ဘင်္ဂလားဒက်ရှ်တွင် ယနေ့မှစ၍ နောက် ၃-၄ ရက်အထိ အအေးလှိုင်းဖြတ်သန်းမည့် သတိပေးချက် ထုတ်ပြန် ။ ၁၂ ဒီဂရီအထိ အပူချိန်ကျဆင်းခဲ့ပြီး မြောက်ပိုင်းတွင် ၆ ဒီဂရီ ဆဲလ်စီးယပ်ရှိခဲ့

ဘင်္ဂလားဒက်ရှ်နိုင်ငံအားဖြတ်သန်းလျှက်ရှိသည့် အအေးလှိုင်းသည် အထူးသဖြင့် နိုင်ငံ့အနောက်မြောက်ပိုင်း ခရိုင်များနှင့် ဒါကာမြို့တော်အထိ ကျယ်ပြန့်မည်ဖြစ်ပြီး ယနေ့မှစ၍ နောက် ၃-၄ ရက်အထိ အပူချိန်ကျဆင်းလျှက်ရှိနိုင်ကြောင်း မိုးလေဝသဋ္ဌာနက သတင်းထုတ်ပြန်သည်ဟု ဘင်္ဂလားအခြစိုက် The Daily Star က ယနေ့ရေးသားသည်။

မြောက်ပိုင်းနှင့် အလယ်ပိုင်းခရိုင်များသည် အခြားခရိုင်များထက် အအေးဓါတ်ပိုမိုလျှက်သည်။ ဒါကာခရိုင်တွင် အပူချိန် ၁၁.၆ ဒီဂရီဆဲလ်စီးယပ်သို့ ကျဆင်းခဲ့ပြီး ယမန့် အပူချိန်မှာ ၁၂.၅ ဒီဂရီဆဲလ်စီးယပ်နှင့် လေတိုက်နှုန်း ၅ မိုင်မှ ၆ မိုင်အတွင်း ဖြစ်ပေါ်ခဲ့သည်ဆို၏။

ယနေ့နံနက် ၆ နာရီအချိန် ဘင်္ဂလားဒက်ရှ်မိုးလေဝသဋ္ဌာနခန့်မှန်းချက်အရ မြစ်ဝှမ်းပိုင်းတွင် မြူနှင်း အသင့်အတင့်မှ ထူထပ်စွာကျဆင်းမည်ဖြစ်ကြောင်း သတိပေးထားသည်။ မြောက်ပိုင်း တီတူလီယာခရိုင်သည် နိုင်ငံအတွင်း အအေးဆုံးအဖြစ် စံချိန်တင်ခဲ့ပြီး ယနေ့အပူချိန် ၆ ဒီဂရီ ဆဲလ်စီးယပ်ရှိခဲ့သည်။

ဟိမဝန္တာမှ ဆင်းသက်လာသော လေအေးလှိုင်းများကြောင့် ဘင်္ဂလားဒက်ရှ်တွင် အပူချိန်ကျဆင်းခြင်းများဖြစ်ပေါ်ခဲ့ရပြီး အအေးဓါတ်လွန်ကဲခြင်း မြူနှင်းများ သိပ်သည်းစွာကျဆင်းခြင်းကြောင့် ကောက်ရိတ်သိမ်းမည့် လယ်သမားများ အခက်တွေ့လျှက်ရှိသည့် သတင်းများရရှိသည်ဟု The Daily Star က ဆက်လက်ဖောြ်ပသည်။

((( The Daily Star., January 07, 2020,” Cold wave to continue for 3-4 days.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.thedailystar.net/environment/cold-weather-in-bangladesh-continue-3-4-days-1850746 .

#ဘင်္ဂလားဒက်ရှ်အအေးလှိုင်းကျရောက်

Leave a Reply

Your email address will not be published.