ဘင်္ဂလားဒက်ရှ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ တစ်ရက်တည်း ၅၀၃-ဦးအထိ အများဆုံးအရေအတွက် တွေ့ရှိ။ ၂၄-နာရီအတွင်း လူပေါင်း ၃,၆၈၆- ဦးကို စစ်ဆေးခဲ့

Covid- 19 ကူးစက်ရောဂါကပ် ကျရောက်လျှက်ရှိသော ဘင်္ဂလားဒက်ရှ်နိုင်ငံတွင် ၁-ရက်တာအတွင်း စမ်းသပ် စစ်ဆေးရာ၌ လူပေါင်း ၅၀၃-ဦး၌ ကိုရိုနာဗိုင်းရပ်စ်ပိုး စွဲကပ်လျှက်ရှိသည်ကို အများဆုံးအရေအတွက် အဖြစ် တွေ့ရှိရသည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။

၂၄ နာရီအတွင်းမှာ ၄ ယောက်သေဆုံးခြင်းကြောင့် စုစုပေါင်းအသက်ဆုံးရှုံးရသူ ၁၃၁ – ဦးရှိခဲ့ပြီး ကူးစက်ခံရသူ စုစုပေါင်း ၄,၆၆၉-ဦးသို့ မြင့်တက်သွားရသည်ဆို၏။

သောကြာနေ့ မွန်းလွဲပိုင်း ဒါကာမြို့ ကျန်းမာရေးဝန်ဆောင်မှုဋ္ဌာန ( DGHS ) ၏ သတင်းထုတ်ပြန်ချက်တွင် နမူနာပေါင်း ၃,၆၈၆- ခုကို စစ်ဆေးပေးနိုင်ခဲ့ရာ ယခုတွေ့ရှိရသော အရေအတွက်မှာ ဘင်္ဂလားဒက်ရှ်နိုင်ငံအတွင်း ကူးစက်ခံရသူ ဦးရေ ၁၀၀ နှင့်အထက်သို့ရောက်ရှိသည့် ဧပြီလ ၂၀-ရက်နေ့နောက်ပိုင်း ၁-ရက်တာ၌ အများဆုံး အရေအတွက်ဖြစ်ကြောင်း၊ သေဆုံးသူ ၄-ဦးမှာ အသက် ၅၁-နှစ်နှင့် ၆၀ အကြား အမျိုးသားများဖြစ်ကြောင်း ဖော်ပြထားသည်။

Covid-19 နိုင်ငံတကာကူးစက်ကပ်ရောဂါ ကျရောက်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကြေညာပြီးနောက် ဘင်္ဂလားဒက်ရှ်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်စွဲကပ်ခြင်းကြောင့် လူသေဆုံးမှုကို ပထမဆုံးအကြိမ် တွေ့ရှိခဲ့ သည်။ ၁-လအကြာ ဧပြီလ ၁၇-ရက်နေ့တွင်မူ သေဆုံးသူဦးရေမှာ ၁၅-ဦးဖြစ်လာခဲ့သည်။  

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ပထမဆုံးဖြစ်ပွားသော ကိုရိုနာဗိုင်းရပ်စ်စွဲရောဂါသည် ကမ္ဘာအဝှမ်း နိုင်ငံနှင့် နယ်မြေ ပေါင်း ၂၁၀- အထိ လျင်မြန်စွာကူးစက် ပျံ့နှံ့လျှက်ရှိသည်။ ယနေ့မြန်မာစံတော်ချိန် ညနေ ၄း၂၅ နာရီအထိ ကူးစက်ခံရမှုပေါင်း  ၂,၇၃၆,၀၃၄ မှုနှင့် သေဆုံးသူ ၁၉၁,၄၂၀-ဦး ရှိခဲ့၍ ကုသပျောက်ကင်းသူပေါင်း ၇၅၁,၇၇၂ ဦး ဖြစ်ကြောင်း တွေ့ရှိရသည်။

(( လွန်ခဲ့သည့် မတ်လ နှောင်းပိုင်း၌ ဝူဟန်ကူးစက်ကပ်ရောဂါကာကွယ်တိုက်ဖျက်ရေးတွင် ပါဝင်ခဲ့သူ တရုတ် ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတစ်ဦးက ပြောကြားခဲ့ရာ ၎င်း၏ အလွတ်သဘော မှတ်သားချက်များအရ ကိုရိုနာဗိုင်းရပ်စ်ပိုး စွဲကပ်ခံရသူဦးရေမှာ ၁၉-ရက်တိုင်း ၂-ဆ တိုးလာသည်ကြောင်း တွေ့ရှိရသည်ဆို၏။ တရုတ်ပြည်မကြီးနှင့် စင်္ကာပူနိုင်ငံတို့၏ ဖြစ်စဉ်များအား အခြေခံ၍ အကြမ်းဖျဉ်း ပြောကြားခြင်းဖြစ်သည်။

ဘင်္ဂလားဒက်ရှ်နိုင်ငံတွင် ကူးစက်ခံရသူ ၅၀၀ ကျော်ကို ၁-ရက်တည်းအတွင်း တွေ့ရှိသည်ဆိုခြင်းမှာ စစ်ဆေး မှုပေါင်း ၃၆၀၀ ကျော် စမ်းသပ်နိုင်ခဲ့၍ဖြစ်ကြောင်း သတိပြုမိကြမည်ထင်ပါသည်။ ဘင်္ဂလားဒက်ရှ်သည် စမ်း သပ်နိုင်သည့် အရေအတွက်ကို နေ့စဉ် တဖြည်းဖြည်း တိုးမြှင့်လာခဲ့ရာ ကူးစက်ခံရကြောင်း အတည်ပြုခံရသူဦး ရေ မှာလည်း တဖြည်းဖြည်း မြင့်တက်လာနေသည်ကို တွေ့ရှိရပါသည်။    ။ သတင်းဘသာပြန်သူ ))  

((( Dhaka Tribune., April 24, 2020, “Coronavirus: Bangladesh reports highest number of new cases in a single day.” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ကိုရိုနာဗိုင်းရပ်စ်ဘင်္ဂလားဒက်ရှ်၂၄နာရီ်အတွင်းကူးစက်ခံရသူဦးရေအများဆုံးဖြစ်လာ

https://www.dhakatribune.com/bangladesh/2020/04/24/coronavirus-4-more-die-another-503-infected-in-24hrs

0

Leave a Reply

Your email address will not be published.