ဘင်္ဂလားဒက်ရှ် ပထမဆုံးနှင့် အကြီးဆုံးစွမ်းအင်စက်ရုံကို ကျောက်မီးသွေးဖြင့် လည်ပတ်ပြီး လျှပ်စစ် ၁,၃၂၀ မဂ္ဂါဝပ် ထုတ်ယူ။ ၂၀၃၀ ပြည့်နှစ်တွင် ဘင်္ဂလားဒက်ရှ်က လျှပ်စစ်စွမ်းအင် စုစုပေါင်း ၄၀,၀၀၀ မဂ္ဂါဝပ် ပိုင်ဆိုင်မည်။

ဘင်္ဂလားဒက်ရှ်သည် အဝါမီလိခ်အစိုးရလက်ထက်တွင် လျှပ်စစ် ၁,၃၂၀ မဂ္ဂါဝပ် ရရှိမည့် နိုင်ငံ၏ ပထမဆုံးနှင့် အကြီးဆုံးစွမ်းအင်စက်ရုံကို စတင်လည်ပတ်ပြီဖြစ်ရာ ၂၀၃၀ ပြည့်နှစ်တွင် လျှပ်စစ်စွမ်းအင် စုစုပေါင်း ၄၀,၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်ပိုင်ဆိုင်နိုင်တော့မည်ဖြစ်ကြောင်း ဘင်္ဂလားအခြေစိုက် The Daily Star က ယနေ့ရေးသားသည်။

ပတူအာခါလီတွင် တည်ရှိသည့် ပေယာ ကျောက်မီးသွေးစွမ်းအင်စက်ရုံကို ယမန်နေ့တွင် စမ်းသပ်လည်ပတ်ခဲ့သည်။ ယနေ့ ၁၁း၀၅ တွင် စက်ရုံမှ ထုတ်လုပ်သည့် လျှပ်စစ်ဓါတ်အား ၁၀၀ မီဂ္ဂါဝပ်ကို အမျိုးသားမဟာဓါတ်အားလိုင်းသို့ ချိတ်ဆက်ပို့လွှတ်ခဲ့ကြောင်း၊ ဆက်လက်၍ တိုးမြှင့် ပို့လွှတ်သွားမည်ဟု ဘင်္ဂလားဒက်ရှ်-တရုတ်စွမ်းအင်ကုမ္ပဏီ (BCPCL ) ဦးဆောင်ညွှန်ကြားရေးမှုးက ပြောဆိုသည်။

ပေယာ စွမ်းအင်စက်ရုံသည် ဘင်္ဂလားဒက်ရှ်နိုင်ငံတွင် ကျောက်မီးသွေးအသုံးပြုလည်ပတ်သည့် ဒုတိယမြောက်စက်ရုံဖြစ်သည်။ ဒင်နဂျ်ပူတွင်တည်ရှိသည့် ဘာရာပူကူရီးယာ စွမ်းအင်စက်ရုံမှာ ပထမဆုံးဖြစ်၍ လျှပ်စစ်မဂ္ဂါဝပ် ၂၅၀ ထုတ်ယူရန် ပြည်တွင်းထွက် ကျောက်မီးသွေးကို အသုံးပြုသည်။ ဤသည်မှာ တိုးတက်လာနေသော နိုင်ငံ့စီးပွားရေးနှင့် အရံသဘာဝဓါတ်ငွေ့လျှော့နည်းလာခြင်းအတွက် ကျောက်မီးသွေးစွမ်းအင်အသုံးပြုရေး အစိုးရ၏အားထုတ်မှု့ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဆက်လက်၍လည်း တည်ဆောက်ရန် စီစဉ်လျှက်သည်။ ၂၀၃၀ ပြည့်နှစ် မဂ္ဂါဝပ် ၄၀,၀၀၀ ထုတ်ယူချိန်တွင် ကျောက်မီးသွေးအပေါ် မှီခိုမှု့ ၃၅ ရာခိုင်နှုန်းရှိမည်ပြီး ယခုအခါ ၂ ရာခိုင်နှုန်းရှိကြောင်း သိရှိရသည်။

ကျောက်မီးသွေးစွမ်းအင်စက်ရုံများအတွက် အမေရိကန်ဒေါ်လာ ၂ ဘီလျံလိုအပ်ပြီး ၈၀ ရာနှုန်းကို တရုတ် Exim Bank ထံမှ ချေးယူသည်။ အကြီးစား စွမ်းအင်စက်ရုံတည်ဆောက်ခြင်းဖြင့် လျှပ်စစ်အမြောက်အများကို တစ်ပြိုင်နက်တည်းတွင် ထုတ်ယူရရှိနိုင်သည်။ ယခုအခါတွင် လျှပ်စစ် ၁-ကီလိုဝပ်နာရီထုတ်ယူရန် အမေရိကန်ဒေါ်လာ ဝ.၀၇၀ ကုန်ကျပြီး နောင် စက်ရုံများအပြည့်အ၀ လည်ပတ်သည့်အခါ ဒေါ်လာ ဝ.၀၇၅ သာ ကုန်ကျမည်ဖြစ်သည်။

(((( ကမ္ဘ္ဘာမြေ၏ အရှင်သခင်ဖြစ်သော လူသားတို့အနေဖြင့် စား-ဝတ်-နေ ဖူလုံတိုးတက်စေရာတွင် ၎င်းတို့မှီခိုနေထိုင်ရာ ကမ္ဘ္ဘာကြီး၏ သဘာဝပတ်ဝန်းကျင်အား တစ်နည်းမဟုတ် တစ်နည်းဖြင့် ဝါးမြိုဖျက်ဆီးပါသည်။ မျက်မှောက်ခေတ်တွင် လျှပ်စစ်ဓါတ်အားမှာ မရှိမဖြစ် လိုအပ်သည်။ ကျောက်မီးသွေး၊ ရေအားလျှပ်စစ်တို့သည် စွမ်းအင်များများ ထုတ်လုပ်နိုင်သော်လည်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှု့ အလွန်များသည်။ နေရောင်ခြည်-လေအားတို့မှ လျှပ်စစ်စွမ်းအင်ထုတ်ယူနိုင်သော်လည်း ကျောက်မီးသွေးနှင့် ရေအားတို့လောက် လျှပ်စစ်ပမာဏ များများကို တစ်နေရာတည်းနှင့် ရယူနိုင်ခြင်း မရှိသေးချေ။

ဘင်္ဂလားဒက်ရှ် ဒါကာမြို့တော်သည် ကမ္ဘ္ဘာ့မြို့ကြီးများ လေထုအရည်အသွေးညွှန်းကိန်း Air quality index ( AQI ) သတ်မှတ်ရာတွင် လေထုညစ်ညမ်းမှု့ အဆိုးရွားဆုံး အမှတ် ၂၀၀ ၌ ၁၆၉ မှတ်ဖြင့် အဆင့် ၁၁- ဖြစ်လျှက်ရှိသည်။ ဖွံံ့ဖြိုးဆဲနိုင်ငံချင်းတူသော်လည်း သောက်ဖောင်းထုသူလည်း အလွန်နည်းပါး၊ ပိုက်ဆံလည်း ပိုသုံးနိုင်သော ဘင်္ဂလားဒက်ရှ်တွင် နိုင်ငံ့လျှပ်စစ်လိုအပ်ချက် ၉၄ ရာနှုန်းကို ဖြည့်ဆည်းပေးနိုင်ပြီဖြစ်သည်။ ယခုနှစ်တွင် ညူကလီယာစွမ်းအင်စက်ရုံ ၁-ရုံ စတင်လည်ပတ်မည်ဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် လည်ပတ်မည့် အခြားညူ ကလီယာ စက်ရုံ ၁-ရုံကို တည်ဆောက်လျှက်ရှိသည်။ စီးပွားရေးလည်း တိုးလာသဖြင့် ရေငုတ်သင်္ဘော ၂-စီးပြူး တစ်ပြိုင်နက်တည်း ဝယ်နိုင်သည်။


မြန်မာတွင် ယခုထိ လျှပ်စစ်လိုအပ်ချက် ၅၀ ရာနှုန်းသာ ဖြည့်ဆည်းနိုင်သေးသည်။ ကျောက်မီးသွေးလည်း ကန့်ကွက်- ရေအားလျှပ်စစ်ထုတ်ယူရန်မှာလည်း ကန့်ကွက်ချည့်ခံနေရသဖြင့် NLD အစိုးရသက်တမ်း ၄-နှစ်အတွင်း စွမ်းအင်စက်ရုံကြီးကြီးမားမား တည်ဆောက်သည်ကို မတွေ့ရခြင်း ဖြစ်ပုံရသည်။ သို့သော်လည်း တစ်နေ့တစ်ခြား တိုးလာသည့် ပါးစပ်ပေါက်များနှင့် လူနေမှု့အဆင့်အတန်းမြှင့်တင်ရေးမှာ မည်သည့်နည်းနှင့် ရပ်တန့်ထားနိုင်ခြင်း မရှိပါ။

ဤတွင် ရှိပြီး မဟာဓါတ်အားလိုင်းမှ ပိုမိုရှည်လျှားသည့် ဓါတ်အားလိုင်းများ သွယ်တန်းရတော့သည်။ ပုံမှန် ၅ မိုင်မှ ၇ မိုင်အတွင်းသာ ရှိရမည့်အစား ၁၂-မိုင်အထိ သွယ်တန်းရသဖြင့် လျှပ်စစ်လေလွင့်ဆုံးရှုံးမှု့ ပိုမိုများပြား လာရသည်ဆို၏။ ထိုဆုံးရှုံးမည့် ဘဏ္ဍာငွေများကို အခွန်ထမ်းပြည်သူများက ကျခံရတော့မည်ဖြစ်သည်။

ကျွန်တော်တို့နိုင်ငံတွင် သစ်တောများပြုန်းတီးခြင်းသည် ရေကြီးရေလျံ၊ မုတ်သုန်ဝင်ထွက်ချိန်မမှန်ခြင်းကဲ့သို့ မူမမှန်ရာသီဥတုဖြစ်စေရန် အချက်တစ်ခု အမှန်ဖြစ်ပါသည်။ သိူ့သော် ကမ္ဘ္ဘာ့ကာဗွန်အထုတ်လွှတ်ဆုံး အိန္ဒိယနှင့် တရုတ်ကြားရှိ မြန်မာသည် ဆည်မတည်၊ ကျောက်မီးသွေးစက်ရုံမဆောက်ယုံမျှနှင့် သဘာဝပတ်ဝန်းကျင် ပြန် ကောင်းလာနိုင်စရာမရှိပါ။ ရေကြီး-ရေလျှံ မုတ်သုန်ဝင်ထွက်မမှန် ရပ်တန့်သွားစရာလည်း လမ်းမမြင်ပါ။

ကျောက်မီးသွေးလည်း ကန့်ကွက်- ရေလျှပ်စစ်လည်း ကန့်ကွက်ချည့်ခံနေရချိန်တွင် အကယ်၍ ဘင်္ဂလားဒက်ရှ် ကဲ့သို့ ပိုက်ဆံလည်းပိုကုန်- ပို၍လည်း စွန့်စားရသည့် ညူကလီယာစွမ်းအင်စက်ရုံများ ဆောက်မိလျှင် တိုင်းရင်းသား ၁၃၅ မျိုး၊ လက်နက်ကိုင်ဆန့်ကျင်အဖွဲ့ပေါင်း ၁၀၀ ကျော် ရှိနေသည့် မြန်မာပြည်တွင် ညူကလီယာဆန့်ကျင် လက်နက်ကိုင်အဖွဲ့ ခေတ်မီစွာ ပေါ်ပေါက်လာဖွယ်ရှိသည်။ ။ သတင်းဘာသာပြန်သူ ))

ဧရာဝတီ ( ဇန်-၁၃၊ ၂၀၂၀ ) မှ (ဒေါ်) လဲ့လဲ့ ၏ မှတ်သားဖွယ် ဆောင်းပါးကို ပထမဆုံးကောမန့်တွင် ရှု့ပါရန်

((( The Daily Star., January 14, 2020, “ Payra coal power plant takes off.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.thedailystar.net/frontpage/news/payra-coal-power-plant-takes-1853791 .

( နိုဝင်ဘာ – ၁၃၊ ၂၀၁၉ ) ဘင်္ဂလားဒက်ရှ်တွင် လျှပ်စစ်လိုအပ်ချက်၏ ၉၄ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနိုင်ပြီ။ ခရိုင် ၁၀-ခု…

Posted by Htay Oung on Wednesday, 13 November 2019

( ဇန်နဝါရီ – ၀၂၊ ၂၀၁၉ ) မြစ်ကူးရေအောက် ဥမင်လှိုဏ်များ ပိုမိုတည်ဆောက်ရန် ဘင်္ဂလားဒက်ရှ်ကြံဆနေ။ တံတားများ တည်ဆောက်ခြင်းသည်…

Posted by Htay Oung on Thursday, 2 January 2020

#ဘင်္ဂလားဒက်ရှ်ပထမဆုံးနှင့်အကြီးဆုံးစွမ်းအင်စက်ရုံကိုကျောက်မီးသွေးဖြင့်လည်ပတ် #၂၀၃၀ပြည့်နှစ်တွင် ဘင်္ဂလားဒက်ရှ်ကထုတ်လုပ်မည့်လျှပ်စစ်စွမ်းအင်စုစုပေါင်း၄၀,၀၀၀ မဂ္ဂါဝပ်

0

Leave a Reply

Your email address will not be published.