ဘင်္ဂလားဒက်ရှ်တစ်ဝှမ်းလုံး Lockdown ချထားစဉ် ဒါကာမြို့သို့ ထောင်ပေါင်းများစွာသော အထည်ချုပ်စက်ရုံအလုပ်သမတို့ မိုင်ချီ လမ်းလျှောက်ပြန်လာနေ။ အစိုးရအမိန့်နှင့် စက်ရုံပိုင်ရှင်တို့ ညွှန်ကြားချက်များ ကွဲလွဲလျှက်ရှိ။

ဘင်္ဂလားဒက်ရှ်အလုပ်သမအနေဖြင့် အစိုးရ၏အမိန့် သို့မဟုတ် စက်ရုံပိုင်ရှင်များ၏ ညွှန်ကြားချက်များအပေါ် မည်သည့်ဘက်သို့ လိုက်နာရမည်ကို ဝေခွဲမရဖြစ်နေစဉ် အဆိုပါစက်ရုံများ၏ စီမံခန့်ခွဲရေးအဖွဲ့များကလည်း အလုပ်သမားများအတွက် ကူးစက်ရောဂါလုံခြုံရေး စည်းမျဉ်းများ စိတ်ချသေချာကြောင်း ပြောဆိုလျှက်ရှိသည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကာကွယ်ရေးအတွက် နိုင်ငံတစ်ဝှမ်းလုံး၌ တားဆီးပိတ်ဆို့မှုများ ပြဋ္ဌာန်းထားရသည့် ဘင်္ဂလားဒက်ရှ်တွင် ထောင်နှင့်ချီသော ရယ်ဒီမိတ်အထည်ချုပ် (RMG) လုပ်သမများက ၎င်းတို့စက်ရုံရှိရာ ဒါကာခရိုင် ၃-ခုဆီသို့ မိုင်ပေါင်းများစွာ ခြေလျှင်လျှောက်လျှက် ဦးတည်ပြန်သွားနေကြသည်ဆို၏။

တနင်္ဂနွေနေ့နံနက်ပိုင်းတွင် ဒါကာမြို့အဝင် တံတားပေါ်ရောက် အလုပ်သမား ရာပေါင်းများစွာတို့အား ရဲတပ်ဖွဲ့က မြို့တွင်းဝင်ရောက်ခွင့်မပြုပဲ တားဆီးလျှက်ရှိသည်။ အလုပ်သမများအနေဖြင့် တနင်္ဂနွေနေ့အရောက် စက်ရုံသို့ ပြန်မဝင်နိုင်လျှင် အလုပ်ပြုတ်ရမည်ကို စိုးရွံ့လျှက်ရှိပြီး ရဲတပ်ဖွဲ့ဝင်များကလည်း ရောဂါကူးစက်မှုဟန့်တားရန် အစိုးရအမိန့်အရ မည်သူတစ်ဦးတစ်ယောက်ကိုမျှ မြို့တွင်း ဝင်ခွင့်မပြုနိုင်ကြောင်း ငြင်းဆန်လျှက်ရှိသည်ဟုသိရှိရသည်။

နိုင်ငံတဝှမ်းနေသူများအားလုံး နေအိမ်များ၌သာ နေထိုင်ကြရန် အစိုးရက အမိန့်ထုတ်ပြန်ထားစဉ် အလုပ်သမားများ အလုပ်ပြန်ဝင်ရမည်ဟု စက်ရုံပိုင်ရှင်များက ဒုတိယအကြိမ် ညွှန်ကြားချက်ထုတ်ပြန်ခြင်းမှာ အလုပ်သမားများအတွက် စိတ်ပျက်စရာဖြစ်ခဲ့ရသည်။ ယခင်အလုပ်ရုံများပိတ်ကြောင်း ကြေညာထားခဲ့သည့် နာအေယန်ဂန်းရှိစက်ရုံ ထက်ဝက်တို့မှာ တနင်္ဂနွေနေ့တွင် လုပ်ငန်းများ ပြန်လည် စတင်ပြီဖြစ်ရာ အလုပ်သမားရာပေါင်းများစွာတို့အတွက် Lockdown တားဆီးပိတ်ဆို့ထားဆဲမှ စက်ရုံအရောက် ပြန်သွားကြရန်သာ ရှိနေသည်။

ရဲတပ်ဖွဲ့၏အဆိုအရ လုပ်သားအင်အားအပြည့်ဖြင့် အလုပ်လုပ်မည့် စက်ရုံတို့တွင် အနည်းဆုံးစက်ရုံ ၉၁ ခုတို့ မှာ အကန့်အသတ်ဖြင့်သာ လည်ပတ်နေခြင်းဖြစ်ကြောင်း ရှင်းပြသည်။ ဘင်္ဂလားဒက်ရှ်အလုပ်သမားအနေဖြင့် အစိုးရ၏အမိန့် သို့မဟုတ် စက်ရုံပိုင်ရှင်များ၏ ညွှန်ကြားချက်များအပေါ် မည်သည့်ဘက်သို့ လိုက်နာရမည်ကို ဝေခွဲမရဖြစ်နေစဉ် အဆိုပါစက်ရုံများ၏ စီမံခန့်ခွဲရေးအဖွဲ့များကလည်း အလုပ်သမားများအတွက် ကူးစက်ရောဂါလုံခြုံရေးစည်းမျဉ်းများအတိုင်း စံနစ်တကျထိန်းသိမ်းထားရှိကြောင်း ပြောဆိုလျှက်ရှိသည်။

တနင်္ဂနွေနေ့မှစတင်၍ ဂါဇီပူရ်ခရိုင်ရှိ စက်ရုံများအနေဖြင့် WHO ပြဋ္ဌာန်းသည့် စည်းကမ်းအတိုင်း အကန့်အသတ်ဖြင့် ဖွင့်လှစ်သည်ဆိုခြင်းမှာ အနီးအနား မြို့နယ်များမှ အလုပ်သမားများအင်အားဖြင့် လည်ပတ်နေခြင်းဖြစ်ကြောင်း စက်ရုံများထံမှရရှိသည့် သတင်းရင်းမြစ်များအရ သိရှိရသည်။

သို့သော် သတင်းမီဒီယာတို့ မျက်မြင်ကွင်းဆင်းကြည့်ရှု့စဉ် စက်ရုံအဝင်အထွက် တံခါးပေါက်ဝများ၌သာ လက်ဆေးပစ္စည်းများ တပ်ဆင်ပေးထားပြီး ကျန်နေရာများတွင် မည်သည့် အပြောင်းအလဲမျှ မတွေ့ခဲ့ရချေ။

လူအချင်းချင်း နီးကပ်မှုလျှော့ချသည့် Social Distancing ပြဌာန်းချက်များကို ပေါ့ဆစွာ သဘောထားခဲ့လျှင် လူထောင်ပေါင်းများစွာ ရောဂါပိုးကူးစက်၍ အသက်အန္တရာယ်ဖြစ်လာမည်ကို အလုပ်သမားများက စိုးရွံ့လျှက်ရှိသည်။

ဂါဇီပူရ်ခရိုင် လက်ထောက်ကော်မရှင်နာဖြစ်သူ အက်စ်အမ်တာရီကူလ်အစ္စလာမ်က ပြောကြားရာတွင်မူ စက်ရုံများ တစ်စိတ်တစ်ဒေသ ပြန်လည်ဖွင့်လှစ်ရန် အရေးကြီးသကဲ့သို့ အလုပ်သမားများ၏ ရောဂါပိုးမွှားလုံခြုံရေးမှာလည်း အရေးပါကြောင်း၊ ကျန်းမာရေးလုံခြုံမှု အစီအမံများ စံနစ်ကျသေချာစေရန် ဥပဒေစိုးမိုးရေးကိုယ်စားလှယ်များက နေ့ရောညပါ စိုးရိမ်တကြီး စောင့်ကြပ့်ကြပ်မတ်လျှက်ရှိသည်ဆိုပါသည်။

((( Dhaka Tribune., April 27, 2020, “Thousands of RMG workers return to Dhaka.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ကိုရိုနာဗိုင်းရပ်စ်ဘင်္ဂလားဒက်ရှ်အထည်ချုပ်စက်ရုံလုပ်သားတို့မိုင်ပေါင်းများစွာခြေလျှင်ပြန်လာနေ

https://www.dhakatribune.com/bangladesh/nation/2020/04/27/thousands-of-rmg-workers-return-to-dhaka

https://www.bangkokpost.com/world/1908360/bangladesh-garment-factories-reopen-defying-virus-lockdown

http://www.dailymirror.lk/features/Bangladeshs-garment-industry-unravelling/185-187239

0

Leave a Reply

Your email address will not be published.