ဘင်္ဂလားဒေ့ရှ်နယ်စပ်ခရိုင်များတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြင့် တစ်ရက်တည်း လူ ၃၀ ထပ်မံသေဆုံး။ မြန်မာနယ်စပ် ခရိုင် ၂-ခုတွင် တားဆီးကန့်သက်ချက်သစ်များ တိုးမြှင့်ပြဋ္ဌာန်း။ အူခီယာမြို့နယ်တွင် ရောဂါဖြစ်ပွားမှုပေါင်း ၂,၄၀၀ ကျော်တွေ့ရှိခဲ့ရာ ဒုက္ခသည် ၁,၁၀၀ ကျော် ပါဝင်


ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နယ်စပ်ဒေသများ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှု ပြင်းထန်လျှက်ရှိရာ အိန္ဒိယနှင့်ကပ်လျှက် ကူလ်နာခရိုင်အပြင် အူခီယာနှင့် တက္ကနဖ်စသည့် မြန်မာနှင့် ထိစပ်လျှက်ရှိသော ခရိုင်များ၌ ယမန်နေ့ နံနက်ပိုင်းအထိ ၂၄-နာရီအတွင်း လူ ၃၀ သေဆုံးခဲ့ရာ ကူးစက်ကပ်ရောဂါ ကာကွယ်ရေး တားဆီးကန့် သတ်ချက်သစ်များ ထိပ်မံ ပြဋ္ဌာန်းရသည်ဟု Dhaka Tribune က ယမန်နေ့ ရေးသားသည်။

…   
အထူးသဖြင့် နိုင်ငံ့အနောက်ပိုင်း နယ်စပ်ဒေသ ရာ့ဂျ်ရှာဟီပြည်နယ်တွင် ဇွန်လ ၁-ရက်နေ့နောက်ပိုင်း သေဆုံးသူပေါင်း ၆၀-ဦး ရှိနေပြီး ဆေးရုံတင် ကုသပေးနေရသူ ၂၃၂-ဦးတို့အနက် ၁၈-ဦးမှာ စိုးရိမ်ရသော အသည်းအသန်အခြေအနေ၌ ရှိသည်ဆို၏။

…    
ယမန်နေ့နံနက်ပိုင်းအထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း နယ်မြေအသီးသီးတို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြင့် အသက်ဆုံးရှုံးရသူပေါင်း ၁၂,၈၆၉-ဦး ရှိနေပြီး ၁-ရက်အတွင်း ၁၉၇၀-ဦး ထပ်မံတွေ့ရှိခြင်းဖြင့်ဗိုင်းရပ်စ်ရောဂါကူးစက်ခံ ထားရသူ စုစုပေါင်း ၈၁၂,၉၆၀ -ဦး ဖြစ်လာခဲ့ရသည်။

…  
ကျား ၁၉-ဦး မ ၁၁-ဦးပါဝင်သည့် ယမန်နေ့ သေဆုံးကြသူ ၃၀-ဦးတွင် စစ်တကောင်း ၁၁-ဦးဖြင့် အများဆုံးဖြစ်ပြီး ဒါကာခရိုင်မှ ၇-ဦးဖြင့် ဒုတိယအများဆုံးဖြစ်သည်။ ၂၂-ဦးမှာ အသက် ၆၀ နှစ်အထက်ရှိသူများဖြစ်၍ ၅၁-မှ ၆၀ နှစ် ၂-ဦး၊ ၄၁- မှ ၅၀ နှစ်နှင့် ၃၁-မှ ၄၀ နှစ်အတွင်း ၃-ဦးစီ အသီးသီးရှိကြသည်။

…    
ဘင်္ဂလားးဒေ့ရှ်နိုင်ငံတစ်ဝှမ်းလုံးတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြင့် သေဆုံးမှု အချိုးအစားမှာ ကျား ၇၂.၀၇%၊ မ ၂၇.၉၃% ဖြစ်ပြီး ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူများ၏ ၁.၅၈% မှာ သေဆုံးကြောင်း သိရှိရသည်။

…   
ကော့ခ်ဘဇားဒေသ အူခီယာနှင့် တက္ကနဖ်မြို့နယ်များတွင် လတ်တလောပြဋ္ဌာန်းထားသည့် လော့ဒ်ဒေါင်း တားဆီးပိတ်ဆို့ခြင်းများကို ဒေသန္တရအာဏာပိုင်တို့က ဖြေလျှော့ပေးသော်လည်း အသွားအလာ ကန့်သတ်မှုအသစ်များကို ဇွန် ၁၃-ရက်နေ့တိုင်အောင် ထပ်မံပြဋ္ဌာန်းလိုက်သည်။

…   
စောစောပိုင်းတွင် ( လူနေထူထပ်သည့် ) ဒုက္ခသည်ဘင်္ဂလီ (မူရင်း ရိုဟင်ဂျာဟုဖော်ပြ ) စခန်း ၄-ခုရှိရာ အူခီယာနယ်မြေ ရာဂျာပါလောင် ယူနီယံတွင် ဖွန်လ ၁-ရက်နေ့မှ စ၍ လော့ဒ်ဒေါင်း တားဆီးပိတ်ဆို့မှု ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး ဒုက္ခသည်စခန်း ၅-ခုလုံးကို လွန်ခဲ့သည် မေ ၂၁-တွင် ပြဋ္ဌာန်းခဲ့သည့်နည်းတူ ရောဂါဖြစ်ပွားမှု အခြေအနေအရ ဆက်လက်တိုးမြှင့်ရန်ရှိကြောင်း၊ 

မကြာသေးမီက အူခီယာမြို့နယ်နှင့် ဒုက္ခသည်စခန်းများတွင် ကူးစက်မှုများ စိုးရိမ်ဖွယ် မြင့်တက်လာခဲ့ကြောင်း ဒုက္ခသည်များ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဆိုင်ရာ ကော်မရှင်နာမင်းကြီးရုံး (RRRC) က ပြောဆိုသည်။

…   
တနင်္ဂနွေနေ့အထိ အူခီယာမြို့နယ်တွင် Covid-19 ရောဂါဖြစ်ပွားမှုပေါင်း ၂,၄၄၃-ဦး တွေ့ရှိခဲ့ရာ ၎င်းတို့တွင် ဒေသခံနိုင်ငံသား ၁,၃၁၅ ဦးနှင့် ခိုလှုံရေးစခန်နေ ဒုက္ခသည်ဘင်္ဂါလီ ၁,၁၂၈ ဦး တို့ ပါဝင်သည်။ မြို့နယ်အုပ်ချုပ်ရေး အာဏာပိုင်များ၏ တားဆီးကန့်သတ်ချက်များကြောင့် NGO များအနေဖြင့် အရေးပေါ် ဝန်ဆောင်မှုများ ကိုသာ ပေးအပ်နိုင်သေးကြောင်း သတင်း၌ ဆက်လက်ဖော်ပြသည်။

#ဘင်္ဂလားဒေ့ရှ်နယ်စပ်ခရိုင်များဗိုင်းရပ်စ်ကြောင့်သေဆုံးသူတိုးမြင့်
….
(((Dhaka Tribune., June 7th, 2021,” Covid-19: 30 more deaths, border districts still plagued by infections.” By: Hedait Hossain Molla, Khulna, Abdul Aziz ကို #HtayOunh, #OungMarine ဆီလျောအောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်))))

https://www.dhakatribune.com/bangladesh/nation/2021/06/07/covid-19-30-more-deaths-border-districts-still-plagued-by-infections  

+1

Leave a Reply

Your email address will not be published.