ဘင်္ဂလားပင်လယ်အော်တွင် မရေမရဖြစ်နေသော ဒုက္ခသည်ဘင်္ဂါလီအချို့ ဘင်္ဂလားဒက်ရှ်သို့ ယနေ့ရောက်ရှိလာ။ ရောက်လာသမျှအားလုံးကို ဘာဆန်ချာကျွန်းသို့ပို့ဆောင်မည်။ ဒုက္ခသည်ဆန့်ကျင်ရေးစိတ်ဓါတ်မြင့်မားနေသော မလေးရှားက ကိုရိုနာရောဂါအကြောင်းပြချက်ဖြင့် ကုလနှင့်နိုင်ငံတကာဖိအားပေးမှုကို ပယ်ချနေ။

ဘင်္ဂလားဒက်ရှ်ကမ်းခြေစောင့် တပ်ဖွဲ့ဝင်များသည် အရေအတွက်ဖော်ပြခြင်းမရှိသည့် ဒုက္ခသည်ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာဟုဖော်ပြ ) တို့ကို ကော့ခ်ဘဇားနယ်မြေ တက္ကနဖ်အနီး ပင်လယ်ပြင်မှ ကယ်ဆယ်နိုင်ခဲ့သည်။ ၎င်းတို့မှာ လွန်ခဲ့သေ ၁၂-ရက်ခန့်တွင် နိုင်ငံတကာရေပြင်မှ ဘင်္ဂလားဒက်ရှ်ရေပြင်ပိုင်နက်အတွင်း ဝင်ရောက်ရန်ကြိုး စားနေသည့် ဒုက္ခသည်ဘင်္ဂါလီများပါ ငါးဖမ်းဘုတ် ၂ – စီးတို့မှဖြစ်ကြောင်း ဘင်္ဂလားဒက်ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အေကေအဗ္ဗဒူမိုမန်က စနေနေ့၌ ပြောကြားသည်ဟု Dhaka Tribune အားကိုးကား၍ Ukhiya News က ယနေ့ ရေးသားသည်။

ကယ်ဆယ်ခဲ့ရသော ဒုက္ခသည်ဘင်္ဂါလီများကို ကော့ခ်ဘဇားရှိခိုလှုံရေးစခန်းများသို့ ပြန်လည်နေရာချထားမည် မဟုတ်ပဲ၊ ဘာဆန်ချာကျွန်း၌ ပို့ဆောင်မည်ဖြစ်ကြောင်း ဒေါက်တာမိုမန်က ဆက်လက်ပြောဆိုသည်။အဆိုပါကျွန်းမှာ ဒုက္ခသည်ဘင်္ဂါလီ ၁-သိန်းအား နေရာချထားရန် နိုအာခါလီဒေသ၌ ဘင်္ဂလားဒက်ရှ်ရေတပ်မတော်က ခိုလှုံရေးစခန်းတည်ဆောက်ထားခြင်းဖြစ်ကြောင်း၊ ယခုထပ်မံရောက်ရှိလာသူများကို ၎င်းကျွန်း၌ နေရာချထားမည်ဖြစ်ရာ ၎င်းတို့မှာ ဘာဆန်ချာကျွန်း၌ နေထိုင်သူ ပထမဆုံးဒုက္ခသည်ဘင်္ဂါလီများဖြစ်လာလိမ့်မည်ဟု ပြောဆိုသည်။ သို့သော် ယခုကယ်ဆယ်ခဲ့သော ဒုက္ခသည် အရေအတွက်ကိုမူ အတိအကျ ရှင်းလင်းခြင်း မရှိချေ။

ငါးဖမ်းဘုတ် ၂-စီးမှ ဒုက္ခသည်ဘင်္ဂါလီအချို့သည် လှေငယ်တစ်စီးဖြင့် မိမိတို့ကမ်းခြေအနီးသို့ရောက်ရှိလာခြင်း ဖြစ်သည်ဟု သိရှိရကြောင်း၊ ဒေသခံများ သတင်းပေးချက်အရ မိမိတို့ ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များက ၎င်းတို့အား ကယ်ဆယ်ခဲ့ရကြောင်း၊ ၎င်းတို့အရေအတွက်အတိအကျကို မသိရှိရသေးသော်လည်း ၆၀-ခန့်ရှိမည်ဖြစ်ပြီး အခြားသူများကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း ဘင်္ဂလားဒက်ရှ်နိုင်ငံခြားရေးဝန်ကြီးက Dhaka Tribune သို့ ပြောကြားသည်ဆို၏။

ဒုက္ခသည်ဘင်္ဂါလီများအား ကယ်ဆယ်ခဲ့ပြီး စနေနေ့ည ၁၀း၃၀-နာရီတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါခြေချုပ် ယာယီစခန်း၌ နေရာချထားပြီးစီးကြောင်း တာဝန်ရှိသူတစ်ဦးအဆိုအရ သိရှိရသည်။ ဒုက္ခသည်ဘင်္ဂါလီ ၅၀၀ ခန့် လိုက်ပါလာသော ငါးဖမ်းဘုတ် ၂-စီးမှာ ကမ်းကပ်ခွင့်မရပဲ ဘင်္ဂလားပင်လယ်အော်တွင် မရေမရာဖြစ်လျှက်ရှိရာ ဘင်္ဂလားဒက်ရှ်က ကယ်တင်ပေးရေးအတွက် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းတို့က အပြင်းအထန်ဖိ အားပေးလျှက်ရှိသည်။

Ukhiya News က ကိုးကားဖော်ပြသည်ဆိုသည့် Dhaka Tribune က ရေးသားရာတွင်မူ စနေနေ့တွင် ဘင်္ဂလားဒက်ရှ်တောင်ပိုင်းကမ်းခြေသို့ ဆိုက်ရောက်လာသည့် ဒုက္ခသည်ဘင်္ဂါလီများမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဝင်ခွင့်မရပဲ ပင်လယ်ပြင်တွင် မရေမရာဖြစ်လျှက်ရှိသည့် ငါးဖမ်းဘုတ်များစွာတို့အနက်မှ အချို့ဖြစ်ပုံရကြောင်း၊ လှေငယ်ဖြင့် ရောက်ရှိလာကြပြီး စုစုပေါင်း ၄၃-ဦး ရှိကြောင်း အမည်မဖော်လိုသည့် ဘင်္ဂလားဒက်ရှ်အရာရှိတစ်ဦးက ပြောဆိုသည်ဟု ဖော်ပြထားသည်။

 မြန်မာနိုင်ငံမှ လူနည်းစု မွတ်စလင်များဖြစ်သော ရိုဟင်ဂျာဆိုသူတို့သည် အရှေ့တောင်အာရှနိုင်ငံအစိုးရများ၏ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာနယ်စပ်တားဆီးမှုများကြောင့် မလေးရှားနှင့် ဘင်္ဂလားဒက်ရှ်နိုင်ငံအကြား ပင်လယ်ပြင်တွင် အနည်းဆုံး လှေ ၂-စီးဖြင့် မရေမရာဖြစ်လျှက်ရှိပြီး လူရာပေါင်းများစွာ ပါဝင်နိုင်ကြောင်း လူ့အခွင့်အရေးအုပ်စုများက ပြောဆိုသည်။ ၎င်းတို့အနက်အသက်ရှင်ကျန်ခဲ့သူများ လိုက်ပါသည့် ဘုတ် ၁-စီးကို ဧပြီလလယ်တွင် ဘင်္ဂလားဒက်ရှ်ကမ်းခြေစောင့် တပ်ဖွဲက ကယ်တင်ခဲ့သည်။ ငါးဖမ်းများဘုတ်ပေါ်တွင် အစာရေစာငတ်မွတ်ခြင်းကြောင့် ဒုက္ခသည်ဘင်္ဂါလီအများအပြားသေဆုံးခဲ့ပြီးဖြစ်သည်။ ဒုက္ခသည်ဆန့်ကျင်ရေးစိတ်ဓါတ်မြင့်မားနေသော မလေးရှားက ကုလနှင့် နိုင်ငံတကာဖိအားပေးမှုကို ကိုရိုနာရောဂါအကြောင်းပြချက်ဖြင့် ပယ်ချလျှက်ရှိသည်။

လွန်ခဲ့သည့်နှစ်များအတွင်း အိန္ဒိယသမုဒ္ဒရာ၌ လှိုင်းလေငြိမ်သက်လေ့ရှိသည့် အောက်တိုဘာမှ ဧပြီလများတွင် မြန်မာနှင့် ဘင်္ဂလားဒက်ရှ်မှ ရိုဟင်ဂျာဆိုသူများသည် ထိုင်းနှင့် မလေးရှားနိုင်ငံများ၌ ခိုလှုံခွင့်ရရှိရန် ပင်လယ်ပြင်အား လှေများဖြင့် ဖြတ်သန်းခဲ့ကြသည်။ လမ်းခုလတ်တွင် လူပေါင်းများစွာသေကြေခဲ့ကြရပြီး ၂၀၁၅-ခုနှစ်တွင် ထိုင်းနိုင်ငံဦးဆောင်သောလူကုန်ကူးမှုတားဆီးရေးအဖွဲ့များ၏ ဖြိုခွင်းမှုကြောင့် လူသားများအား ကုန်ပစ္စည်းသဖွယ် ကူးသန်းမှုများ ချုပ်ငြိမ်းခဲ့ရကြောင်း Dhaka Tribune က ယနေ့ရေးသားသည်။

((( ၂၀၁၆-ခုနှစ် ဧပြီ-မေလများတွင် အိန္ဒိယသမုဒ္ဒရာအတွင်း ပုံမှန်မဟုတ်သော လှေစီးပြေးမှုများ ဖြစ်ပေါ်ခဲ့သည်။ နယူးဇီလန်ရောက် မြန်မာနိုင်ငံမှ ထွက်ပြေးလာသည့် ရိုဟင်ဂျာဆိုသူများ၏ ၆၀ မှ ၇၀ ရာနှုန်းမှာ ဘင်္ဂလားဒက်ရှ်နိုင်ငံသားများဖြစ်နေသည်။ ထိုအတွက် မိမိနိုင်ငံမှ လှေစီးပြေးအဖြစ်ထွက်ခွာသူများသည် တိုင်းပြည် မျက်နှာအား အိုးမည်းသုတ်သည့် ဦးနှောက်ပျက်နေသူများဖြစ်ကြောင်း ဝန်ကြီးချုပ်ရှိတ်ဟာစီနာက ပြင်းထန်စွာရှုတ်ချသည်ဟု South Asians Human Rights ၏ “Bangladesh PM slams migrants as ‘mentally sick’, calls for crackdown on trafficking” ,May 25,2015 က ဖော်ပြထားပြီး BBC, Straits Times နှင့် အခြားမီဒီယာတို့ကလည်း ရေးသားကြသည်ကို တွေ့ရှိရသည်။ ။ သတင်းဘာသာပြန်သူ ))

 ((( Ukhya News., 03-05-2020,” Rohingyas rescued from sea sent to Bhashan Char.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ဒုက္ခသည်ဘင်္ဂါလီလှေစီးပြေးအချို့ဘင်္ဂလားဒက်ရှ်တောင်ပိုင်းကမ်းခြေသို့ရောက်လာ # လှေစီးပြေးအဖြစ်ထွက်ခွာသူများမှာဦးနှောက်ပျက်နေသူများဖြစ်ကြောင်းရှိတ်ဟာစီနာပြင်းထန်စွာရှုတ်ချ

http://en.ukhiyanews.com/rohingyas-rescued-from-sea-sent-to-bhashan-char/

https://bdnews24.com/bangladesh/2020/05/03/dozens-of-rohingyas-from-stranded-boat-land-in-southern-bangladesh-official

https://www.thedailystar.net/rohingya-crisis/news/10-malaysia-bound-rohingyas-rescued-bay-of-bengal-teknaf-bangladesh-bd-1667317

https://theconversation.com/pushed-offshore-the-boat-people-crisis-demands-regional-response-41672

https://www.straitstimes.com/asia/south-asia/bangladesh-pm-slams-migrants-as-mentally-sick-calls-for-crackdown-on-trafficking

https://www.thedailystar.net/country/pm-draws-flack-comments-trafficking-victims-87115

0

Leave a Reply

Your email address will not be published.