ဘင်္ဂလားဒေ့ရှ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါလူနာများ သေဆုံးမှု ယခင်ထက် ပိုမိုလျှင်မြန်နေ၊ ယခုနှစ် ကူးစက်ခံရသူများ၏ ၄၄% ကို ဆေးရုံတင်ထားရ။ ကုသဆဲလူနာများ၏ ၅-ရက်အတွင်း သေဆုံးခြင်း မှာ ၄၈ % ၊ ၅ ရက်မှ ၁၀ ရက်အတွင်း သေဆုံးမှု ၁၆% ရှိ၊ပြီးခဲ့သည့် ၂-ရက်တွင် ရောဂါကူးစက်မှုအမြင့်ဆုံးဖြစ်


ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဇန်နဝါရီလနှောင်းပိုင်း မှ ဧပြီလလယ်ကြား၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရသူများ၏ ၄၄% ကို ဆေးရုံတင် ကုသပေးထားရကြောင်း၊ ထိုကာလအတွင်း ၎င်းလူနာများ၏ ၄၈ ရာနှုန်းသည် ၅-ရက်အတွင်း အသက်ဆုံးရှုံးခဲ့ကြရကြောင်း၊ ဗိုင်းရပ်စ်ရောဂါဖြင့် ဆေးရုံတင်လူနာများ၏ သေဆုံးနှုန်းမှာ ယခင်ကထက် ပိုမိုလျှင်မြန်လာသည်ကို တွေ့ရှိရကြောင်း #ကူးစက်ရောဂါဗေဒ၊_ထိန်းချုပ်ရေးနှင့် _သုတေသနဌာနဆိုင်ရာ_အင်စတီကျုဒ့် (#IEDCR) ၏ စနေနေ့ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရှိရသည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။…   
ထို့ပြင် Covid-19 ရောဂါဖြင့် ဆေးရုံတင်ထားရသည့် လူနာ ၁၆% သည် ၅ ရက်မှ ၁၀ ရက်အတွင်း သေဆုံးနေကြောင်း၊ မတ်လတွင် Covid-19 ရောဂါဖြင့် တစ်လအတွင်း သေဆုံးမှု အရေအတွက်မှာ ၆၃၈ မှု ဖြစ်သော်လည်း ဧပြီလ ပထမ ၁၅ ရက်အတွင်း သေဆုံးသူ ၉၄၁ ဦးဖြစ်လာကြောင်း ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက အမျိုးသမီးများတွင် ဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် သေဆုံးအရေအတွက် ပိုမိုလာသည်ဟု အစီရင်ခံစာ၌ ဖော်ပြပါရှိသည်။…  
ယခု အခြေအနေမှာ လူအများ၏ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုလည်းထိခိုက်စေကြောင်း၊ ကူးစက်ကပ်ရောဂါ ကာလအတွင်း သုတေသနပြုချက်အရပါဝင်သူ တွေ့ဆုံမေးမြန်းခဲ့ရသူ ၄၆ ရာခိုင်နှုန်းသည် စိတ်ကျရောဂါလက္ခဏာများပြသခဲ့ပြီး ၃၃% တွင် စိုးရိမ်သောက ဖိစီးမှု လက္ခဏာများကို တွေ့ရှိခဲ့ရကြောင်းကိုလည်း အစီရင်ခံစာ၌ ထည့်သွင်းထားသည်။…    
ပြီးခဲ့သည့်ရက်သတ္တပတ်အနည်းငယ်အတွင်း ဘင်္ဂလားဒေ့ရ်ှတွင် Covid-19 ရောဂါ ဖြစ်ပွားမှုနှင့် သေဆုံးမှုများမှာ သိသိသာသာမြင့်တက်ခဲ့သည်။ ပြီးခဲ့သည့် သောကြာနေ့နှင့် စနေနေ့တို့တွင် ကပ်ရောဂါစတင်ချိန်မှစ၍ ကူးစက်သေဆုံးမှု အများဆုံး ဖြစ်ပွားခဲ့ပြီး ၁၀၁-ရက်ကာလအတွင်း ၂၄-နာရီ၌ သေဆုံးရသူ အရေအတွက် မှာလည်း အမြင့်ဆုံးပမာဏဖြစ်သည်။…   
စနေနေ့အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် Covid-19 ရောဂါကူးစက်ခံရသူပေါင်း ၇-သိန်းကျော် (၇၁၅,၂၅၂-ဦး) နှင့် အသက်ဆုံးရှုံးရသူပေါင်း ၁-သောင်းကျော် (၁၀,၂၆၃-ဦး) ရှိနေခဲ့သည်။

(((Dhaka Tribune., April 18th, 2021” IEDCR: Covid patients now dying faster; 44% of this year’s infected hospitalized” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆို သည်၊)))
.…
#ဘင်္ဂလားဒေ့ရှ်_ကိုရိုနာဗိုင်းရပ်စ်_ကူးစက်သေဆုံး_မြင့်တက်လျှင်မြန်…https://www.dhakatribune.com/bangladesh/2021/04/18/iedcr-44-of-covid-19-infected-getting-hospitalized-patients-dying-faster 

Leave a Reply

Your email address will not be published.