ဘင်္ဂလားဒက်ရှ်တွင် ရက်သတ္တ ၅-ပတ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြင့် ၁-ရက်တည်း သေဆုံးသူဦးရေ ဒုတိယအနိမ့်ဆုံးသို့ ကျဆင်း။ ၁-ရက်အတွင်း စစ်ဆေးနိုင်မှုမှာလည်း ၁၁,၀၀၀ ကျော်မျှ အထိ လျှော့နည်း။ စမ်းသပ်ကိရိယာ မလုံမလောက်ဖြစ်နေခြင်းမရှိဟု ဘင်္ဂလားဒက်ရှ်အစိုးရ ငြင်းဆို

ယမန်နေ့ ဘင်္ဂလားဒက်ရှ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြင့် ၂၄-နာရီအတွင်း သေဆုံးသူ ၃၀ ထပ်မံတွေ့ရှိရသော်လည်း ဇွန်လ ၅ -ရက်နေ့နောက်ပိုင်း ဒုတိယမြောက် သေဆုံးသူအနည်းဆုံးရက်ဖြစ်သည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။

ဇွန်လ ၃၀ ရက်နေ့မူ သေဆုံးသူ ၆၄ -ဦးဖြင့် အများဆုံးဖြစ်ခဲ့သည်။ ဇူလိုင် ၄-ရက်နေ့တွင် သေဆုံးသူ ၂၉-ဦးရှိပြီး ယမန်နေ့မှ ယနေ့နံနက်ပိုင်းအထိ ၂၄-နာရီအတွင်း လူ ၃၀ သေဆုံးသဖြင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၂,၃၀၅-ဦး ရှိသွားပြီဖြစ်သည်။

ဘင်္ဂလားဒက်ရှ် ကျန်းမာရေးဝန်ဆောင်မှုဆိုင်ရာညွှန်ကြားမှုဦးစီးဋ္ဌာန ( DGHS ) ၏ ယနေ့နံနက်သတင်းထုတ်ပြန်ချက်အရ ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီးနောက် ၁.၂၇ ရာခိုင်နှုန်းတို့မှာ ကွဲပြားခြားနားသော ဆေးရုံအသီးသီးတွင် သေဆုံးလျှက်ရှိသည်။ သေဆုံးသူများတွင် အမျိုးသား ၁,၈၂၄ – ဦး (၇၉.၁၃%) နှင့် အမျိုးသမီး ၄၈၁-ဦး (၂၀.၈၇%) တို့ပါဝင်သည်ဟု ဖော်ပြထားသည်။

ထိုစဉ်အတွင်း စမ်းသပ်ကိရိယာ မလုံမလောက်ဖြစ်နေကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ရှိ- မရှိ စစ်ဆေးနိုင်သူ အရေအတွက်မှာ ယမန်နေ့မှ ယနေ့နံနက်ပိုင်းအထိ ၂၄-နာရီအတွင်း ၁၁,၁၉၃-ဦးကိုသာ စစ်ဆေးပေးနိုင်သဖြင့် ရက်သတ္တ ၆-ပတ်အတွင်း အနည်းဆုံးအရေအတွက်ဖြစ်ကြောင်း ယနေ့ Dhaka Tribune ၏ အခြားသတင်းတစ်ပုဒ်တွင် တွေ့ရှိရသည်။

၎င်းတို့အနက် ၂,၆၈၆-ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်လျှက်ရှိကြောင်းအတည်ပြုရသဖြင့် ဘင်္ဂလားဒက်ရှ်နိုင်ငံတွင် ယခုအချိန်ထိ ကူးစက်ခံရသူ စုစုပေါင်း ( ၁-သိန်းကျော် ၂-သိန်းနီးပါး ) ၁၈၁,၁၂၉-ဦး ဖြစ်လာခဲ့ရာ ကူးစက်ခံရမှု ကမ္ဘာ့အဆင့် ၁၇- တွင် ရပ်တည်နေသည်။

မေ ၃၀-ရက်နေ့တွင် တစ်ရက်အတွင်းစစ်ဆေးပေးနိုင်သူ ၉,၉၈၇-ဦး ( ပိုးတွေ့ ၁,၇၆၄-ဦး ) သာရှိခဲ့ရာမှ နောက်ပိုင်းရက်များတွင် အရေအတွက် တိုးမြင့်လာခဲ့သည်။ ဇွန် ၂၆-ရက်နေ့မှာ ၁၈,၄၉၈-ဦး ( ပိုးတွေ့ ၃,၈၆၈-ဦး ) ဖြင့် ၁-ရက်အတွင်း အများဆုံးအရေအတွက် ဖြစ်ခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါ စမ်းသပ်ကိရိယာများ မလုံမလောက်ဖြစ်နေသည်ဟူသောသတင်းမှာ ကောလဟလသာဖြစ်ကြောင်း ဘင်္ဂလားဒက်ရှ်ကျန်းမာရေးဝန်ကြီးဋ္ဌာနက ငြင်းဆိုသည်။

စမ်းသပ်မှုအရေအတွက် တဖြည်းဖြည်းတိုးမြှင့်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း ယခုကဲ့သို့ ကျဆင်းလျှက်ရှိခြင်းမှာ ယခင်ပြောဆိုချက်နှင့် ပြောင်းပြန်ဖြစ်နေကြောင်း သတင်း၌ ဆက်လက်ဖော်ပြသည်။

((( Dhaka Tribune., July 11th, 2020, “Covid-19: Bangladesh sees second lowest single-day death toll in 5 weeks.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ကိုရိုနာဗိုင်းရပ်စ်_ဘင်္ဂလားဒက်ရှ်_စမ်းသပ်နှင့်_သေဆုံးအရေအတွက်ကျဆင်း

https://www.dhakatribune.com/health/coronavirus/2020/07/11/covid-19-bangladesh-sees-second-lowest-single-day-death-toll-in-5-weeks

https://www.dhakatribune.com/health/coronavirus/2020/07/11/bangladesh-conducts-lowest-covid-19-tests-since-may-30

https://www.worldometers.info/coronavirus/

0

Leave a Reply

Your email address will not be published.