ဘင်္ဂလားဒေ့ရှ်မှ အယ်လ်ကိုင်ဒါအကြမ်းဖက်အဖွဲ့လှုပ်ရှားမှုများနှင့် အနာဂါတ်တွင် တိုက်ခိုက်မှုများပိုမိုလာနိုင်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောဆို။ နိုင်ငံအတွင်း အယ်လ်ကိုင်ဒါမရှိဟု ဘင်္ဂလားဒေ့ရှ်က ပယ်ချ၍ သက်သေပြရန် စိန်ခေါ်


ဘင်္ဂလားဒေ့ရှ်နိုင်ငံအား အယ်လ်ကိုင်ဒါအကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှုများနှင့် ဆက်စပ်လျှဉ်း၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေယိုက၏ စွပ်စွဲပြောကြားချက်ကို ဘင်္ဂလားဒေ့ရ်ှက ဗုဒ္ဓဟူးနေ့တွင် ပြင်းထန်စွာပယ်ချ လိုက်သည်ဟု တူရကီအခြေစိုက် AA သတင်းအေဂျင်စီက ယနေ့ရေးသားသည်။ 

..
ပွန်ပေယို၏ ပြောဆိုချက်မှာ နိုင်ငံ့အကြီးတန်းခေါင်းဆောင်တစ်ဦးဖြစ်သူက အခြေအမြစ်မရှိ လိမ်လည်ရာ ရောက်သည့် တာဝန်မဲ့မှတ်ချက်များသာဖြစ်၍ လုံးဝဆီလျော်မှုမရှိ လက်မခံနိုင်ပဲ ပြင်းထန်စွာ ပယ်ချလိုက်သည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားကြောင်းသိရှိရသည်။ 

 ..
ဇန်နဝါရီလ ၁၂-ရက်နေ့တွင် အမေရိကန်နိုင်ငံခြားရေးဋ္ဌာနက ၎င်း၏သတင်းဝဘ်ဆိုက်စာမျက်နှာ၌ အကြမ်းဖက်အချက်အချာကဲ့သို့ ဆက်စပ်လျှက်ရှိသော နိုင်ငံအချို့ (အမည် ) ကို ဖော်ပြခဲ့ပြီး ဘက်စုံဒေါင့်စုံတို့မှ ဝေဖန်မှု့များအား ဖော်ပြခဲ့သည်။ 

..
#အယ်လ်ကိုင်ဒါ၏ ကွန်းခိုရာအသစ်ဖြစ်နေသည်ဟု အမေရိကန်နိုင်ငံခြားရေးဋ္ဌာနက ရေးသားခြင်းခံရသော အီရန်နိုင်ငံကလည်း ကန့်ကွက်ခဲ့သည်။

..     
အယ်လ်ကိုင်ဒါတို့ မင်းမူ၍ ပကတိ ဂျွမ်းထိုးမှောက်ခုံပျက်စီးခဲ့သော နေရာများ၊ လောလောဆယ် လစ်ဗျား၊ ယီမင်နှင့် အာဖရိကအနောက်မြောက်ဒေသကဲ့သို့ နေရာများ သို့မဟုတ် အယ်လ်ကိုင်ဒါဆဲလ်များ တိုက်ခိုက်ခြင်းကြောင့် ပရမ်းပတာဖြစ်မှုတိုးပွားလျှက်ရှိသော ဘင်္ဂလားဒေ့ရှ်ကဲ့သို့သော နေရာများကို အလေးထား စဉ်းစားကြည့်နိုင်ကြောင်း ပွန်ပေယို၏ ထုတ်ပြန်ချက်၌ ပါရှိသည်။ 

..
ပွန်ပေယို၏ သတင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ #ရှိတ်ဟာစီနာအစိုးရ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက တုန့်ပြန်ရာတွင် ဘင်္ဂလားဒေ့ရ်ှအစိုးရသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၏ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် ကြေညာချက်ကို သတိပြုလေ့လာခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အယ်လ်ကိုင်ဒါအကြမ်းဖက်အုပ်စုတို့၏ တိုက်ခိုက်မှု များဖြစ်ပွားလျှက်ရှိရာ နေရာတစ်ခုအဖြစ် ဖော်ပြထားသည်ကို တွေ့ရှိရကြောင်း၊ အနာဂါတ်ကာလ အလားတူ အကြမ်းဖက်တိုက်ခိုက်လိမ့်မည်ဟု လွဲမှားစွာ ယူဆထားသည်ကို တွေ့ရှိရကြောင်း၊ 

..  
ဘင်္ဂလားဒေ့ရ်ှတွင် အယ်လ်ကိုင်ဒါရှိနေသည်ဟု မည်သည့်သက်သေအထောက်အထားကြောင်း မရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ်သည် အကြမ်းဖက်အယူအဆပုံစံအမျိုးမျိုးနှင့် အစွန်းရောက်အကြမ်းဖက်ခြင်းတို့အပေါ် လုံးဝဆန့်ကျင်သည့် မူဝါဒကို လက်ကိုင်ထားသည့် နိုင်ငံဖြစ်ကြောင်း။ 

..  
အကြမ်းဖက်ဝါဒဆန့်ကျင်တိုက်ဖျက်ရေးတွင် ဘင်္ဂလားဒေ့ရှ်မှာ နိုင်ငံတကာ၏ အလေးထားမှုကို ခံယူခဲ့ရသည့် အစဉ်အလာရှိကြောင်း၊ အကြမ်းဖက်ဝါဒကိုတိုက်ဖျက်ရန် ကတိကဝတ်များနှင့်အညီ အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးကွန်ဗင်းရှင်းအဖွဲ့ဝင် (၁၄) နိုင်ငံတို့၌ ပါဝင်လာခဲ့ကြောင်း၊ အကြမ်းဖက်မှု ကြိုတင် ကာကွယ်ရေး နိုင်ငံတကာလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်လျှက်ရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ်အား အယ်လ်ကိုင်ဒါတို့လှုပ်ရှားရာနေရာ ဖြစ်နိုင်သည်ဟု အမေရိကန်နိုင်ငံခြားရေးဋ္ဌာနက အထောက်အထားမရှိ ရည်ညွှန်းခြင်းသာဖြစ်သည်ဟု သုံးသပ်တွေ့ရှိကြောင်း၊ 

..   
ထိုကဲ့သို့ ရည်ညွှန်း ပြောဆိုမှုများကို ခိုင်မာသော အထောက်အထားများဖြင့် သက်သေပြနိုင်ပါက လိုအပ်သည့် အရေးယူမှုများ ပြုလုပ်ရန် ဘင်္ဂလားဒေ့ရှ်အနေဖြင့် ဝမ်းမြောက်ဝမ်းသာ ရှိလိမ့်မည်ဖြစ်ကြောင်း၊ 

..  
အထူးသဖြင့် မိတ်ဖက်နှစ်နိုင်ငံအကြား တန်းတူညီမျှရေး၊ ငြိမ်းချမ်းရေးနှင့် ဘုံရည်မှန်းချက်များအပေါ် အခြေခံလျှက် ဆက်ဆံရေးတိုးမြင့်နေသည့်အခြေအနေတွင် ယခုကဲ့သို့ဖြစ်ရသည်မှာ အလွန်ကံဆိုးခြင်းတစ်ရပ်အဖြစ် ဘင်္ဂလားဒေ့ရှ်က မှတ်ယူပါကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ 

..
(( ၁၈၂၄-ခုနှစ် အင်္ဂလိပ်-မြန်မာပထမစစ်ပွဲမတိုင်မီ မြန်မာတို့သည် အနောက်တိုင်းနိုင်ငံတကာဥပဒေနှင့် သံတမန်ဆက်ဆံရေးအကြောင်းကို နားမလည်ခဲ့ဟု ဒေါက်တာထင်အောင်က ဆိုပါသည်။ မြန်မာဘုရင်အား ပုန်ကန်သူတို့သည် ထိုစဉ်က အင်္ဂလိပ်ပိုင်နက်ဖြစ်နေသာ အိမ်နီးချင်းနိုင်ငံ၏ နယ်မြေအတွင် ပြေးဝင်သွားသည့်အခါတိုင်း မြန်မာတပ်များမှာ နယ်ခြားအား အကြိမ်ကြိမ်ဖြတ်ကျော်မိကြသည်။ အိန္ဒိယတိုက်ငယ်တစ်ခုလုံးနှင့် သီရိလင်္ကာကိုပင် သိမ်းယူပြီးဖြစ်သော အင်္ဂလိပ်တို့သည် ၎င်းနယ်မြေရောက် မြန်မာဘုရင်အား ပုန်ကန်သူကို ဖမ်းဆီးမပေးနိုင်သဖြင့် မြန်မာတို့ ပို၍ မယုံသင်္ကာဖြစ်ရသည်။ အင်္ဂလိပ်တို့ကလည်း မြန်မာဘုရင်မှာ မောက်မာရိုင်းစိုင်းကြောင်း ရေးသားကြသည်။ မြန်မာတို့၏ အယူအဆမှာ ထွက်ပြေးသွားသော ရာဇဝတ်သားအား အမိအရ ဖမ်းဆီးနိုင်ရေးတွင် နယ်ခြားဖြတ်ကျော်ခွင့်မှာ အရေးမကြီးချေ။ ဤသို့ဖြင့် ၁၈၂၄-ခုနှစ် ဘကြီးတော်မင်း လက်ထက်တွင် #အင်္ဂလိပ်မြန်မာပထမစစ်ပွဲ ဖြစ်ပွားရလေသည်။ 

..  
မျက်မှောက်ခေတ်တွင် အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံအား ပုန်ကန်ခြားနားသူတို့သည် နယ်ခြားနှင့် နိုင်ငံတကာတရားဥပဒေကိုသာမက လူ့အခွင့်အရေးကိုလည်း ပယ်ပယ်နယ်နယ် အသုံးချခွင့် ရရှိကြသည်။ မီဒီယာတို့ကလည်း လက်သံပြောင်လှပေရာ သတင်းအမှန်မဟုတ်ကြောင်း ဖြေရှင်းပြီးချိန်တွင် သတင်းအမှားမှာ ကမ္ဘာပတ်၍ နိုင်ငံတကာ၌ အမှန်ဟု သိရှိထားပြီးဖြစ်လေသည်။ 

..
မီဒီယာလက်နက်မှာ နျူကလီယာဗုံးလောက်နီးနီး အစွမ်းထက်လှသဖြင့် မိမိနိုင်ငံနှင့် ပတ်သက်သည့် သတင်းကို ချက်ချင်းတုန့်ပြန်ရန် ကြိုးစားကြလေရာ ခေတ်မီ အင်အားကြီးနိုင်ငံတို့တွင် ၄-နာရီခန့်၊ အိန္ဒိယတွင် ၈-နာရီခန့် နှင့် ဘင်္ဂလားဒေရှ့်က ၂၄-နာရီခန့်အတွင်း တုန့်ပြန်သည်ကို တွေ့ရှိရသဖြင့် လေးစားမိပါသည်။ 

..
အယ်လ်ကိုင်ဒါသည် ၁၉၇၉-ခုနှစ် အာဖဂန်ပြည်တွင်းစစ် ပထမပိုင်း ဆိုဗီယက်တပ်များ ကျူးကျော်ဝင်ရောက်ချိန် နိုင်ငံတကာမူဂျာဟီဒင်များစုဝေးရာမှ စတင်မြစ်ဖျားခံသည်။ OIC ၅၇ နိုင်ငံအပါအဝင် ကုလသမဂ္ဂကပါ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားခြင်းခံရသဖြင့် ထိုအဖွဲ့နှင့် ချိတ်ဆက်ပတ်သက်ကြောင်း ထင်ရှားခိုင်လုံလျှင် တစ်ကမ္ဘာလုံးနှင့် ရင်ဆိုင်ရလိမ့်မည့်ဖြစ်သည်။ ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၎င်းတို့ပြည်တွင်း၌ အယ်လ်ကိုင်ဒါ မရှိကြောင်း အကြောက်အကန်ငြင်းဆိုခြင်း ဖြစ်ပါမည်။ 

..
အယ်လ်ကိုင်ဒါသည် ဖွဲ့စည်းပုံ၊ ဘဏ္ဍာရေး၊ လှုပ်ရှားဆောင်ရွက်မှုများတွင် အလွန်ခေတ်မီပြီး CIA, MI6 , Mossad နှင့် ရုရှား SVR RF ကဲ့သို့ ထောက်လှမ်းရေးအဖွဲ့ကြီးများ၏ ထိုးဖောက်မွှေနှောက်ခြင်းကို ကောင်းစွာခံနိုင်သည်ဟု ဆိုပါသည်။ ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်တွင် အယ်လ်ကိုင်ဒါ ရှိ-မရှိ ကာကယံရှင်များနှင့် 9/11 တွင် အရှက်တကွဲဖြစ်ခဲ့ရပြီး သူ့နိုင်ငံအမျိုးသားလုံခြုံရေးအတွက် အယ်လ်ကိုင်ဒါမှန်သမျှ တွေ့ရာသင်းချိုင်း ဒါးမဆိုင်းသော အမေရိကန်လို နိုင်ငံမျိုးက သိနိုင်ပါမည်။ 

..
၁၉၈၈-ခုနှစ်တွင် အယ်လ်ကိုင်ဒါကို ဖွဲ့စည်းသည်။ ၁၉၉၈-ခုနှစ် ဖေဖော်ဝါရီ ၂၃-ရက် အာဖဂန်နစ္စန်တွင် #အိုစမာဘင်လာဒင်က #ကမ္ဘာ့အစ္စလာမ်မစ်တပ်ဦး ကို ဖွဲ့စည်းခဲ့ရာ လက်မှတ်ရေးထိုးသူများတွင် အီဂျစ်၊ ပါကစ္စတန်တို့မှ အစ္စလာမ်မစ်ခေါင်းဆောင်များးအပြင် #ဘင်္ဂလားဒေ့ရှ်မှ_ဂျီဟဒ်လှုပ်ရှားမှုခေါင်းဆောင်_ဖဇ်လားလ်ရာမန် တို့ပါဝင်သည်။ တစ်ပြိုင်နက်တည်းမှာပင် #အယ်လ်ကိုင်ဒါ၏ဖတ္တဝါ ကို ထုတ်ပြန်ခဲ့ရာ မြန်မာ၊ အမေရိကန်နှင့် အခြားကမ္ဘာ့နိုင်ငံ နယ်မြေများ၌ တိုက်ခိုက်ကြရန် ဖော်ပြထားသည်။ ထိုစဉ်က ဆိုရှယ်လစ်နိုင်ငံများ ဆက်တိုက်ပြိုကွဲ၍ နိုင်ငံရေးအပြောင်းအလဲများ ရင်ဆိုင်နေရသည့် ကမ္ဘာတစ်ဝှမ်းလုံးမှာပင် အယ်လ်ကိုင်ဒါနှင့် ဖတ္တဝါအကြောင်း အလွန်လူသိနည်းသည်။ 

..
ဘင်္ဂလားဒေ့ရှ်တွင် အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ခံထားရသည့် အဖွဲ့အစည်းရှိပါသည်။ ၁၉၉၈ -ခုနှစ်တွင် အဗ္ဗဒယ်ရာမန်ဆိုသူ အစွန်းရောက်စစ်သွေးကြွတစ်ဦးက စတင်ဖွဲ့စည်းသည့် #ဂျမား_အူ_မူဂျာ_ဟီဒင်_(ဘင်္ဂလားဒက်ရှ်)   ( JBM ) တွင် အဖွဲ့ဝင် ၁၀,၀၀၀ ကျော်ခန့်ရှိမည်ဟု ခန့်မှန်းရသည်။ ဘင်္ဂလားဒက်ရှ် နိုင်ငံအနှံ့အပြားတွင် ဗုံးထောင်ခြင်း NGO အဖွဲ့အစည်းများအား တိုက်ခိုက်ခြင်းတို့ကို အကြိမ်ကြိမ် ကျူးလွန်သဖြင့် “ အကြမ်းဖက်အဖွဲ့အစည်း “အဖြစ် ဘင်္ဂလားဒက်ရှ်အစိုးရက တရားဝင်ကြေညာသတ်မှတ်ခြင်းခံရသည်။

..  
၂၀၁၆-ခုနှစ် ဇူလိုင်လ ၁-ရက်နေ့တွင် ( JBM ) တို့သည် Holey Artisan Bakery အဆောက်အအုံအား အပိုင်စီးကာ နိုင်ငံခြားသားအများစုပါဝင်သော ဓါးစာခံ ၂၀ တို့အား သတ်ဖြတ်ခဲ့သည်။ ၁၂- နာရီမျှ ကြာမြင့်ခဲ့သော အဆိုပါ အပိုင်စီးမှု့တွင် ရဲတပ်ဖွဲ့ဝင် ၂ – ဦး ကျဆုံးခဲ့ရပြီး ဘင်္ဂလားဒက်ရှ်နိုင်ငံသမိုင်း၌ JMB လက်သစ်တို့၏ အဆိုရွားဆုံးအကြမ်းဖက်မှု့ဖြစ်ခဲ့သည်။ 

..  
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အစ္စလာမ်မစ်အုပ်စုနှင့် ဘာသာရေးသဘောထားပြင်းထန်သူအချို့မှာ အယ်ကိုင်ဒါနှင့် အဆက်အသွယ်ရှိသည်ဆိုခြင်းကို ရှိတ်ဟာစီနာအစိုးရက အစဉ်တစိုက်ငြင်းဆိုသည်။ 

..
၂၀၁၉-ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့တွင် ကော့ခ်ဘဇားရောက် ဒုက္ခသည်ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာ ဟုဖော်ပြ ) တို့က လူထုအစည်းအဝေးပွဲပြုလုပ်သည်။ ထိုစုရုံးမှု့ နောက်ကွယ်တွင် ပါကစ္စတန်အခြေစိုက် အယ်လ်ကိုင်ဒါနှင့် ဆက်နွယ်သော #အယ်လ်ခစ်မက်ဖောင်ဒေးရှင်း ရှိနေကြောင်း အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်မီဒီယာများက ဖော်ပြသည်။ ။ သတင်းဘာသာပြန်သူ )) 
..
#ဘင်္ဂလားဒေ့ရှ်_အယ်လ်ကိုင်ဒါ_အမေရိကန်နိုင်ငံခြားရေးဝန်ကြီ
..
((( Dhaka Tribune., January 13 2021, “ Dhaka bins Pompeo’s claim of al-Qaeda operations from Bangladesh.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 
..
https://www.aa.com.tr/en/americas/bangladesh-slams-pompeo-over-irresponsible-remarks/2109280# 
https://www.dhakatribune.com/bangladesh/foreign-affairs/2021/01/13/dhaka-bins-pompeo-s-claim-of-al-qaida-operations-from-bangladesh 
https://www.thedailystar.net/country/news/pompeos-remarks-al-qaeda-bangladesh-irresponsible-foreign-ministry-2027409 
https://www.nytimes.com/2021/01/12/us/politics/pompeo-iran-qaeda-terror.html 
https://www.rt.com/news/469484-khan-pakistan-trained-al-qaeda/ 
https://www.theglobalist.com/osama-bin-ladens-fatwa-against-america/ 
https://www.thedailystar.net/country/rab-raids-15-houses-in-chapainawabganj-detains-jmb-militant-1691191 
http://www.uniindia.com/pakistan-based-al-khidmat-foundation-mastermind-behind-rohingya-rally-in-cox-s-bazar/world/news/1711940.html 
https://economictimes.indiatimes.com/news/politics-and-nation/bangladesh-accuses-pakistan-of-interfering-in-its-internal-affairs/articleshow/70899944.cms 
https://www.history.com/topics/21st-century/al-qaeda

0

Leave a Reply

Your email address will not be published.