ဘင်္ဂလားဒေ့ရှ်သို့ ကာကွယ်ဆေး ပြန်လည်တင်ပို့ရန် အိန္ဒိယ စိတ်အားထက်သန်နေ။ ကာကွယ်ဆေးထုတ်လုပ်မှုတိုးမြှင့်သော်လည်း ရောဂါဖြစ်ပွားမှု ပြင်းထန်နေဆဲ ပြည်ပပြန်လည်တင်ပို့ရန် အတိအကျ မသတ်မှတ်နိုင်။တရုတ်နှင့်အမေရိကန်ဆေးများကို ရှိတ်ဟာစီနာအစိုးရအသုံးပြုနေ။


ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထုတ်လုပ်မှုကို တိုးမြင့်လျှက်ရှိသော အိန္ဒိယနိုင်ငံသည် ဘင်္ဂလားဒေ့ရ်ှသို့ ဆေးဝါးတင်ပို့မှုကို ပြန်လည်စတင်နိုင်ခြင်းမရှိသေးပါ။ ထို့ပြင် ဝယ်လိုအားကောင်းသော အိမ်နီးချင်းနိုင်ငံသို့ မည်သည့်အချိန်တွင် တင်ပို့မှု ပြန်လည်စတင်မည်ကိုလည်း အတိအကျ ပြောဆိုနိုင်ခြင်းလည်း မရှိသေးကြောင်း Dhaka Tribune က ယမန်နေ့ရေးသားသည်။

…    
ကာကွယ်ဆေးတင်ပို့ရန် ပြဿနာကို မကြာမီ ဖြေရှင်းနိုင်လိမ့်မည်ဟု ထင်မှတ်ရကြောင်း၊ အိန္ဒိယတွင် ကာကွယ်ဆေးထုတ်လုပ်မှုကို အရှိန်အဟုတ်တိုးမြှင့်လျှက်ရှိကြောင်း၊ သို့သော် အိန္ဒိယ၏ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုမှာ အန္တရာယ်များသည့်အဆင့်တွင် ရှိနေသေးကြောင်း၊ ထိုအတွက် ဘင်္ဂလားဒေ့ရှ်သို့ ကာကွယ်ဆေး ပြန်လည်တင်ပို့မည့် အချိန်ကာလကို အတိအကျ မပြောနိုင်သေးကြောင်း အဝါမီဂျူဘိုအမှု့ဆောင်နှင့် တွေ့ဆုံရန် အာဏာရအဝါမီလိဂ်ပါတီ ဗဟိုဋ္ဌာနချုပ်သို့ရောက်ရှိလာသော အိန္ဒိယသံအမတ်ကြီး ဗီကရမ်ဒိုရိုင်ဆွာမိ က သတင်း ထောက်များအား ရှင်းပြသည်။

…   
အဝါမီဂျူဘိုအမှု့ဆောင်ကလည်း ၁၉၇၁-ခုနှစ် ဘင်္ဂလားလွတ်မြောက်ရေးစစ်ပွဲကာလအတွင်း အိန္ဒိယ၏အရေးပါသောအကူအညီများအကြောင်းကို ပြန်လည်ပြောဆို၍ ဆိုးရွားသော နေ့ရက်များ၌ ကျွနု်ပ်တို့၏ မိတ်ဆွေကြီး အိန္ဒိယသည် ဘင်္ဂလားဒေ့ရှ်ဘက်မှ အမြဲရပ်တည်ခဲ့ကြောင်း ချီးကျူးဂုဏ်ပြုသည်။

…   
ဆေးဝါး ပြတ်လပ်မှုကြောင့် လွန်ခဲ့သည့် ဧပြီလတွင် ရပ်နားထားရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်မှာ တရုတ်နိုင်ငံမှ ချစ်ကြည်ရေးလက်ဆောင်ဆေးဝါးများ ရရှိပြီးနောက် ဇွန်လ ၁၉-ရက်(ယနေ့) တွင် ပြန်လည် စတင်နိုင်ပြီဖြစ်ကြောင်း Dhaka Tribune (June 19,2021) က ရေးသားသည်။

…  
တရုတ်နိုင်ငံက ပေးအပ်သည့် SinoPharm ကာကွယ်ဆေး ၁.၁-သန်းကို လက်ခံရရှိပြီးနောက် ကာကွယ်ဆေးထိုးနှံခဲ့ဖူးခြင်း မရှိ၊ မှတ်ပုံတင်ထားသူများအား ထိုးနှံပေးခြင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝှန်း ကျန်းမာရေးစင်တာ ၆၇-ခုတို့က ဆောင်ရွက်ပေးသည်။

…  
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အိန္ဒိယမှ ပေးပို့သော Serum အင်စတီကျု့ဒ်ထုတ် Covishield ကာကွယ်ဆေး ၇.၇ သန်းကို နှစ်သုတ်ခွဲ၍ လက်ခံရရှိပြီးနောက် ဖေဖော်ဝါရီလ စောစောပိုင်း၌ ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်ကို ပထမဆုံး စတင်နိုင်ခဲ့သည်။

…  
သို့သော် အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှု  ရုတ်တရက် ဆိုးရွားပြင်းထန်လာခြင်းကြောင့် ၎င်းနိုင်ငံအတွင်း ကာကွယ်ဆေး မလုံလောက်မှုများဖြစ်ပေါ်လာသည်။ ထိုအတွက် ဘင်္ဂလားဒေ့ရှ်သို့ ကာကွယ်ဆေး ကြိမ်ရေပမာဏ သန်း ၃၀ ပေးပို့ရမည့် ဇန်နဝါရီလ ကတိကဝတ်အတိုင်း အကောင်အထည်ဖော်နိုင်ခြင်း မရှိတော့ချေ။ ဘင်္ဂလားဒေ့ရှ်၏ ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်မှာလည်း ၂-လအကြာတွင် ရပ်ဆိုင်းသွားခဲ့ရသည်။

အလားတူပင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ Pfizer-BioNTech ကာကွယ်ဆေးကို တနင်္လာနေ့ ( ယနေ့ ) မှ စတင်၍ ထိုးနှံပေးမည်ဖြစ်ကြောင်း Dhaka Tribune က ယမန်နေ့ရေးသားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ Covax စီမံချက်အရ ပထမဆုံးအကြိမ်အဖြစ် လက်ခံရရှိသော Pfizer ကြိမ်ရေပမာဏ ၁-သိန်းသည် ဘင်္ဂလားဒေ့ရှ်တွင် တတိယမြောက် ကိုရိုနာဗိုင်းရပ်ကာကွယ်ဆေးဖြစ်သည်။

…  
ဒါကာမြို့တော်၌ ကျန်းမာရေး စင်တာ ၁-ခု တစ်နေ့လျှင် လူ ၁၂၀ နှုန်းဖြင့် စင်တာ ၃-ခုတွင် လူပေါင်း ၃၆၀ ကို စတင်ထိုးနှံပေးမည်ဖြစ်ပြီး အခြားသော စင်တာများ၌ ဆေးထိုးနှံခြင်း မတိုးချဲ့မီ ၇-ရက်မှ ၁၀-ရက်ကြာ ပုံမှန် လေ့ လာမှုများပြုလုပ်ရန် စီစဉ်ထားသည်။

…  
Pfizer ကာကွယ်ဆေးများအား အပူချိန် အနှုတ် ၉၀ – ၆၀ ဒီဂရီဆဲလ်စီးယပ်တွင် သိုလှောင်သိမ်းဆည်းထားရသည်။ သို့သော် ၂ – ၈ ဒီဂရီဆဲလ်စီးယပ်တွင် ၅ ရက်နှင့် ၃၀ ဒီဂရီဆဲလ်စီးယပ်တွင် ၂-နာရီကြာ ထိန်းသိမ်းထားနိုင်ကြောင်း ကျန်းမာရေးအာဏာပိုင်များ၏ အဆိုအရ သိရှိရသည်။

#ဘင်္ဂလားဒေ့ရှ်_ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ဆေးအကြပ်အတည်း

(((Dhaka Tribune., June 20th, 2021,” Envoy: India keen to resume vaccine export to Bangladesh.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

https://www.dhakatribune.com/bangladesh/foreign-affairs/2021/06/20/envoy-india-keen-to-resume-vaccine-export-to-bangladesh
https://www.dhakatribune.com/bangladesh/2021/06/19/sinopharm-vaccination-drive-begins
https://www.arabnews.com/node/1880156/world
https://www.dhakatribune.com/bangladesh/2021/06/20/pfizer-covid-vaccine-to-be-administered-from-monday

Leave a Reply

Your email address will not be published.