ဘင်္ဂလားဒက်ရှ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြင့် ၂၄-နာရီအတွင်း နောက်ထပ် ၃-ဦးသေဆုံး။ Covid-19 ဖြင့် အသက်ဆုံးရှုံးရသူ စုစုပေါင်း ၂၀ -ဦးဖြစ်လာ။

ဘင်္ဂလားဒက်ရှ်နိုင်ငံတွင် Covid-19 ရောဂါဖြင့် ၂၄-နာရီအတွင်း နောက်ထပ် ၃-ဦးသေဆုံးခြင်းဖြင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် အသက်ဆုံးရှုံးရသူ စုစုပေါင်း ၂၀ -ဦးဖြစ်လာသည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။

ဗုဒ္ဓဟူး ( ယနေ့ ) တွင် ဒါကာမြို့၌ ကျင်းပသော သတင်းစာတွေ့ဆုံပွဲ၌ ကူးစက်ဗေဒ၊ ရောဂါထိန်းချုပ်ရေးနှင့် သုတေသနဆိုင်ရာအင်စတီကျု့ဒ် ( IEDCR ) ၏ ညွှန်ကြားရေးမှူး ဒေါက်တာမာဂျာဒီဆဗရီနာက ပြောကြားရာ၌ ၂၄-နာရီအတွင်း သေဆုံး- ၃ဦး၊ ကူးစက်ခံရသူ ၅၄-ဦးဖြင့် အရေအတွက်ထပ်မံတိုးမြင့်လာသော်လည်း ယနေ့အတွက် ကုသပျောက်ကင်းသူ မရှိခဲ့ကြောင်း ပါရှိသည်။

ကနဦး တရုတ်နိုင်ငံ ဝူဟန်မြို့တွင် စတင်ဖြစ်ပွားသည့် Covid-19 မှာ အသစ်တွေ့ရှိရသည့် ကိုရိုနာဗိုင်းရပ်စ်အမျိုးအစားဖြစ်ပြီး ယခုအခါ ကမ္ဘာတစ်လွှား နိုင်ငံနှင့် နယ်မြေပေါင်း ၂၀၉-ခုသို့တိုင်အောင် ကူးစက်ပျံ့နှံ့လျှက်ရှိသည်။

ယနေ့ မြန်မာစံတော်ချိန် ညနေ ၀၄း၂၂ နာရီအထိ ဘင်္ဂလားဒက်ရှ်နိုင်ငံ၏ Covid- 19 ရောဂါ ကူးစက်ခံရမှု အခြေအနေမှာ ရောဂါပိုး စွဲကပ်ခံရအတည်ပြုမှုပေါင်း ၂၁၈ – ကြိမ်၊ သေဆုံး – ၂၀-ဦး၊ ကုသပျောက်ကင်းသူ – ၃၃- ဦး ရှိခဲ့ပြီး ဆက်လက်ကုသပေးနေရသူ ၁၆၅-ဦး ရှိကြောင်း၊ တစ်နိုင်ငံလုံးတွင် ၄,၂၈၉ -ဦးကို ရောဂါပိုးရှိ-မရှိ စစ်ဆေးပေးခဲ့၍ လူဦးရေ ၁-သန်းလျှင် ၂၆ – ဦး နှုန်းဖြစ်ကြောင်း အချိန်နှင့် တစ်ပြေးညီ မှတ်တမ်းပြုစုလျှက် ရှိသည့် worldometers က ယနေ့ဖော်ပြသည်။

((( Dhaka Tribune., 08 Apr 2020 , “Coronavirus: Bangladesh records highest number of infections so far, 54 infected, 3 die in 24hrs

” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်။ ပူးတွဲပါ ဓါတ်ပုံ ၁-ပုံမှာ bdnews24 မှ အကြောင်းအရာတူ သတင်းမှ ဖြစ်ပါသည် ။ )))

https://bdnews24.com/bangladesh/2020/04/08/bangladeshs-coronavirus-death-toll-hits-20-as-new-cases-surge

https://www.dhakatribune.com/bangladesh/2020/04/08/coronavirus-3-more-die-in-bangladesh

https://www.worldometers.info/coronavirus/

#ကိုဗစ်-နိုင်တင်းဘင်္ဂလားဒက်ရှ်အခြေအနေ

Leave a Reply

Your email address will not be published.