ဘင်္ဂလားဒက်ရှ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်-သေဆုံးဦးရေ အမြင့်ဆုံးအရေအတွက် ဖြစ်လာ။ ၃,၈၆၂-ဦးထပ်မံတွေ့ရှိ၊ ၅၃-ဦးသေဆုံး၊ Lock down ၂၁-ရက်သို့ တိုးမြှင့်၊ အနီရောင်ဇုန်သတ်မှတ်မှု ထပ်မံတိုးချဲ့၍ ဘင်္ဂလားဒက်ရှ်တပ်မတော်သားများ ကင်းလှည့် စောင့်ကြပ်မှု အရှိန်မြှင့်

ကိုရိုနာဗိုင်းရပ်စ်ရောဂါကပ် ကျရောက်လျှက်ရှိသော ဘင်္ဂလားဒက်ရှ်နိုင်ငံတွင် ရောဂါပိုးကူးစက်လျှက်ရှိသူ ၃,၈၆၂-ဦးကို ၂၄-နာရီအတွင်း ထပ်မံတွေ့ရှိခြင်းဖြင့် စုစုပေါင်း ကူးစက်ခံရသူ ၉၄,၄၈၁-ဦး ဖြစ်လာကြောင်း၊ အလားတူပင် သေဆုံးမှုမှာလည်း ၅၄-ဦးဖြစ်သဖြင့် ၁-ရက်အတွင်း အများဆုံးအရေအတွက်ဖြစ်လာသည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။
နိုင်ငံတစ်ဝှမ်း ကူးစက်ရောဂါ ပြန့်ပွားမှု ပြင်းထန်လာသည့်အတွက် Red Zone အနီရောင်ဇုန် သတ်မှတ်ထားသောဧရိယာများတွင် လူအများသွားလာလှုပ်ရှားကြရာတွင် ရောဂါကူးစက်မှုဟန့်တားရေးအတွက် အစိုးရပြဋ္ဌာန်းထားသည့်အတိုင်း လိုက်နာကြစေရန် ဘင်္ဂလားဒက်ရှ်တပ်မတော်က ကင်းလှည့်မှုစောင့်ကြပ်မှုကို တိုးမြှင့်ထားကြောင်း သိရှိရသည်။

အသက်ဘေးထိခိုက်စေနိုင်သော ဗိုင်းရပ်စ်ပျံ့နှံ့မှုကို တားဆီးရန်အတွက် ဒါကာမြို့တော် မြောက်ပိုင်းနှင့်တောင်ပိုင်းမှ ဧရိယာ ၄၅-ခုအား အနီရောင်ဇုန်သတ်မှတ်ထားကြောင်း၊ Lock dwon တားဆီးပိတ်ဆို့ခြင်းများကို စမ်းသပ်မှုအနေဖြင့် ဧရိယာတစ်ခုမှစတင်ကာ တဖြည်းဖြည်း ဆက်လက်ဆောင်ရွက်သွားမည်ဆို၏။

တနင်္လာနေ့ အာဏာပိုင်များ၏ သတင်းထုတ်ပြန်ချက်အရ အနီရောင်ဇုန်အဖြစ်သတ်မှတ်ခံရသည့်ဧရိယာများရှိ အစိုးရရုံးများနှင့် စီးပွားရေးလုပ်ငန်းများအားလုံးကို ဆက်လက်ပိတ်ထားမည်ဖြစ်ပြီး အဝါရောင်နှင့်အစိမ်းရောင်ဇုန်များရှိ အစိုးရရုံးများကိုမူ အကန့်အသတ်ဖြင့်သာ ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင်လူအများ သွားလာလှုပ်ရှားမှုကန့်သတ်ခြင်းများကို ဇွန်လ ၃၀-ရက်နေ့အထိ ၂၁-ရက်ကြာ ဆက်လက်ပြဋ္ဌာန်းထားမည်ဖြစ်ပြီး ဒေသန္တရအုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအေဂျင်စီများအား ဘင်္ဂလားဒက်ရှ်တပ်မတော်သားများက ကူညီဆောင်ရွက်ပေးမည်ဖြစ်သည်။

((( Dhaka Tribune., June 16, 2020, “Covid-19: Bangladesh records highest death toll, new cases in 24hrs ” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ကိုရိုနာဗိုင်းရပ်စ်ဘင်္ဂလားဒက်ရှ်

https://www.dhakatribune.com/bangladesh/2020/06/16/covid-19-bangladesh-makes-new-record-with-53-deaths-in-24hrs

https://www.dhakatribune.com/bangladesh/military-affairs/2020/06/16/army-patrols-intensified-in-red-zones

https://www.dhakatribune.com/bangladesh/2020/06/15/govt-extends-restrictions-on-movement-till-june-30?fbclid=IwAR1Ma4ylDhKCu9jTshThLTM53ONBYZ29hlCyqblSerRYY13WI1nRsXdPC-M

https://www.dhakatribune.com/bangladesh/dhaka/2020/06/14/covid-19-45-areas-of-dhaka-city-designated-as-red-zones?fbclid=IwAR3PQWmKHW1vElJsR8w7ARc0YjCRNNb8IVXFIYZ5lKFdKQrSNEVk1QM5tu8

1+

Leave a Reply

Your email address will not be published.