ဘင်္ဂလားဒက်ရှ် မြို့နယ်ရဲစခန်း ဗုံးပေါက်ကွဲသဖြင့် ၅-ဦးဒါဏ်ရာရရှိ၊ အိုင်အက်စ်က ၎င်းလက်ချက်ဖြစ်ကြောင်း ကြေညာသည်ဟု အမေရိကန်ပြောဆို၊ အိဒ်ပွဲတော်နှင့် သြဂုတ်လတွင် အာရှနိုင်ငံများ၌ အကြမ်းဖက်တိုက်ခိုက်ခံရနိုင်ကြောင်း ဒေသတွင်းထောက်လှမ်းရေးသတင်း ကြိုတင်ထွက်ပေါ်ခဲ့

ယမန်နေ့ ( ဗုဒ္ဓဟူး ) ၌ ဘင်္ဂလားဒက်ရှ်နိုင်ငံ ဒါကာမြို့ရှိ ပယ်လာဗီရဲစခန်းတွင် ဗုံးပေါက်ကွဲရခြင်းမှာ ၎င်းတို့လက်ချက်ဟု အစ္စလာမ်မစ်နိုင်ငံတော် ထူထောင်သူ IS အိုင်အက်စ်တို့က ဝန်ခံကြောင်း အမေရိကန်အခြေစိုက် အစိုးရအဖွဲ့အတွက် သတင်းနှင့်ဝန်ဆောင်မှု ( ISTE ) ထောက်လှမ်းရေးအုပ်စုက သတင်းထုတ်ပြန်သည်ဟု ဘင်္ဂလားအခြေစိုက် Dhaka Tribune က ယနေ့ရေးသားသည်။ 

  
ပယ်လာဗီရဲစခန်း၌ ဗုံးပေါက်ကွဲခြင်းမှာ ၎င်းတို့လက်ချက်ဖြစ်သည်ဟု အိုင်အက်စ်တို့က သတင်းထုတ်ပြန်ကြောင်း၊ အိုင်အက်စ်တို့၏ “Battle of Attrition” လှုပ်ရှားမှု ၄-ကြိမ်မြောက်လှိုင်းတွင် တစ်စိတ်တစ်ပိုင်းဖြစ် ပြီး၊ အိဒ်ပွဲတော်ကာလကကို ဦးတည်လျှက် တိုက်ခိုက်မည်ဖြစ်ကြောင်း သတင်းများ မြင့်တက်လျှက်ရှိစဉ် ဗုံးပေါက်ကွဲမှုဖြစ်ပွားသည်ကို တွေ့ရှိရကြောင်း၊ ဘင်္ဂလားဒက်ရှ်အတွက် ၂၀၁၉-ခုနှစ် သြဂုတ်လ နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ SITE အမေရိကန်ထောက်လှမ်းရေးအုပ်စု ညွှန်ကြားရေးမှူးက ၎င်း၏ Twitter စာမျက်နှာ၌ ရေးသားသည်။ 


ဒါကာမြို့တော်ရဲတပ်ဖွဲ့၏ အကြမ်းဖက်မှုနှင့်နိုင်ငံဖြတ်ကျော်မှုခင်းဌာန CTTC လက်ထောက်ကော်မရှင်နာမင်းကြီးကမူ ပယ်လာဗီရဲစခန်း ဗုံးပေါက်ကွဲမှုမှာ ပြည်တွင်း ရာဇဝတ်ကောင်များ၏ လက်ချက်သာဖြစ်နိုင်ပြီး အကြမ်းဖက်စစ်သွေးကြွတို့၏ တိုက်ခိုက်မှုဟု မထင်ရကြောင်း မှတ်ချက်ပြုသည်။ သို့သော် အမေရိကန်ထောက်လှမ်းရေးအုပ်စု၏ သတင်းပေးချက်ကို စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း ပြောဆိုသည်။ 

  
ဗုဒ္ဓဟူးနေ့ နံနက် ၆ နာရီခန့်တွင် ဒါကာမြို့ရှိ ပယ်လာဗီရဲစခန်းတွင် ဗုံးတစ်လုံးပေါက်ကွဲခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၄-ဦး အပါအဝင် လူ ၅-ဦး ဒဏ်ရာရခဲ့သည်။ ၎င်းနေ့စောစောပိုင်း နယ်မြေအတွင်း လုံခြုံရေးဆောင်ရွက်နေသော ပယ်လာဗီ ရဲတပ်ဖွဲ့ဝင်များသည် သာမန်ကုန်စုံဆိုင်များတွင် အသုံးပြုလေ့ရှိသည့် ဒီဂျစ်တယ်ချိန်ခွင်အတွင်း ဝှက်ထားသော ဗုံးတစ်လုံးကို တွေ့ရှိခဲ့ကြကြောင်း၊ ဗုံးအား ရဲစခန်းသို့ သယ်ယူလာပြီး စံနက်တန်ဖြုတ် အသက်မဲ့ရန် ကြိုးစားစဉ် မမျှော်လင့်ပဲ ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း၊ ဗုံးကိစ္စနှင့် ပတ်သက်၍ နယ်မြေခံ ၃-ဦးကို ဖမ်းဆီးထားကြောင်း ပယ်လာဗီရဲစခန်းမှူးက ပြောဆိုသည်။ 

 ယခုနောက်ဆုံရရှိသည့် bdnews24 သတင်းအရမူ အဆိုပါဖမ်းဆီးထားသည်ဆိုသူတို့မှာ ပေါက်ကွဲမှုမတိုင်မီ ၂-ရက်ကတည်းကဖြစ်ကြောင်း ၎င်းတို့၏ မိသားစုက ပြောဆိုသည်ဟု တွေ့ရှိရသည်။ 


(( ဘင်္ဂလားဒက်ရှ် ဒါကာမြို့နယ် ရဲစခန်း ဗုံးပေါက်ကွဲမှုဖြစ်ပွားပါသည်။ IS တို့က ၎င်းတို့လက်ချက်ဖြစ်ကြောင်း ဝန်ခံသည်ဆိုသည့်တိုင် IS တို့မှာ မည်သည့်နိုင်ငံမဆို ကားချင်းတိုက်၍ လူများများသေသည့် ထူးခြားမှုရှိလျှင်ပင် “ ငါလုပ်ထာ“ ပြောလေ့ရှိသည်။

  
အိဒ်ပွဲတော်ကာလမတိုင်မီ စစ်သွေးကြွတိုက်ခိုက်မှု ဖြစ်ပွားနိုင်သည်ဟု ထောက်လှမ်းရေးသတင်း ထွက်ပေါ်ကြောင်း ဘင်္ဂလားဒက်ရှ် ရဲစခန်း၊ တပ်ရင်း-တပ်ဖွဲ့အားလုံး တပ်လှန့်ထားကြောင်းသတင်းကို လွန်ခဲ့သည့် ဇူလိုင် ၂၇-ရက်နေ့တွင် ကျွန်တော် ဘာသာပြန်ဖော်ပြခဲ့ပြီးဖြစ်သည်။

  
သံရုံးများ၊ ဘာသာရေးအဖွဲ့အစည်းများ သို့မဟုတ် ရဲကင်း-ရဲစခန်းတို့ကို ပစ်မှတ်ထား တိုက်ခိုက်ဖွယ်ရှိကြောင်း၊ #လာမည့်_သြဂုတ်လသည် #စစ်သွေးကြွတို့_အတတ်ကြွဆုံးဖြစ်လေ့ရှိရာ လိုအပ်သော လုံခြုံရေးအစီအမံများ တိုးမြှင့်ထားကြောင်း ၎င်းသတင်း၌ ပါရှိသည်။ အကြမ်းဖက်သမားတို့ တိုက်ခိုက်မည်ဟု သတင်းရရှိကြောင်း၊ ကုလသမဂ္ဂကလည်း သတိပေးကြောင်း အိန္ဒိယမီဒီယာတို့ကလည်း အလားတူဖော်ပြကြသည်ကို တွေ့ရှိရသည်။ 


လွန်ခဲ့သည့်နှစ် ဘင်္ဂလားဒက်ရှ်တွင် လူအသေအပျောက်များသော ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ဖူးသည်။ပြီးခဲ့သည့် ဇူလိုင်-၂၄၊ နံနက် ၀၈း၄၅ နာရီခန့်တွင် ဒါကာမြို့တော်တောင်ဘက် ပူရာနာပယ်လ်တန်ဧရိယာ၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သော်လည်း ထိခိုက်ဒါဏ်ရာရသူ မရှိခဲ့ချေ။ ပေါက်ကွဲမှု မှာ IED လက်လုပ်ဗုံး အမျိုးအစားဖြစ်ပြီး ယခင်ဘင်္ဂလားဒက်ရှ်နိုင်ငံအတွင်း စစ်သွေးကြွတို့ အသုံးပြုခဲ့သည့် ဗုံးအမျိုးအစားနှင့် တူညီခြင်းမရှိကြောင်း သိရှိရပါသည်။ အခြား ဗုံးအတုဖြင့် ခြိမ်းခြောက်မှုများလည်း ရှိနေသည်။ 


ထို့ကြောင်း ပယ်လာဗီရဲစခန်း ဗုံးကွဲမှုတွင် IS တို့လက်ချက် ဟုတ်/မဟုတ် အတော်စဉ်းစားရမည့်ကိစ္စဖြစ်သည်။ 

  
ဘင်္ဂလားဒက်ရှ်အကြမ်းဖက်တိုက်ဖျက်ရေးက ပြည်တွင်း ရာဇဝတ်ကောင် JMB များလက်ချက်ဖြစ်နိုင်ကြောင်း ထုံးစံအတိုင်း ဓါတ်ပြားဟောင်းကြီး ဖွင့်နေသည်။ စုံစမ်းရေးကော်မတီဖွဲ့သည်ဆိုသော်လည်း ၎င်းအတိုင်းသာ အစီရင်ခံစာ ထွက်လောက်သည်။ 


ဘင်္ဂလားဒက်ရှ်၏ ပြည်ပအခြေစိုက် ဘာသာရေးအစွန်းရောက်-အကြမ်းဖက်အဖွဲ့များ လှုပ်ရှားမှုတို့ အကြောင်းကို အိန္ဒိယအပါအဝင် နိုင်ငံတကာထောက်လှမ်းရေးတို့က ပြောဆိုလေ့ရှိသည်။ လွန်ခဲ့သည့် ရက်ပိုင်းအတွင်း မြန်မာအပါအဝင် အာရှဒေသအတွင်း အကြမ်းဖက်ခြိမ်းခြောက်မှုရှိနေကြောင်း သတင်းများ ထွက်ပေါ်ရာတွင် အိုင်အက်စ်သာမက အယ်လ်ကိုင်ဒါများဟု ဖော်ပြသည်။ 


သို့သော် ဘင်္ဂလားဒက်ရှ်က ၎င်းတို့နိုင်ငံအတွင်း ပြည်ပအခြေစိုက် အကြမ်းဖက်အဖွဲ့ မရှိကြောင်း အစဉ်တစ်စိုက် ငြင်းဆိုလေ့ရှိပါသည်။ အထူးသဖြင့် နိုင်ငံတကာ စိတ်ဝင်စားခြင်းခံရသော ARSA အကြမ်းဖက်အဖွဲ့ဆိုသည်မှာ ဘင်္ဂလားဒက်ရှ်တွင် မရှိဟု အခိုင်အမာ ငြင်းဆိုထားပြီး ဘင်္ဂလားဒက်ရှ်မီဒီယာများကလည်း တစ်လေသံတည်း ထွက်ကြပါသည်။ မြန်မာပြည်တွင်း၌လည်း ၎င်းအတိုင်း သံယောင်လိုက်သူများ ရှိနေသည်။ 

  
ကော့ခ်ဘဇားတွင် ဘင်္ဂလားဒက်ရှ်ရဲတို့နှင့် လက်နက်ကိုင်ထိပ်တိုက်တွေ့ ပစ်ခတ်မှုဖြစ်ပြီး သေဆုံးသူများတွင် ဒုက္ခသည်ဘင်္ဂါလီများ ပါရှိနေသည်မှာ အကြိမ်ကြိမ်ဖြစ်သည်။ သို့သော် ဘင်္ဂလားဒက်ရှ်မီဒီယာတို့က ဒါးပြများ အဖြစ်သာ ဖော်ပြသည်။ 


လွန်ခဲ့သည့်နှစ်တွင် မလေးရှားက ၎င်းနိုင်ငံရောက် ARSA အတွက် လူသစ်စုဆောင်း၊ ထောက်ပံ့ကြေးကောက်ခံသူများကို ဖမ်းဆီးရမိသည့်သတင်းများ တွေ့ရသည်။ မကြာသေးမီကလည်း ARSA ထူထောင်သူ အတ္တားအူလ္လာ၏ အစ်ကိုရင်း ရာရှစ်ဒ်အူလ္လာ၏ သိမ်းဆည်းရမိသော လက်တော့ပ်ကွန်ပျူတာမှ အချက်အလက်များအရ ARSA ကို ဓါတ်ပုံ၊ ဗွီဒီယိုများနှင့် တွေ့ရယုံမက မေယုတောင်ကြောပေါ်၌ လေ့ကျင့်လျှက်ရှိကြောင်းကိုပါ အခိုင်အမာ သိလိုက်ရသည်။ 

သို့သော် ၎င်းအပြင် နိုင်ငံတကာ ထောက်လှမ်းရေးတို့နှင့်ကွဲလွဲလျှက် မရှိဘူး ငြင်းမရသည့်အဆုံး လူ ၂၀-၂၅ လောက်ပဲဟု ချေပရန်ကြိုးသားဆဲဖြစ်သည်။ ။ သတင်းဘာသာပြန်သူ ))

#ဘင်္ဂလားဒက်ရှ် မြို့နယ်ရဲစခန်း #ဗုံးပေါက်ကွဲသဖြင့်၅-ဦးဒါဏ်ရာရရှိ #အိုင်အက်စ်_အယ်လ်ကိုင်ဒါ_ARSA


((( Dhaka Tribune., 30 July 2020,” IS claims responsibility for Pallabi police station blast, CTTC refutes.By: Arifur Rahman Rabbi ” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်။ ))) 

https://www.dhakatribune.com/bangladesh/crime/2020/07/29/site-is-claims-responsibility-for-pallabi-police-station-blast 

https://bdnews24.com/bangladesh/2020/07/30/family-say-pallabi-blast-suspect-was-detained-two-days-before-incident 


https://www.thedailystar.net/3-criminals-whose-weight-machine-exploded-pallabi-not-militants-bangladesh-police-1938101 


https://www.dhakatribune.com/bangladesh/dhaka/2020/07/29/bomb-explodes-at-pallabi-police-station-5-injured 


https://www.thedailystar.net/3-criminals-whose-weight-machine-exploded-pallabi-not-militants-bangladesh-police-1938101 


https://www.thedailystar.net/frontpage/news/intel-possible-militant-attack-new-security-alert-eid-1936789 


https://www.indiatoday.in/india/story/-significant-numbers-islamic-state-terrorists-in-kerala-un-report-1704306-2020-07-25 


https://www.bloombergquint.com/opinion/bangladeshi-isis-arrest-in-singapore-denial-would-no-longer-help-sheikh-hasina-blogger-killed-jamat-e-islami 

0

Leave a Reply

Your email address will not be published.