တနင်္လာနေ့ နံနက်စောစောပိုင်းတွင် ဘင်္ဂလားဒက်ရှ်နိုင်ငံ အူခီယာ၊ ပါလောင်ခါလီယူနီယံ မြန်မာ-ဘင်္ဂလားဒက်ရှ်နယ်စပ် ဖာအာဘီနယ်ခြား အရှေ့ဖက်၌ ဘင်္ဂလားဒက်ရှ်နယ်ခြားစောင့်တပ် ( BGB ) နှင့် စိတ်ကြွဆေး သယ်ဆောင်သူများ တိုက်ပွဲဖြစ်ပွားရာ ဒုက္ခသည်ဘင်္ဂါလီ ၂-ဦး သေဆုံးသည်ဟု ဘင်္ဂလားအခြေစိုက် Dhaka Tribune က ယနေ့ရေးသားသည်။
တိုက်ပွဲဖြစ်ပွားြင်္ပီးနောက် စိတ်ကြွဆေးပြား ၂၀,၀၀၀၊ လုပ်သေနတ် ၁-လက်၊ ကျည် ၂- တောင့်၊ UNHCR မှ ထုတ်ပေးသည့် ဒုက္ခသည်အသိအမှတ်ပြုကတ်ပြား ၂-ခု တို့ကို နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက သိမ်းဆည်းရမိသည်ဆို၏။
အသေဖမ်းဆီးခံရသူ ၂-ဦးမှာ မိုဟာမက်အီစမိုင် ( ၂၈-နှစ် ) နှင့် မိုဟာမက် ဟဲလာအူဒင် ( ၂၀-နှစ် ) တို့ဖြစ်ပြီး အူခီယာဒုက္ခသည်စခန်း အမှတ် ၂၂ တွင် ခိုလှုံနေထိုင်သူများဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်ပွားရာတွင် BGB တပ်ဖွဲ့ဝင် ၁-ဦး ဒါဏ်ရာရရှိကြောင်း သိရှိရသည်။
ဖာအာဘီနယ်ခြားကို ဖြတ်သန်းလျှက် ဘင်္ဂလားဒက်ရှ်နိုင်ငံအတွင်းသို့ ယာဘ စိတ်ကြွဆေး အမြောက်အများသယ်ဆောင်လာမည့်သတင်းအရ BRB တပ်ဖွဲ့ဝင်များက ဖမ်းဆီးရန် ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ ကင်းပုန်းဝပ် စောင့်ဆိုင်းခဲ့ကြောင်း၊ မြန်မာနိုင်ငံဖက်မှ မူးယစ်ဆေးပြား သယ်ဆောင်လာသူဟု ယူဆရသူများသည် BGB တပ်ဖွဲ့ဝင်များ ဝိုင်းဝန်းထားကြောင်း သိရှိသွားသည့်အခါ ၎င်းတို့က စတင်၍ သေနတ်နှင့် ပစ်ခတ်ခဲ့ကြကြောင်း၊ BGB တပ်ဖွဲ့ဝင်များက ခုခံသည့်အနေဖြင့် ပြန်လှန်ပစ်ခတ်သည့်အခါ ဒါဏ်ရာရရှိသူ ၂-ဦးကို ထားရစ်ခဲ့ပြီး ကျန်သူများ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း၊ ဒါဏ်ရာရရှိသူများကို အူခီယာကျန်းမာရေးစောင့်ရှောက်မှု့စုပေါင်းရုံးသို့ ပို့ဆောင်ခဲ့ရာ ၎င်းတို့မှာ သေဆုံးနေပြီဟု တာဝန်ကျဆရာဝန်ကအတည်ပြုနိုင်ခဲ့ပြီး ၎င်းတို့မှာ စခန်းအမှတ် ၂၂ တွင် ခိုလှုံသူ ဒုက္ခသည်ဘင်္ဂါလီများဖြစ်သည်ကို သိရှိရကြောင်း ကော့ခ်ဘဇား အမှတ် ၃၄ ဘင်္ဂလားဒက်ရှ်နယ်ခြားစောင့်တပ် နယ်မြေရဲတပ်ဖွဲ့မှူးက ရှင်းလင်းပြောဆိုသည်။
((( Dhaka Tribune., January 6th, 2020, “Two Rohingyas killed in gunfight in Cox’s Bazar.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))
#BGBဘင်္ဂလားဒက်ရှ်နယ်ခြားစောင့်တပ် #ဒုက္ခသည်ဘင်္ဂါလီယာဘစိတ်ကြွဆေး #မြန်မာ-ဘင်္ဂလားဒက်ရှ်နယ်ခြားဖာအာဘီ
