ဘင်္ဂလားဒက်ရှ်တွင် ၂၄-နာရီအတွင်း ၁၁-ဦးသေဆုံး၍ ၁,၀၃၄-ဦးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်လျှက်ရှိကြောင်း ထပ်မံတွေ့ရှိ။ တစ်ရက်တည်းတွင် ၇,၂၀၈-ဦးကို ရောဂါပိုးစစ်ဆေးပေးနိုင်ခဲ့။ စုစုပေါင်း သေဆုံး၂၃၉-ဦးနှင့် ကူးစက်ခံရသူ ၁၅,၀၀၀ – ကျော်ဖြစ်လာ

ဘင်္ဂလားဒက်ရှ်နိုင်ငံတွင် တနင်္လာနေ့ မွန်းလွဲပိုင်းအထိ လွန်ခဲ့သည့် ၂၄-နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်စွဲ ရောဂါ ဖြင့် လူ ၁၁-ဦး သေဆုံးပြီး ၁၀၃၄-ဦးတွင် ဗိုင်းရပ်စ်ပိုးစွဲကပ်လျှက်ရှိသည်ကို ထပ်မံတွေ့ရှိရကြောင်း၊ ကျန်းမာ ရေးညွှန်ကြားမှုဦးစီးဌာန (DGHS ) က သတင်းထုတ်ပြန်သည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။

နိုအာခါလီရှိ အဗ္ဗဒူမာကယ်ဆေးကောလိပ်တွင် စမ်းသပ်ဋ္ဌာနတစ်ခု ထပ်မံဖွင့်လှစ်နိုင်ခြင်းကြောင့် နိုင်ငံတစ်ဝှမ်း ကိုရိုနာဗိုင်းရပ်စစ်ဆေးပေးရာဋ္ဌာန ၃၇-ခုဖြစ်လာကြောင်း၊ တနင်္ဂနွေနေ့မှ တနင်္လာနေ့မွန်းလွဲပိုင်းအထိ လူပေါင်း ၇,၂၆၇-ဦးကို နမူနာထုတ်ယူခဲ့ပြီး အမှန်တကယ်စစ်ဆေးနိုင်သည်မှာ ၇,၂၀၈-ဦးဖြစ်ကြောင်း၊ ယခုအခါ ကူးစက် ခံရသူဦးရေမှာ ၁၅၆၉၂-ဦးအထိ မြင့်တက်လာခဲ့ကြောင်း ဦးစီးဋ္ဌာန၏ နေ့စဉ်အွန်လိုင်းသတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။  

ဘင်္ဂလားဒက်ရှ်တွင် မတ်လ-၁၈ ရက်တွင် ကိုရိုနာဗိုင်းရပ်စ်ဖြင့် ပထမဆုံးသေဆုံးမှုဖြစ်ပွားပြီး၊ ဧပြီ ၂၀-ရက်နေ့ တွင် ၁၀၀ ဖြစ်လာသည်။ ထိုမှ လူ ၂၀၀-ဦးမြောက် လူနာသေဆုံးသည့် မေလ ၈ ရက်နေ့အထိ ရက်သတ္တ ၃-ပတ်သာ ကြာမြင့်ခဲ့ကြောင်း ၊ တစ်ရက်အတွင်း သေဆုံးသူအများဆုံးမှာ ၁၅-ဦးဖြစ်၍ ဧပြီလ ၁၇-ရက်နေ့တွင် ဖြစ်ကြောင်း၊ ယခုနောက်ဆုံး ကိန်းဂဏန်းများအရ တွင်ဘင်္ဂလားဒက်ရှ်နိုင်ငံတွင် Covid-19 ဖြင့် သေဆုံးမှုနှုန်း ၁.၅၃% နှင့် ပြန်လည်နလံထူလာနှုန်း ၁၈.၅၂% ရှိကြောင်း သတင်း၌ ဆက်လက်ဖော်ပြသည်။

 ((( Dhaka Tribune., May 11th, 2020, “Bangladesh records biggest single-day jump in Covid-19 cases as 11 more die.By:  Mizanur Rahman ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ကိုရိုနာဗိုင်းရပ်စ်ဘင်္ဂလားဒက်ရှ်စစ်ဆေးရေးဋ္ဌာနပေါင်း၃၇-ခုဖြစ်လာ

#တစ်ရက်တည်းတွင်၇,၂၀၈-ဦးကိုရောဂါပိုးစစ်ဆေးပေးနိုင်ခဲ့။

https://www.dhakatribune.com/health/coronavirus/2020/05/11/14-more-die-887-test-positive-in-24hrs-as-covid-19-cases-cross-14-600-in-bangladesh

0

Leave a Reply

Your email address will not be published.