
တနင်္ဂနွေနေ့နံနက်မှစ၍ နှစ်နိုင်ငံနယ်စပ်တလျှောက်၌ လှေများပေါ်တွင် မြန်မာစစ်တပ်များ၏ သံသယဖြစ်ဖွယ် လှုပ်ရှားမှုများကို တွေ့ရှိရသည်ဟု မီဒီယာများက ဖော်ပြလျှက်ရှိသည်။ ဘင်္ဂလားဒေရှ့်အစိုးရသည် ဒါကာအခြေစိုက် မြန်မာသံအမတ်ကြီးအား ဆင့်ခေါ်၍ ကန့်ကွက်စာပေးအပ်သည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။
နယ်စပ်အနီး၌ တပ်များလှုပ်ရှားမှုနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်က စိုးရိမ်ပူပန်ကြောင်း ဖော်ပြထားသည့်စာကို ဒါကာမြို့ရှိ မြန်မာသံအမတ်ကြီးအား ဆင့်ခေါ် ပေးအပ်ခဲ့ကြောင်း ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် ဒဲလ်ဝါဟိုစိန်က တနင်္ဂနွေနေ့တွင် Bangla Tribune သို့ ပြောဆိုသည်။
မြန်မာအာဏာပိုင်များ၏ ရန်စရာရောက်သည့် အပြုအမူများကို ရပ်ဆိုင်းရန်နှင့် နှစ်နိုင်ငံအကြား မည်သည့်ကိစ္စရပ်များမဆို ဆွေးနွေးခြင်းဖြင့် အဖြေရှာရန် ဘင်္ဂလားဒေ့ရှ်အစိုးရက တောင်းဆိုကြောင်း ဘင်္ဂလားနေ့စဉ် သတင်းစာ Prothom Alo ၌ ဖော်ပြထားသည်ကို တွေ့ရှိရသည်။
မြန်မာသည် ရခိုင်ပြည်နယ် အနောက်မြောက်ဖျားရှိ ဒုက္ခသည်ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာဟုဖော်ပြ ) တို့အား ဖြိုခွင်း၍ လူပေါင်း ၇၃၀,၀၀၀ ကျော်ကို ဘင်္ဂလားဒေ့ရ်ှသို့ထွက်ပြေးစေခဲ့ရပြီးနောက် နယ်စပ်တစ်လျှောက်၌ စစ်ဖက်တပ်များ ဖြန့်ချထားခဲ့ခြင်းဖြစ်သည် ဆို၏။
ယခုအခါ ဘင်္ဂလားဒေ့ရ်ှသည် နိုင်ငံ့အရှေ့တောင်ပိုင်း ကော့ခ်ဘဇားခရိုင်တွင် စိတ်ပျက်ဖွယ်နုံချာသောစခန်းများနေ ကြောက်ရွံ့စိုးရိမ်လျှက်ရှိသည့် မြန်မာနိုင်ငံသား ၁-သန်းကျော်ကို လက်ခံထားရသည်။
#ဘင်္ဂလားဒက်ရှ်နယ်စပ်အနီး #မြန်မာတပ်များစုရုံးနေ
((( Dhaka Tribune., September 14th, 2020, “Myanmar gathers troops near Bangladesh border.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))
https://www.dhakatribune.com/bangladesh/2020/09/14/myanmar-gathers-troops-near-bangladesh-border