ဘင်္ဂလားဒက်ရှ်နိုင်ငံတွင် တောင်းရမ်းစားသောက်သူဦးရေမှာ ၂၅၀,၀၀၀ – ဦးခန့် ဖြစ်၍ နိုင်ငံ့လူဦးရေ၏ ဝ.၁၇ ရာခိုင်နှုန်းရှိကြောင်း ဝန်ကြီးက ပြောဆိုသည်ဟု ဘင်္ဂလားအခြေစိုက် bdnews24 က ယမန်နေ့ရေးသားသည်။
တနင်္လာနေ့ ဘင်္ဂလားဒက်ရှ်ပါလီမန်တွင် အာဏာရ အဝါမီလိခ်ပါတီမှ ပါလီမန်အမတ် ဒီဒါရူအလမ်၏ မေးမြန်း ချက်ကို လူမှုဖူလုံရေးဝန်ကြီး နူရူဇမန်အာမက်က ဖြေကြားရာ၌ တောင်းရမ်းစားသောက်သူဦးရေမှာ ခရိုင်အုပ် ချုပ်ရေးဋ္ဌာန၏ ကွင်းဆင်းကောက်ယူထားသော ကိန်းဂဏန်းများအရဖြစ်သည်ဆို၏။
သို့သော်လည်း အဆိုပါ အရေအတွက်မှာ တစ်နိုင်ငံလုံးရှိ တောင်းရမ်းစားသောက်သူဦးရေ အတိအကျမဟုတ်ပဲ ခန့်မှန်းအရေအတွက်ဖြစ်ကြောင်း၊ ၎င်းတို့၏ ဘဝပြန်လည်ထူထောင်ရေးအတွက် ယခုဘဏ္ဍာရေးနှစ်အတွက် အသုံးပြုမည့် ဘတ်ဂျက်ငွေမှာ တာကာ သန်း ၄၀ ( အမေရိကန်ဒေါ်လာ ၄၇၂,၀၄၉ ခန့် ) လျာထားကြောင်း ဝန်ကြီး အာမက်က ပါလီမန်၌ ဆက်လက်ဖြေဆိုသည်။
((( bdnews24., Published: 13 Jan 2020. ” 0.17% of Bangladesh population
are beggars: minister.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။
)))
https://bdnews24.com/business/2020/01/13/0.17-of-bangladesh-population-are-beggars-minister #ဘင်္ဂလားဒက်ရှ်၏တောင်းရမ်းစားသောက်သူဦးရေ

0