ဗုဒ္ဓဟူးနေ့နံနက်ပိုင်းတွင် ဘင်္ဂလားဒေ့ရ်ှနိုင်ငံ၌ Covid-19 ရောဂါကြောင့် ၂၄ နာရီအတွင်း ၃၈ ဦး သေဆုံးခဲ့ရာ ကိုရိုနာဗိုင်းရပ်စ်ဖြင့် သေဆုံးသူ စုစုပေါင်း ၆,၇၁၃ – ဦးဖြစ်လာသည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။
ထို့ပြင် ၁-ရက်တာအတွင်း ဗိုင်းရပ်စ်ပိုးကူးစက်လျှက်ရှိသူ ၂,၁၉၈ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် ရောဂါဖြစ်ပွား မှုစုစုပေါင်း ၄၆၉,၄၂၃ ယောက် ဖြစ်လာကြောင်း ဘင်္ဂလားဒေ့ရှ်ကျန်းမာရေးဝန်ဆောင်မှုဆိုင်ရာ အထွေထွေညွှန်ကြားမှု ဦးစီးဌာန (DGHS) က သတင်းထုတ်ပြန်သည် ဆို၏။
ကျန်းမာရေးအာဏာပိုင်များကမူ ဆေးကုသပြီး လွန်ခဲ့သော ၂၄ နာရီအတွင်း ဆေးရုံမှဆင်းခွင့်ရရှိသူ ၂၅၆၂ -ဦးရှိကြောင်း ပြောဆိုသည်။ ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်တစ်နိုင်ငံလုံးတွင် ယခုအချိန်ထိ ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၃၈၅,၇၈၆ -ဦးရှိရာ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှု၏ ၈၂.၁၈ ရာနှုန်းဖြစ်သည်။
ယနေ့တွင် သေဆုံးသူ ၃၈- ဦး၌ အမျိုးသား ၂၅-ဦး၊ အမျိုးသမီး- ၁၃ ဦးတို့ ပါဝင်ကြသည်။ ယခုအချိန်အထိ Covid-19 ရောဂါကြောင့် သေဆုံးခဲ့သူများတွင် အမျိုးသား ၅,၁၄၁ (၇၆.၅၈%) နှင့်အမျိုးသမီး ၁,၅၇၂ (၂၃.၄၂%) တို့ဖြစ်ပြီး ရောဂါဖြစ်ပွားမှု စုစုပေါင်းအရေအတွက်နှင့် နှိုင်းယှဉ်လျှင် ၁.၄၃ ရာနှုန်းမှာ သေဆုံးလျှက်ရှိသည်။
နိုင်ငံတွင် ကပ်ရောဂါ ကူးစက်ပျံ့နှံ့လျှက်ရှိသဖြင့် နိုင်ငံတစ်ဝှမ်းလုံးမှ ဆိုင်းငံ့ထားသူများအပါအဝင် နမူနာပေါင်း ၁၅,၉၇၂ – ခု ကို အစိုးရနှင့် ပုဂ္ဂလိကပိုင်ဓာတ်ခွဲခန်း ၁၁၈ ခုတို့၌ စမ်းသပ်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
နောက်ဆုံးကိန်းဂဏန်းများအရ ၂၄-နာရီအတွင်း စမ်းသပ်မှုစုစုပေါင်း၏ ၁၃.၇၆ ရာနှုန်းတွင် ဗိုင်းရပ်စ်ပိုး ကူးစက်လျှက်ရှိပြီး ကပ်ရောဂါ စတင်ကျရောက်ချိန်မှ ရေတွက်လျှင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူများမှာ စမ်းသပ်မှုစုစုပေါင်း၏ ၁၆.၇၄ ရာနှုန်း ရှိသည်။
#ဘင်္ဂလားဒေ့ရှ်ကိုရိုနာဗိုင်းရပ်စ်ရောဂါ
((( Dhaka Tribune., December 2, 2020, “Covid-19: Bangladesh records 38 deaths, 2,198 new cases in 24hrs.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))
