ဘင်္ဂလားဒက်ရှ်တွင် လျှပ်စစ်လိုအပ်ချက်၏ ၉၄ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနိုင်ပြီ။ ခရိုင် ၁၀-ခု မြို့နယ် ၂၃- မြို့နယ်ရှိ စွမ်းအင်စက်ရုံသစ်များကို ဝန်ကြီးချုပ် ရှိတ်ဟာစီနာဖွင့်လှစ်

ဗုဒ္ဓဟူးနေ့ ဘင်္ဂလားဒက်နိုင်ငံတွင် ဝန်ကြီးချုပ်ရှိတ်ဟာစီနာသည် အသစ်တည်ဆောက်ပြီးစီးသည့် လျှပ်စစ်စွမ်းအင်စက်ရုံ ၇-ရုံမှ ထုတ်လုပ်သော လျှပ်စစ် မီဂါဝပ် ၇၉၀ ကို အမျိုးသားလျှပ်စစ်ကွန်ယက်နှင့် ချိတ်ဆက်ပေးခြင်းဖြင့် နိုင်ငံတော်လျှပ်စစ်လိုအပ်ချက်ကို ထပ်မံဖြည့်ဆည်းပေးလိုက်သည်ဟု Dhaka Tribune က ယနေ့ ရေးသားသည်။

အဆိုပါ စွမ်းအင်စက်ရုံများတွင် လျှပ်စစ် ၈ မီဂါဝပ်ထုတ်လုပ်သည့် ဆိုလာစွမ်းအင်စက်ရုံနှင့် မီဂါဝပ် ၃၀၀ အထိ ထုတ်လုပ်သော စက်ရုံများပါဝင်သည်။

တစ်ချိန်တည်းမှာပင် ရှိတ်ဟာစီနာသည့် ခရိုင် ၁၀-ခု၊ မြို့နယ် ၂၃ မြို့နယ်တွင် ရာနှုန်းပြည့်လည်ပတ်နေသည့်စက်ရုံများနှင့် “ ဂနောဘာဘင် ဝန်ကြီးချုပ်ရုံး “ မှ ဗီဒီယိုကွန်ဖရင့် ကျင်းပသည်။

ယခုအခါတွင် ဘင်္ဂလားဒက်ရှ်နိုင်ငံက ပိုင်ဆိုင်လာသော လျှပ်စစ်စုစုပေါင်း ပမာဏမှာ ၂၂,၅၆၂ – မီဂါဝပ်ရှိမည် ဖြစ်ရာ နိုင်ငံတစ်ဝှမ်းလုံးရှိ ပြည်သူများ လျှပ်စစ်လိုအပ်ချက်၏ ၉၄ ရာခိုင်နှုန်းရှိသည်။

လျှပ်စစ်စွမ်းအင်စက်ရုံများ ဖွင့်ပွဲအခန်းအနားတွင် နိုင်ငံတော်ဝန်ကြီးချုပ်က ဗွီဒီယိုမှတဆင့် မိန့်ခွန်းပြောကြားရာ၌ ၂၀၂၀ ခုနှစ် မတ်လမှ ၂၀၂၁ -ခုနှစ် မတ်လအထိကာလသည် “ မူဂျစ်နှစ် “ ဖြစ်ကြောင်း၊ ၎င်းကာလ အတွင်း ဘင်္ဂလားဒက်ရှ်နိုင်ငံ၏ စွမ်းအင်လိုအပ်ချက် ၂၄,၀၀၀ ကို အချိန်မီထုတ်လုပ်နိုင်မည်ဖြစ်ရာ နိုင်ငံတစ်ဝှမ်း အိမ်တိုင်းစေ့ လျှပ်စစ်မီးထွန်းညှိနိုင်မည်ဖြစ်ကြောင်း၊ ၂၀၂၁- တွင် အမှောင်၌နေရသူ ဘင်္ဂလားဒက်ရှ်ပြည်သူ တစ်ဦးတစ်ယောက်မျှ ရှိတော့မည်မဟုတ်ကြောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် ဘင်္ဂလားဒက်ရှ်နိုင်ငံက ပိုင်ဆိုင်မည့် လျှပ်စစ်စွမ်းအင်ပမာဏမှာ မီဂါဝပ် ၄၀,၀၀၀ ရှိလာစေရမည်ဟု ကတိပြုလိုက်သည်။

ဘင်္ဂလားဒက်ရှ်နိုင်ငံ၌ ၂၀၂၁-ခုနှစ်အမီ လျှပ်စစ်စွမ်းအင် ၂၄,၀၀၀ မီဂါဝပ် ထုတ်လုပ်နိုင်ရေးအတွက် ဆိုလာ၊ ရေနံ၊ သဘာဝဓါတ်ငွေ့၊ ရေအား၊ ကျောက်မီးသွေးနှင့် ညူကလီယာတို့မှ စွမ်းအင်ထုတ်ယူမည်ဖြစ်သည်။ နိုင်ငံ၏ ပထမဆုံး “ ရွတ်ပူး “ ညူကလီယာစွမ်းအင်သုံး ဓါတ်အားပေးစက်ရုံကို ၂၀၂၀ တွင် ဖွင့်လှစ်မည်ဖြစ်ပြီး မီဂါဝပ် ၂,၄၀၀ ဖြည့်ဆည်းပေးနိုင်သည်။

(( ဂျာမနီနိုင်ငံသည် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရာတွင် စတုတ္ထနေရာ၌တည်ရှိသည်။ ၂၀၀၂ တွင် ၅၁၂.၉ ထရီလီယံဝပ်သုံးစွဲခြင်းဖြင့် ဥရောပ၌ စွမ်းအင်အများဆုံးအသုံးပြုသည့်နိုင်ငံဖြစ်သည်။ ၂၀၀၄-၂၀၀၇ တွင် တစ်ကမ္ဘာလုံးစွမ်းအင်သုံးစွဲမှု့တွင် အဆင့် ၆ ၌ ရပ်တည်သည်။ သဘာဝဓါတ်ငွေအများဆုံးတင်သွင်းရသော နိုင်ငံလည်းဖြစ်ပြီး စွမ်းအင်လိုအပ်ချက် ၂၂.၆ ရာနှုန်းကို သဘာဝဓါတ်ငွေ့မှရရှိသည်။

အဓိကအားဖြင့် ဂျာမနီသည် ၎င်း၏ ထွက်ကုန်ကျောက်မီးသွေးမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်သည်။ ၂၀၁၆ ခုနှစ်တွင် နိုင်ငံ၏ လျှပ်စစ်ဓာတ်အား၏ ၄၀ ရာခိုင်နှုန်းခန့်ကို ကျောက်မီးသွေးမှထုတ်ယူသည်။ ၂၀၀၇-မှ စတင်ကာ ကျောက်မီးသွေးစက်ရုံ ၂၆ ရုံ ဖွင့်လှစ်ရန် လျှာထားပြီး မကြာသေးမီအထိ အသစ်ဖွင့်လှစ် လျှက်ရှိသည်။

စွမ်းအင်ဖြည့်ဆည်းမှု့ ၁၃.၂ ရာနှုန်းမှာ ညူကလီယာ စွမ်းအင်မှ ရရှိသည်။ သို့သော် ၂၀၂၂ တွင် ဂျာမနီတစ်ဝှမ်းလုံးရှိ ညူကလီယာစက်ရုံများကို ဖယ်ရှားမည်ဖြစ်သည်။

ဂျာမနီသည် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု့ကို ဖြစ်စေသော ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု့တွင် ကမ္ဘာအဆင့် ၆-၌ ရှိနေသည်။ ထိုအတွက် ကျောက်မီးသွေးစက်ရုံများကို ဖယ်ရှားရန်မှာ နိုင်ငံစီးပွားရေး ထိုးကျသွားမည် ဖြစ်၍ လတ်တလော လုံးဝမဖြစ်နိုင်ပါ။ လက်ရှိကျောက်မီးသွေးစက်ရုံများကို ၂၀၃၈-ခုနှစ်အထိ ဖြည်းဖြည်းချင်းပိတ်သိမ်း၍ ထိုကာလအတောအတွင်း ” Energiewende ” မူဝါဒအရ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များနှင့် အစားထိုးမည်ဖြစ်သည်။ ။ သတင်းဘာသာပြန်သူ ))

((( Dhaka Tribune., Nov. 13, 2019,” Prime minister inaugurates 7 power plants.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ဘင်္ဂလားဒက်ရှ်လျှပ်စစ်စွမ်းအင် #ဂျာမနီကျောက်မီးသွေးမှလျှပ်စစ်ထုတ်ယူခြင်း

https://www.dhakatribune.com/bangladesh/power-energy/2019/11/13/prime-minister-inaugurates-7-power-plants

https://www.dhakatribune.com/bangladesh/2019/11/13/pm-govt-to-ensure-100-electricity-coverage-within-mujib-year

https://www.thedailystar.net/frontpage/news/30-coal-run-power-plants-carbon-bomb-ticking-country-1824199

https://www.statista.com/statistics/271748/the-largest-emitters-of-co2-in-the-world/

0

Leave a Reply

Your email address will not be published.