ဘင်္ဂလားဒက်ရှ်လွတ်မြောက်ရေးစစ်ပွဲ မဟာမိတ်ဂုဏ်ထူးထောင်ဆုကို ရုရှားနှင့် အိန္ဒိယစစ်သည်ဟောင်း ၃၁- ဦးတို့အား ချီးမြှင့်။ ရုရှားနှင့် အိန္ဒိယနိုင်ငံတို့အား ရည်ညွှန်းဂုဏ်ပြု။ လွတ်လပ်ရေး စစ်ပွဲကာလ ဂျီနိုဆိုက်သမိုင်းမှန်

၁၉၇၁-ခုနှစ် အရှေ့ပါကစ္စတန်အဖြစ်မှ ရုန်းထွက်ရာတွင် အတူတကွသက်စွန့်ကြိုးပမ်းတိုက်ပွဲဝင်ခဲ့သည့် ရုရှား နှင့် အိန္ဒိယစစ်သည်ဟောင်း ၃၁- ဦးတို့အား မဟာမိတ် ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်များအဖြစ် ဘင်္ဂလား ဒက်ရှ် နိုင်ငံတော်ကိုယ်စား လွတ်မြောက်ရေးစစ်ပွဲဆိုင်ရာဝန်ကြီးက ချီးမြှင့်လိုက်သည်ဟု Dhaka Tribune က တမြန်နေ့ ရေးသားသည်။

ကြာသပတေးနေ့ ဒါကာမြို့တော်ဟိုတယ်တွင် ကျင်းပသည့် ဂုဏ်ပြုပွဲအခန်းအနားသို့ အိန္ဒိယတပ်မတော် ဒုတိယဗိုလ်ချုပ်ကြီး ( ငြိမ်း ) ရာဂျင်ဒြာဆင်းကာဒယန်း ဦးဆောင်သော အိန္ဒိယကိုယ်စားလှယ် ၂၆-ဦး၊ ဗက်စီလီမီဟာလိုဗစ်ဦးဆောင်သော ရုရှားကိုယ်စားလှယ် ၅ -ဦးတို့ တက်ရောက်ကြသည်ဆို၏။

ဘင်္ဂလားဒက်ရှ်အောင်ပွဲနေ့ အခန်းအနားတက်ရောက်ရန် နိုင်ငံတော်အစိုးရ၏ ဖိတ်ကြားခြင်းခံရသူ ရုရှားနှင့် အိန္ဒိယစစ်သည်ဟောင်း ၃၁- ဦးတို့သည် ဒီဇင်ဘာ ၁၄-ရက်နေ့တွင် ဒါကာသို့ ရောက်ရှိနေခြင်းဖြစ်သည်။

အခန်းအနားတွင် ရုရှားနှင့် အိန္ဒိယနိုင်ငံတို့အား ရည်ညွှန်းလျှက် လွတ်မြောက်ရေးစစ်ပွဲဆိုင်ရာဝန်ကြီး အေကေအမ် မိုဇာမဲလ်ဟာကီး က ဝမ်းမြောက်ဂုဏ်ပြုစကားပြောကြားသည်။ ဘင်္ဂလားဒက်ရှ် လွတ်လပ်ရေး စစ်ပွဲကာလအတွင်း အိန္ဒိယဝန်ကြီးချုပ် အင်ဒီရာဂန္ဓီနှင့်တကွ အိန္ဒိယပြည်သူများ၏ ကြင်နာ ကူညီမှု ကမ္ဘာ့မှတ် တမ်းတင် ရှားပါးသမိုင်းဝင်ဖြစ်စဉ် တို့ကို၎င်း ၊ အမေရိကန်က လက်နက်ကိုင်ပါဝင်စွက်ဖက်ရန် ကမ္ဘာ့ကုလသမဂ္ဂ ၌ အဆိုတင်သွင်းခဲ့စဉ် ရုရှားနိုင်ငံက ဗီတိုအခွင့်အရေးသုံးစွဲလျှက် ပယ်ချခြင်းဖြင့် ဘင်္ဂလားမျိုးချစ်တို့ အောင်ပွဲ ဆင်နိုင်ပုံ အသေးစိတ်ကိုဖြစ်ရပ်မှန်တို့ကို၎င်း၊ စစ်တကောင်းဆိပ်ကမ်းတွင် ပါကစ္စတန်တို့ သိမ်းပိုက်နယ်မြေမှ မိုင်းဗုံးများကို ရှင်းလင်းဖယ်ရှားစဉ် ပေါက်ကွဲမှု့၌ အသက်ဆုံးရှုံးခဲ့ရသော ရုရှားစစ်သည်တော်တို့၏ စွန့်လွှတ် စွန့်စားခဲ့ပုံများကို၎င်း ဂုဏ်ပြုပါကြောင်း အိန္ဒိယ-ရုရှားနှင့် ဘင်္ဂလားဒက်ရှ်တို့၏ ခိုင်မာသော သွေးစည်းညီညွတ်မှု့ သည် ကမ္ဘာတည်သရွေ့ အဓွန့်ရှည်မည်ဖြစ်သည်ဟု ဝန်ကြီးက ထည့်သွင်းပြောကြားသည်။

(( အရှေ့ပါကစ္စတန်အဖြစ်မှ ရုန်းထွက်သည့် ဘင်္ဂလားလွတ်လပ်ရေးစစ်ပွဲသည် ၁၉၇၁-ခုနှစ်တွင်ဖြစ်ပွားရာ ၉-လခန့်ကြာမြင့်ခဲ့သည်။ ထိုစဉ်က ဘင်္ဂလားဒက်ရှ်တွင် တပ်စွဲထားသော ပါကစ္စတန်စစ်သားများနှင့် ဘာသာရေး အရနိုင်ငံအဖြစ်ပေါင်းစည်းထားသည်မှ လွတ်လပ်ရေးတိုက်ပွဲဝင်သည်ကို မနှစ်မြို့သော ဘာသာရေးတယူသန် ပြည်သူ့စစ်တို့၏ လက်ထောက်ချသစ္စာဖောက်မှု့ကြောင့် ဘင်္ဂါလီလူမျိုး ၃သိန်းမှ ၃-သန်းကြား အသတ်ခံရပြီး၊ ဒါကာတက္က သိုလ်မှ ကျောင်းသူများအပါအဝင် ဘင်္ဂါလီအမျိုးသမီးပေါင်း ၂-သိန်းမှ ၄-သိန်းတို့ အဓမ္မပြုကျင့်ခြင်းခံရသည်။ သန်းနှင့်ချီသော ပြည်သူအများ စစ်ဘေးရှောင်ဘ၀ သက်ဆင်းခဲ့ရာ လက်ရှိဝန်ကြီးချုပ ရှိတ်ဟာစီနာကိုယ်တိုင် စစ်ပြေးဒုက္ခသည်ဖြစ်ခဲ့ဖူးသည်။

ဘင်္ဂလားတော်လှန်ရေး၌ လက်နက်ကိုင်စွက်ဖက်ရန် အမေရိကန်၏ အကြံအစည်မှာ ကုလသမဂ္ဂတွင် ရုရှားဗီတို ဖြင့် ပျက်ပြားခဲ့ပြီးနောက် လွတ်လပ်ရေးရပြီး ဘင်္ဂလားဒက်ရှ်၏ ဂျီနိုဆိုက်တရားစီရင်အပြစ်ပေးရေးအပေါ် နိုင်ငံတကာအဆင့် မရောက်ရှိစေရန် ဖျက်ဆီးဟန့်တားခဲ့သည်။ ပါကစ္စတန်ကလည်း ယနေ့တိုင် ဝန်ချတောင်း ပန်ခြင်း မရှိချေ။

သို့သော် ဘင်္ဂလားဒက်ရှ်သည် ပြည်တွင်း၌ပင် ဘင်္ဂလားဒက်ရှ်နိုင်ငံဆိုင်ရာ နိုင်ငံတကာရာဇဝတ်တရားရုံးကို ဖွင့်လှစ်ခဲ့သည်။ ထိုစဉ်က ပါကစ္စတန်စစ်သားတို့နှင့် ပူးပေါင်းခဲ့သူ ဂျမတ်အီအစ္စလာမ်မီ ပြည်သူ့စစ်ခေါင်းဆောင်  စစ်တကောင်းဘင်္ဂါလီသား ကွာဒါးမူလာအား ၂၀၁၃-ခုနှစ်တွင် သေဒါဏ်ပေး စီရင်နိုင်ခဲ့သည်။ အဆိုပါ တရားရုံး သည် လွတ်မြောက်ရေးစစ်ပွဲကာလ စစ်ရာဇဝတ်မှု့ကျူးလွန်ခဲ့သူများကို စစ်ဆေးကြားနာလျှက်ရှိရာ စစ်တ ကောင်းဘင်္ဂါလီခေါင်းဆောင် အများအပြားနှင့် မကြာသေးမီက အခြား ၆-ဦးကို ကြိုးမိန့်ချမှတ်ခဲ့ ကြောင်းတွေ့ရှိရသည်။

အိန္ဒိယနှင့် ဘယ်လ်ဂျီယန်အခြေစိုက် ICG သုတေသနအဖွဲ့အဆိုအရ မြန်မာနိုင်ငံ ရခိုင်မြောက်ဖျားတွင် လက်နက်ကိုင် ဆူပူခဲ့သော ARSA အကြမ်းဖက်သောင်းကျန်းသူများ သည် ပါကစ္စတန်၏ အကူအညီ ရယူသူများဖြစ်သည်ဆို၏။ ကိုယ်တိုင် စစ်တကောင်းဘင်္ဂါလီတစ်ဦးဖြစ်ပြီး ပါကစ္စတန်တွင် မွေးဖွားခဲ့သူ အတ္တားအူလာက ဦးစီးသည်။ ၎င်း၏ မိခင်နိုင်ငံနှင့် နိုင်ငံသားတို့အပေါ် အမှန်တကယ် သမိုင်းဝင်ဂျီ နိုဆိုက်ခဲ့သူများကို ကျေးဇူးရယူ မသိဟန်ဆောင်ကာ ရခိုင် မေယုမြစ်အနောက်ပိုင်း အစ္စလာမ်များပိုင် နယ်မြေရရှိရေး၊ ဖိနှိပ်ရက်စက်ခံ ဒုက္ခသည်ဘင်္ဂါလီများ တရားမျှတစွာ အကာအကွယ်ရရှိရေး တိုက်ပွဲဝင်နေသည်ဆိုခြင်းကို ကျွန်တော်ဘယ်လိုမှ နားမလည်နိုင်ပါကြောင်း။  ။ သတင်းဘာသာပြန်သူ ))

((( Dhaka Tribune., Dec. 19, 2019, “31 Indian, Russian soldiers honoured for Liberation War roles.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ဘင်္ဂလားဒက်ရှ်လွတ်မြောက်ရေးစစ်ပွဲ #ဘင်္ဂလားမဟာမိတ်ရုရှားနှင့်အိန္ဒိယစစ်သည်ဟောင်းများ

https://www.dhakatribune.com/bangladesh/2019/12/19/31-indian-russian-soldiers-honoured-for-liberation-war-roles

https://www.quora.com/Is-it-right-to-say-the-Liberation-War-of-Bangladesh-as-an-%E2%80%9CIndia-Pakistan-3rd-war%E2%80%9D

http://iz10.blogspot.com/2012/05/refugees-from-east-pakistan-during.html

0

Leave a Reply

Your email address will not be published.