ဘင်္ဂလားဒက်ရှ်၏ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူအရေအတွက်မှာ တရုတ်နိုင်ငံကို ကျော်လွန်လာ။ ၂၄-နာရီအတွင်း ၁၆,၆၃၈-ဦးကို စမ်းသပ်စစ်ဆေးခဲ့ပြီး ၂,၈၅၆-ဦးတွင် ကိုရိုနာဗိုင်းရပ်စ် ပိုးစွဲကပ်လျှက်ရှိကြောင်း တွေ့ရှိ၊ ၄၄-ဦးထပ်မံသေဆုံး၍ သေဆုံးသူစုစုပေါင်း ၁,၁၀၀ ကျော်ခဲ့

Covid-19 ကပ်ရောဂါ ကျရောက်လျှက်ရှိသော ဘင်္ဂလားဒက်ရှ်နိုင်ငံတွင် ယနေ့ ( စနေနေ့ ) နံနက် ၈ နာရီ အချိန်အထိ ၂၄-နာရီအတွင်း ၄၄-ဦးထပ်မံသေဆုံးပြီး၊ ၂,၈၅၆-ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး စွဲကပ်လျှက်ရှိ ကြောင်း တွေ့ရရှိရသည်ဟု ဘင်္ဂလားအခြေစိုက် bdnews24 က ယနေ့ရေးသားသည်။


ကောက်ယူရရှိသော နမူနာပေါင်း ၁၆,၆၃၈ ခုကို ဘင်္ဂလားဒေ့ရ်ှနိုင်ငံတစ်ဝှမ်းရှိ ဓာတ်ခွဲခန်း ၅၉ ခုတို့၌ စမ်းသပ်ခဲ့ကြောင်း ရောဂါပိုးစွဲကပ်လျှက်ရှိသူ ၁၇.၁၇ ရာခိုင်နှုန်းရှိနေပြီး ယခုအချိန်ထိ ကူးစက်ခံရသူ စုစုပေါင်း ၈၄,၃၇၉-ဦးရှိရာ တရုတ်နိုင်ငံ၏ ကူးစက်ခံရသူအရေအတွက် ၈၃,၀၇၅-ဦးကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်။

ဘင်္ဂလားဒက်ရှ်အစိုးရ၏ အချက်အလက်များအရ နိုင်ငံအတွင်း COVID-19 မှ ကုသမှုခံယူ၍ ပြန်လည်နာလန် သူပမာဏမှာ ကူးစက်ခံရသူအရေအတွက်၏ ၂၁.၁၃ ရာခိုင်နှုန်းရှိပြီးသေဆုံးမှုနှုန်းမှာ ၁.၃၅ ရာခိုင်နှုန်းရှိသည်။


ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကပ်ရောဂါကို အချိန်နှင့် တစ်ပြေးညီ မှတ်တမ်းတင်လျှက်ရှိသည့် ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်၏ ဖော်ပြချက်အရ ယခုထိ ကမ္ဘာအနှံ့အပြားတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၇.၆၅ သန်း ကျော်ရှိနေပြီး ၄၂၅,၉၀၂ သေဆုံးခဲ့သည်။

((( bdnews24., 13 Jun 2020 , “Bangladesh overtakes China in virus cases; 44 new deaths.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်. )))


#ကိုရိုနာဗိုင်းရပ်စ်ဘင်္ဂလားဒက်ရှ်

https://bdnews24.com/bangladesh/2020/06/13/bangladesh-overtakes-china-in-virus-cases-44-new-deaths

https://www.worldometers.info/coronavirus/

1+

Leave a Reply

Your email address will not be published.