ဘင်္ဂလားဒေ့ရှ်တွင် ၁၀ ရက်အတွင်း AstraZeneca ကာကွယ်ဆေး ကုန်ခမ်းတော့မည်။ ဒုတိ ယအကြိမ်ထိုးနှံရမည့်သူများအတွက် အခြားကာကွယ်ဆေး ရောစပ်ထိုးနှံရန် WHO ၏ လမ်းညွှန်ချက် မရှိသေး၊ ရုရှားကာကွယ်ဆေး ၄-သန်း တင်သွင်းပြီး မေ-၅ ရက်တွင် တရုတ်ထံမှ လက်ဆောင် ၅-သိန်း ရရှိမည်။


လွန်ခဲ့သည့် တနင်္လာနေ့အထိ ဘင်္ဂလာဒေရှ့်နိုင်ငံတွင် လူပေါင်း ၈.၈၄ သန်းခန့်ကို Covid-19 ရောဂါကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ပြီး၊ လက်ကျန်ဆေးကြိမ်ရေ ပမာဏ ၁.၄၅ သန်းရှိသည်။ အိန္ဒိယ Serum အင်စတီကျု့ဒ်မှ #Covishield အဖြစ်ထုတ်လုပ်သော Oxford-AstraZeneca ကာကွယ်ဆေးကို ဒုတိယအကြိမ် အခမဲ့ ထိုးနှံမှု ခံယူရန် စောင့်ဆိုင်းနေသူ တစ်သန်းဝက်နီးပါးရှိသည့်အတွက် ကာကွယ်ဆေးကြိမ်ရေပမာဏ ၂.၇၉-သန်း လိုအပ်မှုမှာ အကြပ်အတည်းတစ်ခု ဖြစ်လာသည်ဟု ဘင်္ဂလားအခြေစိုက် Dhaka Tribune က ယနေ့ ရေးသားသည်။

တနင်္လာနေ့တွင် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးနိုင်သူ ၉-သောင်းနီးပါးရှိပြီး နိုင်ငံတစ်ဝှန်း နေ့စဉ် လူပေါင်း ၁-သိန်းခန့် ထိုးနှံပေးနိုင်သည့်အတွက် ယခုနှုန်းအတိုင်းဆိုလျှင် လာမည့် ၁၀ ရက်အတွင်း ဆေးလက်ကျန် ကုန်ခမ်းသွားမည်ဖြစ်သည်။ ဆိုလိုသည်မှာ ယခုထိုးနှံပြီးစီးသူများအနက် ၁.၃၄ သန်းမှာ ဒုတိယအကြိမ် ထိုးနှံမှုခံယူရန် ဆေးဝါးလိုအပ်လျှက်ရှိကြောင်း အဓိပ္ပါယ်ထွက်နေသည်။ ထို့ကြောင့် ပထမဆုံးအကြိမ်အဖြစ် ကာကွယ်ဆေးထိုးနှံမည့်အစီအစဉ်ကို ဧပြီ ၂၆-ရက်နေ့တွင် မဖြစ်မနေ ရပ်ဆိုင်းလိုက်ရတော့သည်။

ဘင်္ဂလားဒေ့ရှ်က အိန္ဒိယထံမှ မေတ္တာလက်ဆောင်အဖြစ် Covishield ၃.၃ သန်းအပါအဝင် စုစုပေါင်း ၇-သန်း ရရှိထားသည်။ ရှိတ်ဟာစီနာ အစိုးရက မကြာမီ Oxford-AstraZeneca ကာကွယ်ဆေး တင်သွင်းမှု စတင်မည်ဟု ဆိုသောကြောင့် အခြားနိုင်ငံထုတ်ကာကွယ်ဆေးကို ဒုတိယအကြိမ်သမားများ အတွက် ထိုးနှံပေးရန် ရှိသည်။

သို့သော် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် ထိုသို့ ရောစပ် ကာကွယ်ဆေးထိုးခြင်းဆိုင်ရာ လမ်းညွှန်ချက်များကို ထုတ်ပြန်ခြင်း မရှိသေးချေ။

ဘင်္ဂလားဒေ့ရှ်က လောလောဆယ် စီစဉ်ထားသည်မှာ ရုရှားထုတ် #Sputnik-V နှင့် တရုတ်ထုတ် #Sinopharm ကာကွယ်ဆေးများကို အရေးပေါ်အဖြစ် အသုံးပြုမည်ဖြစ်သည်။

ထိုအတွက် ယခုလတွင် Sputnik-V ကာကွယ်ဆေး ၄-သန်း ရရှိမည်ဖြစ်ပြီး တရုတ်နိုင်ငံက အထူးမေတ္တာလက်ဆောင်အဖြစ် Sinopharm ကာကွယ်ဆေး ၅-သိန်းမှာ မေ ၁၀-ရက်နေ့တွင် ရောက်ရှိလာမည်ဖြစ်ကြောင်း သိရှိရသည်။

ယခုသတင်းရေးနေစဉ် အိဒ်ရက်မြတ် #အိဒ်_ဒွလ်_အွဒ်ဟာ မတိုင်မီ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများ ပေးပို့မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံတွင် အလုပ်ပိတ်ရက်ဖြစ်သော်လည်း မေ ၅-ရက်နေ့တွင် စတင်ပေးပို့မည်ကို ဒါကာမြို့ တရုတ်သံအမတ်ကြီးက ကျန်းမာရေးဝန်ကြီးထံ အကြောင်းကြားသည်ဟု #နိုင်ငံခြားရေးဝန်ကြီး_ဒေါက်တာ_အေကေ_အဗ္ဗဒူ-မိုမန်က ပြောကြားကြောင်း Dhaka Tribune က ယနေ့ ရေးသားသည်။

မူလက မေ ၁၀-ရက်နေ့တွင် ရောက်ရှိမည်ဟု စီစဉ်ထားခဲ့ရမှ ယခုကဲ့သို့ ပေးပို့ခြင်းမှာ အထူးချစ်ကြည်ရေးအဖြစ် ရှု့မြင်ကြောင်း၊ မိမိတို့ လိုအပ်လျှက်ရှိသည်ကို ကောင်းစွာခံစားနားလည်ကြကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အခြား ကာကွယ်ဆေးရင်းမြစ်များအဖြစ် ကွန်ယက်ဆက်သွယ်ရာတွင် တရုတ်-ရုရှား နှစ်နိုင်ငံစလုံးတို့ထံမှ အကူအညီရရှိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်ကျန်းမာရေးဝန်ကြီးက ပြောဆိုသည်။

#ဘင်္ဂလားဒေ့ရှ်_အိန္ဒိယ_ရုရှား_တရုတ်ကာကွယ်ဆေး

(((Dhaka Tribune., May 4th, 2021,” Bangladesh to run out of Oxford-AstraZeneca Covid vaccine in 10 days.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

https://www.dhakatribune.com/bangladesh/2021/05/04/oxford-vaccine-to-run-out-in-10-days
https://www.dhakatribune.com/bangladesh/2021/05/04/dhaka-hopeful-of-getting-vaccine-from-china-before-eid

Leave a Reply

Your email address will not be published.