လွန်ခဲ့သည့် စနေနေ့မှစတင်၍ ဘင်္ဂလားဒက်ရှ်နိုင်ငံတွင် ရှိတ်ဟာစီနာအစိုးရက Covid-19 ရောဂါကူးစက်ခံရမှုများကို ပိုမိုတိုးမြှင့် စစ်ဆေးနိုင်ခဲ့ရာ နေ့စဉ်ကူးစက်ခံရသူ အရေအတွက်မှာလည်း ယခင်ရက်များထက် ပိုမိုများပြားလာခဲ့သည်ကို တွေ့ရှိခဲ့ရသည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။
လွန်ခဲ့သည့် စနေနေ့တွင် ၂၄-နာရီအတွင်း ရောဂါကူးစက်ခံရသူ ၅၈ ဦးသာရှိခဲ့ပြီး တနင်္ဂနွေနေ့တွင်မူ ၁၃၉-ဦး အထိတွေ့ရှိခဲ့ရာ ကိုရိုနာဗိုင်းရပ်စ်ပိုးသစ် နေ့စဉ်ကူးစက်မှု ၁၄၀ ရာခိုင်နှုန်းပိုမိုအတည်ပြုနိုင်ခြင်းဖြစ်သည်ဆို၏။ တနင်္လာနေ့တွင် ရောဂါကူးစက်မှုအသစ် ၁၈၂ ခု ဖြစ်ပွားခဲ့ပြီး ယခင်နေ့ကထက် ၃၁ ရာခိုင်နှုန်း၊စနေနေ့ထက်ဆိုလှျှင် ၂၁၄ ရာခိုင်နှုန်း ပိုမို အတည်ပြုနိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။
စနေနေ့မှစ၍ အစိုးရက နေ့စဉ်အရေအတွက် ပိုမိုတိုးမြှင့် စစ်ဆေးခဲ့ချိန်မှစ၍ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ဦးရေမှာလည်း တစ်နေ့ထက် တစ်နေ့ တိုးတက်များပြားလာခဲ့ရာ ကူးစက်ခံရသူဦးရေ ၁,၀၀၀ ကို နံနက်ဖန် သို့မဟုတ် ယနေ့တွင် ကျော်လွန်သွားဖွယ်ရှိနေသည်။
#ကူးစက်မှုအများဆုံးဒါကာမြို့တော် ဘင်္ဂလားဒက်ရှ် ကူးစက်ဗေဒ၊ ရောဂါထိန်းချုပ်ရေးနှင့်သုတေသနဆိုင်ရာအင်စတီကျု့ဒ် (IEDCR) က ရောဂါကူးစက်မှု ၈၀၃ ခုရှိသည့်အနက် ၇၆၁ ခု၏ လေ့လာတွေ့ရှိချက် အသေးစိတ်ရုပ်ပုံကားချပ်ကို ထုတ်ပြန်ခဲ့သည်။
အဆိုပါ ၇၆၁- မှုတွင် ၆၇၄-မှုသည် ဒါကာပြည်နယ်အတွင်းရှိ ဒါကာခရိုင်နှင့် ဒါကာမြို့တော်တို့တွင် ဖြစ်ပွားခဲ့သဖြင့် ရာခိုင်နှုန်းအားဖြင့် ၈၉ ရာနှုန်းရှိနေသည်။
ဒါကာမြို့တော်တစ်ခုတည်း၏ ဧရိယာ ၈၅ -ခုတို့တွင် ကူးစက်ခံရကြောင်း တွေရှိရပြီး ကူးစက်မှု့အားလုံး၏ ၅၀ ရာနှုန်းကျော်မှာ ဒါကာမြို့တော်၌ ဖြစ်ပွားနေသည်ဟု ဆိုနိုင်သည်။
ကျန်ဧရိယာ ၁၀ ခုတွင် ယခုထိ ကူးစက်ခံရသူပါင်း ၁၀- ဦးကျော် တွေ့ရှိထားကြောင်း သတင်းရရှိသည်။
((( Dhaka Tribune., April 14, 2020,” Coronavirus: 85 areas of Dhaka city affected.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))
#ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးသည့်အရေအတွက်တိုးမြှင့်သည့်ရက်မှစ၍ကူးစက်ခံရသူပိုမိုတွေ့ရှိ