟု ဘင်္ဂလားအခြေစိုက် bdnews24 က ယမန်နေ့ရေးသားသည်။

လွန်ခဲ့သည့် သောကြာနေ့၌ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက ၎င်း၏ Facebook စာမျက်နှာတွင် ပို့စ်တစ်ခုလွှင့်တင်ခဲ့သည်။ ဓါတ်ပုံနှင့်တကွ ပုံစာ ရေးထိုးရာတွင် “ ဘင်္ဂလားဒက်ရှ်နှင့် ကမ္ဘ္ဘ္ဘာတစ်ဝှမ်းလုံးတွင် အချိန်နှင့် နေရာလွဲမှားစွာဖြင့် အပြစ်မဲ့သူတို့မှာ တိုက်ခိုက်ခံရခြင်း၊ အကြမ်းဖက်ခံရခြင်း၊ အသတ်ခံရခြင်းတို့နှင့် ရင်ဆိုင်နေရသည်။ စစ်ပွဲနှင့် ပဋိပက္ခတို့အတွင်း စက်ဆုတ်ဖွယ်စော်ကားမှု့များကို မြင်သာအောင်ဖွင့်ပြရန် ကျွန်ုပ်တို့ တိုက်ပွဲဝင်ပါသည်။ သန်းနှင့်ချီသော ဖြစ်ရပ်ဆိုးများကို လူသိရှင်ကြားဖြစ်အောင် ဖော်ထုတ်နေသူများနှင့် ပူးပေါင်းကြပါ “ ဟု ရေးသားထားသည်။ ထို့ပြင် ပူးတွဲဖော်ပြသည့် ဓါတ်ပုံမှာ စစ်ဒါဏ်ကြောင့် ပျက်စီးလျှက်ရှိသော ဆီးရီးယားနိုင်ငံနောက်ခံနှင့် ကလေး ၂-ဦးပုံ ဖြစ်နေလေသည်။

တွေ့မြင်ရသော ဘင်္ဂလားဒက်ရှ်နိုင်ငံသားတို့သည် မိမိနိုင်ငံတွင် တစ်ခါမှ မမြင်ဖူးသော မြင်ကွင်းအတွက် မင်သက်မိအံ့သြသွားကြပြီးနောက် စိတ်လှုပ်ရှားဖြင့် ကွန်မင့်များ ရေးသားချေပကြသည်။ ယခင်ကလည်း ဘင်္ဂလားဒက်ရှ်နိုင်ငံအား လွတ်မြောက်ရေးစစ်ပွဲကာလအတွင်း လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု့ကျူး လွန်သည်ဟု နိုင်ငံတကာလွတ်ငြိမ်းသာခွင့် အဖွဲ့ကြီးက စွပ်စွဲဖော်ပြခဲ့ဖူးကြောင်း bdnews24 က ရေးသားသည်။

ဘင်္ဂလားဒက်ရှ်လူမှု့ကွန်ယက်အသုံးပြုသူတို့အနေဖြင့် AI ၏ ပို့စ်မှာ အနောက်နိုင်ငံများအကျိုး အတွက် လူအများလွဲမှားယုံကြည်ကြစေရန် အတုပြုလုပ်ခြင်းအဖြစ် ဒေါသထွက် ပေါက်ကွဲကြရသည်။

Bdnews24 နှင့် အဆက်အသွယ်ရရှိသည့် AI ၏ တောင်အာရှ ဒေသန္တရဆိုင်ရာ စီစဉ်ရေးမှူးက ထိုကိစ္စမှာ အဖွဲ့ကြီး၏ ရုံးချုပ်နှင့် သက်ဆိုင်သည်ဟုဆိုပါသည်။ ထို့ပြင် လန်ဒန် AI ရုံးချုပ်က bdnews24 ၏ အီးမေးလ်ကိုလည်း အကြောင်းပြန်ကြားခြင်းမရှိပါ။ နောက်ဆုံးကျမှ Facebook တွင် တောင်းပန်ကြောင်းကြေညာချက်ကို သီးခြားပို့စ် လွှင့်တင်ပါသည်။

ထင်ရှားသော နိုင်ငံကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက ဘင်္ဂလားဒက်ရှ်အား တောင်းပန်စာတွင် ..

“ ဘင်္ဂလားဒက်ရှ်သည် လက်ရှိတောက်လောင်လျှက်ရှိသော စစ်ပွဲ သို့မဟုတ် ပဋိပက္ခဖြစ်ပွားနေသည့်နိုင်ငံများတွင် ပါဝင်ခြင်းမရှိကြောင်း ကျွန်ုပ်တို့ ကောင်းစွာ သိရှိဝန်ခံပါသည်။ ဘင်္ဂလားဒက်ရှ်သည် လောလောဆယ်တွင် မြန်မာနိုင်ငံ၏ လူသားမျိုးနွယ်ဆိုင်ရာ ရာဇဝတ်မှု့များမှ ထွက်ပြေးလာရသည့် ဒုက္ခသည်ဘင်္ဂါလီ ( မူရင်းရိုဟင်ဂျာဟုဖော်ပြ ) တစ်သန်းခန့်ကို လက်ခံထားရသည့် နိုင်ငံသာဖြစ်သည်။ … “ ဟု ရေးသားထားသည်။

(( သူတို့က ဒုက္ခသည်ဘင်္ဂါလီဦးရေ ၁.၃-သန်းမှ ကိုယ်ဝန်ဆောင်တစ်ယောက် အလျော့မခံသည့် #ပူလစ်ဇာတန်းမဝင် ဘင်္ဂလားဒက်ရှ်သတင်းစာတို့သည် AI က ဖော်ပြသည့် ဒုက္ခသည် ၁-သန်းခန့်ဆိုသည်ကို ဘဝကျမည်မထင်ပါ။

ကွကိုယ် ချောက်သုံးမကျ ရေးချင်ရာရေးုပြီး ရွာထဲ ဆူးလှည်းမောင်းသလို မဆီမဆိုင် ပိန္နဲပင် ထည့်ငိုသဖြင့် ကျွန်တော်လည်း AI ကို အလွန် ဆညင်ကပ်ပါသည်။ ။ သတင်းဘာသာပြန်သူ ))

((( bdnews24., 14 Jan 2020,” Amnesty International apologises for ‘erroneous’ post marking Bangladesh ‘war zone’” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန် ဆိုသည်။ )))

https://bdnews24.com/bangladesh/2020/01/14/amnesty-international-apologises-for-erroneous-post-marking-bangladesh-war-zone

#ဘငြျဂလားဒကရြြှကိုနိုငငြံတကာလှတငြှိမြးခမွြးသာခှငြ့အဖှဲ့ကှီးအနှူးအညှှတတြောငြးပနြ

0

Leave a Reply

Your email address will not be published.