ဘင်္ဂလားဒက်ရှ်နယ်ခြားစောင့်တပ်ပစ်ခတ်၍ အိန္ဒိယတပ်ဖွဲ့ဝင် ၁-ဦးသေဆုံး။ အိန္ဒိယ-ဘင်္ဂလားဒက်ရှ် နယ်ခြားစောင့်တပ်များ အလံတင်ဆွေးနွေးပွဲအပြီး ပစ်ခတ်မှုဖြစ်ဟု အိန္ဒိယပြောဆို

အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ် မာရှီဒါဘက်ခရိုင် နိုင်ငံတကာနယ်ခြား၌ ဘင်္ဂလားဒက်ရှ် နယ်ခြား စောင့်တပ် BSF ပစ်ခတ်၍ အိန္ဒိယနယ်ခြားလုံခြုံရေး BSF တပ်ဖွဲ့ဝင် ၁-ဦးသေဆုံးကြောင်း BSF က သတင်း ထုတ်ပြန်သည်ဟု All Indai က ယနေ့ရေးသားသည်။

နယ်ခြားစောင့်တပ်များ နှစ်နိုင်ငံအလံတင်ဆွေးနွေးပွဲအပြီး ဘင်္ဂလားဒက်ရှ်ဘက်က သေနတ်ဖြင့် ပစ်ခတ်ခြင်း ကြောင့် အိန္ဒိယ BSF တပ်ဖွဲ့ဝင် ၁-ဦးသေဆုံး၍ အခြား ၁-ဦး ဒါဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့နံနက်ပိုင်းတွင် နယ်ခြားဧရိယာ ပက်ဒ်မာမြစ်အတွင်း ငါးရှာနေသူ အိန္ဒိယနိုင်ငံသား ၃-ဦးအား ဘင်္ဂလား ဒက်ရှ် BGB  တပ်က ဖမ်းဆီး၍ ၂-ဦးကို ပြန်လွှတ်ပေးခဲ့သည်ဆို၏။ ထိုအတွက် အိန္ဒိယက နှစ်နိုင်ငံအလံတင် ဆွေးနွေးပွဲပြုလုပ်ရန် တောင်းဆိုခဲ့သည်။


နယ်ခြားအနီး အိန္ဒိယဆေးအကူစခန်းသို့ ရောက်ရှိလာသော တပ်ဖွဲ့ဝင်များတွင် အရာရှိဖြစ်သူ ဗီဂျေးဗဟာဆင်း ( အသက် ၅၀ နှစ်၊ အူတာရာဒက်ရှ်ပြည်နယ်သား ) မှာ သေဆုံးနေပြီး ဒါဏ်ရာရရှိသော တပ်ဖွဲ့ဝင်ကို ဆေးရုံသို့ဆက်လက်ပို့ဆောင်ခဲ့ရကြောင်း အိန္ဒိယနယ်ခြားစောင့်တပ်၏ သတင်းထုတ်ပြန် ချက်၌ ဖော်ပြထားသည်။

ဘင်္ဂလားဒက်ရှ်က သတင်းထုတ်ပြန်ရာတွင်မူ နယ်စပ်၌ ဖမ်းဆီးခံရသူအား ပြန်လည်တောင်းယူလိုလျှင် ပုံမှန်အ တိုင်း နှစ်နိုင်ငံ အလံတင်ဆွေးနွေးပွဲ ပြုလုပ်ရမည်ဖြစ်ကြောင်း၊ အိန္ဒိယနယ်ခြားလုံခြုံရေးတပ်ဖွဲ့ဝင်သည် ဘင်္ဂ လားဒက်ရှ်ပိုင်နက်အတွင်း ဖမ်းဆီးထားသူရှိရာသို့ ကင်းလှည့်ဘုတ်ဖြင့် တရားမဝင်ရောက်ရှိလာပြီး ဘင်္ဂလား ဒက်ရှ်က တားဆီးစဉ် ထွက်ပြေးရန် အားထုတ်ခဲ့ကြကြောင်း၊ အိန္ဒိယက သေနတ်ဖြင့် စတင်ပစ်ခတ်၍ မိမိကိုယ် မိမိ ခုခံကာကွယ်သည့် အနေဖြင့် ဘင်္ဂလားဒက်ရှ်နယ်ခြားစောင့်တပ်ဖွဲ့က ပြန်လှန်ပစ်ခတ်ကြောင်း၊ ထိုနောက် အိန္ဒိယဘက်သို့ ကင်းလှည့်ဘုတ်ပြန်ထွက်သွားသည်ကို တွေ့မြင်ရသည်ဟု ဖော်ပြထားသည်။

အိန္ဒိယက အရေးပေါ်လိုင်းမှတစ်ဆင့် ဆက်သွယ်သဖြင့် အကြောင်းကြားခြင်းကို မိမိတို့သိရှိကြောင်း၊ ဖြစ်စဉ်အ သေးစိတ်ကို စုံစမ်းစစ်ဆေးလျှက်ရှိသည်ဟု ဘင်္ဂလားဒက်ရှ် နယ်ခြားစောင့်တပ် BGB တပ်မှူး ရှဖီး အစ္စလာမ်က ပြောဆိုကြောင်း အိန္ဒိယ PTI သတင်းရေးသားပြီး  နှစ်ဘက်နယ်ခြားတပ်ဖွ့ဲဝင်များ၏ ဆယ်စုနှစ်ပေါင်းများစွာ လုံခြုံရေး အသီးသီးတာဝန်ထမ်းဆောင်ကြစဉ်အတွင်း ယခုကဲ့သို့ ဖြစ်စဉ်မျိုး မရှိခဲ့ကြောင်း ဆက်လက် ဖော်ပြသည်။

((( အောက်တိုဘာ – ၁၈၊ ၂၀၁၉ All India., October 17, 2019, “BSF Soldier Killed In Firing By Bangladesh Guards At Bengal Border .” ကို #HtayOung, #OungMarine ဆီလျှော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.ndtv.com/india-news/bsf-soldier-killed-in-firing-by-bangladesh-guards-at-bengal-border-2118464

https://www.news18.com/news/india/bsf-jawan-killed-another-injured-in-firing-by-bangladesh-guards-in-bengals-murshidabad-dist-2349463.html

Leave a Reply

Your email address will not be published.