ဘင်္ဂလားဒက်ရှ်တပ်မတော်တွင် ယခင်စစ်မှုထမ်းဟောင်းများ အပါအဝင် လက်ရှိ တပ်ဖွဲ့ဝင်များနှင့် မှီခိုသူ စုစုပေါင်း ၁,၃၆၃-ဦးတို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရဟုဆို၊ ကြောက်မက်ဖွယ် Covid-19 ရောဂါဖြင့် ၁၀-ဦး သေဆုံးခဲ့။

ဘင်္ဂလားဒက်ရှ်တပ်မတော်တွင် လက်ရှိတပ်ဖွဲ့ဝင်များနှင့် မှီခိုသူ စုစုပေါင်း ၁,၃၆၃-ဦးတို့မှာ Covid-19 ရောဂါပိုး စွဲကပ်ခံခဲ့ရသည်ဟု ဘင်္ဂလားအခြေစိုက် Dhaka Tribune က ယနေ့ရေးသားသည်။

ကြောက်မက်ဖွယ် ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ယခင်စစ်မှုထမ်းဟောင်းများအပါအဝင် လက်ရှိတပ်ဖွဲ့ဝင် ၁၀-ဦးတို့မှာ အသက်ဆုံးရှုံးခဲ့ကြရသည်ဆို၏။ ၎င်းတို့တွင် ၂-ဦးမှာ လက်ရှိတာဝန်ထမ်းဆောင်ဆဲ စစ်သည်များ ဖြစ်ကြပြီး ကျန် ၈-ဦးမှာ အသက် ၆၀- နှစ်အထက် အငြိမ်းစားများဖြစ်ကြောင်း၊ ကျန် အရေအတွက်တို့၌ အချို့တွင် အခြားကျန်းမာရေးဆိုင်ရာ ပြဿနာများရှိသော်လည်း Covid- 19 မဟုတ်ကြောင်း သိရှိရသည်။

ယနေ့နံနက်ပိုင်းအထိ ဘင်္ဂလားဒက်ရှ်နိုင်ငံတွင် Covid-19 ကူးစက်မှုပေါင်း ၃၀,၂၀၅ – ကြိမ်ဖြစ်ပွားခဲ့၍ လက်ရှိလူနာ ၂၃,၅၈၃-ဦး ရှိနေသည်။ လူပေါင်း ၄၃၂-ဦး သေဆုံးခဲ့ပြီး ကုသပျောက်ကင်းသူ ၆,၁၉၀-ဦးရှိ သည်။ လူဦးရေ ၁၆၄-သန်းနေထိုင်သော တိုင်းပြည်၌ ကိုရိုနာဗိုင်းရပ်စ် ရှိ-မရှိ လူ ၁-သန်းလျှင် ၁,၃၆၂-ဦးကို စစ်ဆေးပေးနိုင်ခဲ့သည်။လောလောဆယ် တစ်နိုင်ငံလုံးတွင် ရောဂါပိုးစစ်ဆေးရေးဋ္ဌာနခွဲပေါင်း ၃၇-ခုရှိနေပြီး ယခုလကုန်တွင် နောက်ထပ် စစ်ဆေးရေးဋ္ဌာန ၁၃-ခု ထပ်မံတိုးချဲ့ဖွင့်လှစ်ပြီး နေ့စဉ် လူ ၁-သောင်းနှုန်း စစ်ဆေးပေးတော့မည်ဖြစ်သည်။

(( နိုင်ငံတွင် အဏုဇီဝဗေဒပညာရှင် မလုံလောက်သဖြင့် လူ ၂-သိန်းခန့်ကို ကိုရိုနာဗိုင်းရပ်စ်စစ် ဆေးပေး နိုင်ခြင်းမရှိဆိုသည်မှာ အတော်စဉ်းစားရပါသည်။ Microbiology ကဲ့သို့ ထွန်းသစ် သိပ္ပံပညာရပ်ကို ဖွံ့ဖြိုးဆဲ နိုင်ငံငယ်များတွင် ပို့ချပေးနိုင်သည်မှာ ဆယ်စုနှစ်အနည်းငယ်မျှသာ ရှိသေးကြောင်း အမှန်ဖြစ်ပါသည်။

သို့သော် လူဦးရေ ၇-သန်းသာရှိသည့် လောကဲ့သို့ ဖွံံ့ဖြိုးဆဲနိုင်ငံငယ်လေး၏ Covid-19 စစ်ဆေးပေးနိုင် နှုန်းမှာ လူ ၁-သန်းလျှင် ၆၉၄-ယောက်နှုန်းရှိနေကြောင်း worldometer အရ သိရှိရသည်။

ရန်ကုန်မြို့တော်လူဦးရေမျှသာရှိသော လောနိုင်ငံတွင် အဏုဇီဝပညာရှင်ဦးရေမှာလည်း အမှန်တကယ်ပင် နည်းပါးနိုင်ပါသဖြင့် ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးရေးဆိုသည်မှာ လက်ဝင်-အဆင့်မြင့် ခက်ခဲသည်မှန်သော်လည်း ထမနဲထိုးသကဲ့ ချွေးတလုံးလုံးနှင့် လူအလုံးအရင်း အားစိုက်ရဟန် မပေါ်ပါတကားဟု စဉ်းစားမိပါသည်။

လတ်တလော ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကပ်ရောဂါကျရောက်လျှက်ရှိသော ကမ္ဘာကြီးတွင် ကပ်ရောဂါ ကာကွယ်-တားဆီး-ကုသရေး၌ စီမံခန့်ခွဲမှုတွင် နာမည်ကောင်းထွက်သူများတွင် အမျိုးသမီး ခေါင်း ဆောင်အများစုမှာ ရှေ့တန်းမှ ဦးဆောင်လျှက်ရှိသည်။

အသက် ၇၂-နှစ်ရှိပြီဖြစ်သော ဘင်္ဂလားဒက်ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာသည် ထိုသို့ ထူးချွန်စွာ စီမံခန့်ခွဲနိုင် သည့် အမျိုးသမီး ခေါင်း ဆောင်များအနက် တစ်ဦးအပါအဝင်အဖြစ် Forbes မဂ္ဂဇင်း၏ ရွေးချယ်ခြင်း ခံရ သည်။လရှိတ်ဟာစီနာ၏ ဖခင်ဖြစ်သူ ရှိတ်မူဂျီဘူရာမန်၊ မိခင်နှင့် အစ်ကို ၃-ဦးမှာ ၁၉၇၅-ခုနှစ် ဘင်္ဂလား ဒက်ရှ်တပ်မတော်အရာရှိတစ်စု၏ မအောင်မြင်သော အာဏာသိမ်းမှု့တွင် သတ်ဖြတ်ခြင်း ခံခဲ့ရသည်။

ဘင်္ဂလားဒက်ရှ်တပ်မတော်သည် နိုင်ငံ၏ အဓိကနိုင်ငံရေးပါတီကြီး ၂-ခု၏ အားပြိုင်မှုများကြောင့် မငြိမ် မသက်ဖြစ်ရာတွင် ဝင်ရောက် ထိန်းသိမ်းခဲ့ရသဖြင့် နိုင်ငံရေး သြဇာကြီးမားလျှက်ရှိသည်မှာ ဖွဲ့စည်းပုံတွင် မပါဝင်ချေ။ ထို့ပြင် ဦးပိုင်ကဲ့သို့သော စီးပွားရေးလုပ်ငန်းများစွာတို့တွင် လုပ်ကိုင်ခွင့်ရရှိထားသည်။ ရှိတ်ဟာစီနာသည် ၎င်းနိုင်ငံ၏ ကာကွယ်ရေးဆိုင်ရာမဟာဗျူဟာအတွက် ဘင်္ဂလားဒက်ရှ်တပ်မတော်အား ကောင်းစွာ ခေတ်မှအင်အားတောင့်တင်းစေရန်တည်ဆောက်ပေးနိုင်ကြောင်း တွေ့ရှိရသည်။

ဘင်္ဂလားဒက်ရှ်တွင် ယခုနှစ် ကာကွယ်ရေးအသုံးစရိတ် အမေရိကန်ဒေါ်လာ ၃.၈ ဘီလျှံသုံးစွဲလျှက်ရှိပြီး၊ ကမ္ဘာ့နိုင်ငံပေါင်း ၁၃၈-နိုင်ငံအနက် စစ်အင်အား အဆင့် ၄၆ ဖြစ်သည်။ မြန်မာသည် ကာကွယ်ရေး အသုံးစရိတ် အမေရိကန်ဒေါ်လာ ၂.၆၅ ဘီလျှံ နိုင်ငံတကာစစ်အင်အား အဆင့် ၃၅-ဖြစ်ကြောင်း Global Firepower 2020 အရ သိရှိရသည်။        ။ သတင်းဘာသာပြန်သူ ))

https://www.dhakatribune.com/bangladesh/2020/05/23/10-armed-forces-members-die-of-covid-19

https://www.worldometers.info/coronavirus/

https://www.dhakatribune.com/bangladesh/2020/05/11/45-million-people-have-received-govt-relief-so-far

https://www.dhakatribune.com/health/coronavirus/2020/05/11/govt-to-conduct-10-000-covid-tests-per-day-by-the-end-of-may

https://www.forbes.com/sites/avivahwittenbergcox/2020/04/22/8-more-women-leaders-facing-the-coronavirus-crisis/#14d493e3288f

https://www.thedailystar.net/august-15-special-coverage/aug-15-world-media-1269661

https://www.globalfirepower.com/

#ကိုရိုနာဗိုင်းရပ်စ်ညစ်ညမ်းမျက်နှာပြင်နှင့်တိရစ္ဆာန်များမှ အလွယ်မကူးစက်နိုင်ဟုCDCပြော

((( Dhaka Tribune., May 23, 2020, “10 Armed Forces members die of Covid-19 .” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

0

Leave a Reply

Your email address will not be published.