ဘင်္ဂလားဒက်ရှ်မူးယစ်ဆေးနှင့် တရားမဝင်ကုန်ကူးခြင်းတိုက်ဖျက်ရေး၌ အိန္ဒိယနှင့်နယ်စပ်တွင် ၄၃ ရက်အတွင်းသေဆုံးသူ ဘင်္ဂလားဒက်ရှ် ၁၁-ဦးရှိ။ ၄၀-ဦး ကို အိန္ဒိယနယ်ခြားလုံခြုံရေးတပ်က ဖမ်းဆီးထားဟု ဘင်္ဂလားဒက်ရှ်ပြော။

လွန်ခဲ့သည့် ၄၃-ရက်အတွင်း အိန္ဒိယနှင့် ထိစပ်နေသောနယ်စပ်တွင် ဘင်္ဂလားဒက်ရှ်နိုင်ငံသား ၁၁- ဦး သေဆုံးပြီး၊ တစ်ချိန်တည်းမှာပင် တရားမဝင်နယ်စပ်ဖြတ်ကျော်မှုဖြင့် အိန္ဒိယနယ်ခြားလုံခြုံရေးတပ် ( BSF) က ဖမ်းဆီး ထားသူများတွင် ဘင်္ဂလားဒက်ရှ်နိုင်ငံသား ၄၀-ဦးနှင့် အိန္ဒိယ ၂-ဦး ပါဝင်သည်ဟု ယမန်နေ့ Dhaka Tribune က ရေးသားဖော်ပြသည်။

ဗုဒ္ဓဟူးနေ့ ဘင်္ဂလားဒက်ရှ်နယ်ခြားစောင့်တပ် ( BGB ) ဋ္ဌာနချုပ်၌ပြုလုပ်သော သတင်းစာတွေ့ဆုံပွဲ၌ ညွှန်ကြားရေးမှူး ( စီမံကိန်း ) ဒုတိယဗိုလ်မှူးကြီး ဆေယက်အက်ရှာရာမန်က BGB ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် တရားမဝင်ကုန်ကူးသန်းရောင်းဝယ်မှုဆန့်ကျင်ရေး အောင်မြင်မှု အသီးအပွင့်များကို အသေးစိတ်ရှင်းလင်းသည်။

ဇန်နဝါရီလ တစ်လတည်းမှာပင် BGB က ဖမ်းဆီးရမိသူပေါင်း ၂၇၂-ဦးရှိခဲ့ကြောင်း၊ ၎င်းတို့နှင့် ဆက်နွယ်သည့် မူးယစ်ဆေးကုန်ကူးမှုအမျိုးမျိုးအပါအဝင် မှောင်ခိုရောင်းဝယ်သူများကို ဥပဒေနှင့်အညီ တရားစွဲဆိုနိုင်ခဲ့ကြောင်း သေဆုံးသူအများစုမှာ ကျွဲနွားမှောင်ခိုသူများ ဖြစ်သည်ဆို၏။

အရေးယူဆောင်ရွက်ကြရာတွင် ထိခိုက်သေဆုံးမှုမဖြစ်ပွားရအောင် ( BGB ) ( BGF ) နှစ်ဖက်နယ်ခြားစောင့်တပ်များအချင်းချင်း ညှိနှိုင်းဆွေးနွေးလျှက်ရှိကြောင်း၊ နယ်ခြားဒေသတွင် အိန္ဒိယဘက်သို့ မှားယွင်းဖြတ်သန်းခြင်း သို့မဟုတ် မည်သည့်တရားမဝင်လှုပ်ရှားမှုမျိုးကိုမဆို ရှောင်ရှားကြရန် လူထုပညာပေးရေးဆောင်ရွက်လျှက်ရှိကြောင်း၊ အခြားတစ်ဖက်တွင်လည်း ဘင်္ဂလားဒက်ရှ်ဖက် နယ်ခြားဒေသတွင် အင်အားတိုးမြှင့် စောင့်ကြပ်လျှက်ရှိကြောင်း၊ ထိရှလွယ်သော နယ်မြေဖြစ်သည်နှင့်အညီ လုံခြုံရေးတိုးမြှင့်ထားကြောင်း၊ နယ်စပ်ဒေသပြည်သူလူထု၏ နေထိုင်မှုဘဝမြင့်မားရေးကိုလည်း BGB တပ်ဖွဲ့ကဆောင်ရွက်လျှက်ရှိကြောင်း ညွှန်ကြားရေးမှူးက ဆက်လက်ရှင်းပြသည်။

ဇန်နဝါရီတစ်လတည်း၌ပင် BGB က ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးနှင့် တရားမဝင်ပစ္စည်းပေါင်းစုံတို့မှာ အမေရိကန်ဒေါ်လာ ၁၁-သန်းကျော် ( တာကာငွေ ၉၇၁,၈၀၃,၀၀၀ ) ခန့်ရှိသည်။ ၎င်းတို့တွင် ယာဘဆေးပြား၊ ဆေးခြောက်၊ အရက်မျိုးစုံ၊ ဖင်ဆီဒိုင်း၊ ထိုးဆေးအမျိုးမျိုး၊ အသင့်ချုပ်ပြီး အဝတ်အထည်များ၊ လဖက်ခြောက်၊ ရွှေချောင်း၊ ပစ်ကပ်ဗင်ကား၊ မော်တော်ဆိုင်ကယ်၊ စီအင်ဂျီဖြင့်မောင်းနှင်သော သုံးဘီးကားအထိ စုံလင်စွာပါရှိသည်။

ထို့ပြင် ပစ္စတိုသေနတ် ၂-လက်၊ လက်နက်ငယ် ၄-လက်၊ သေနတ်ကျည်အိမ် ၂-ခု၊ ကျည်ဆန် ၁၀ တောင့်တို့ကိုလည်း ဖမ်းဆီးရမိကြောင်း ညွှန်ကြားရေးမှူး၏ ရှင်းလင်းချက်၍ ပါရှိသည်။

((( Dhaka Tribune., February 5th, 2020,” BGB: 11 Bangladeshis killed in 43 days near Indian borders.By: Arifur Rahman Rabbi “ ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

#အိန္ဒိယဘင်္ဂလားဒက်ရှ်နယ်ခြားမူးယစ်ဆေးနှင့်မှောင်ခိုကုန်ရောင်းဝယ်မှု

https://www.dhakatribune.com/bangladesh/dhaka/2020/02/05/bgb-11-bangladeshis-killed-in-43-days-near-indian-borders?fbclid=IwAR3XJjcu304CyIAPdcrPr0HBJgMd2IY6tFfqLPDGHVPpfn1Kor-zNX3Pf3s

https://www.dhakatribune.com/bangladesh/nation/2020/02/01/bsf-kills-bangladeshi-in-kurigram

0

Leave a Reply

Your email address will not be published.