ဘင်္ဂလားဒေ့ရှ်အရှေ့မြောက် အိန္ဒိယမဏိပူရ်နယ်စပ်အနီးတွင် ယမန်နေ့ ၆-နာရီအတွင်း ငလျင်ငယ် ၅-ကြိမ် ဆက်တိုက် လှုပ်ခတ်ခဲ့။ အချိန်မရွေးပြင်းထန်ငလျင်ကြီး၏ ရှေ့ပြေးနိမိတ်အဖြစ် သတ်မှတ်။ ဘင်္ဂလားဒေ့ရှ်အရှေ့မြောက်နှင့် ကပ်လျှက်ဒေသများတွင် မြေငလျင်အန္တရာယ်ကျရောက်နိုင်ဟု ဆို။


ယမန်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့မြောက်ပိုင်း အိန္ဒိယ မဏိပူရ်နယ်စပ်အနီးရှိ ဆဲလ်ဟက်ပြည်နယ်နေ ဒေသခံများအား ထိတ်လန့်စေသော ငလျင်ငယ်များ ဆက်တိုက်လှုပ်ခတ်ခဲ့ခြင်းမှာ ပြင်းထန်သော ငလျင်ကြီး လှုပ်ခတ်မည့် ရှေ့ပြေးနိမိတ်အဖြစ် သတ်မှတ်ရသည့်အတွက် ဒေသအတွင်း၌ ငလျင်ဘေးအန္တရာယ်ကာကွယ်ရေး ပုံမှန်လေ့ကျင့်ခန်းများကို ကြိုတင်သတိပေးခြင်းခြင်း မရှိပဲ လေ့ကျင့်မှုများ ပြုလုပ်ပေးသင့်ကြောင်း ဘင်္ဂလားဒေ့ရှ် ကျွမ်းကျင်သူများက တောင်းဆိုလိုက်သည်ဟု Bd News 24 က ယနေ့ရေသားသည်။

…  
ယမန်နေ့ (စနေနေ့) နံနက် ၄-နာရီမှ ၁၀-နာရီအတွင်း ဒါကာမြို့အရှေ့မြောက်ဘက် ၁၂၁-မိုင်နှင့် ၁၄၄-မိုင်တို့ကို ဗဟိုပြု၍ အင်အားအနည်းငယ်ရှိသော ငလျင် ၅-ကြိမ် လှုပ်ခတ်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်မိုးလေဝသဌာန၊ ငလျင်လေ့လာရေးစင်တာက သတင်းထုတ်ပြန်သည်။

…   
ငလျင်လှုပ်ခတ်ခြင်းများမှာ သိမ်မွေ့သည် ဆိုစေကာမူ ပြင်းထန်သော ငလျင်ကြီးများ အချိန်မရွေး လှုပ်ခတ်တော့မည့် ရှေ့ပြေးနိမိတ်အဖြစ် ဖော်ပြရာရောက်သည့်အတွက် ဆဲလ်ဟက်နေ ဒေသခံများအား ထိတ်လန့်စေခဲ့ ကြောင်း၊ သို့သော်လည်း ငလျင် လှုပ်- မလှုပ်ကို အတိအကျ မပြောနိုင်ကြောင်း ဒါကာ တက္ကသိုလ်၊ ဘူမိဗေဒဌာနမှ မြေကမ္ဘာလေ့လာရေးဆိုင်ရာ ပါမောက္ခက ပြောဆိုသည်။

…   
လေ့လာသူများကမူ ဆီလောင်ကုန်းမြင့် တောင်ဘက်နယ်နိမိတ်တစ်လျောက်ရှိ ပင်မပြတ်ရွေ့ကြောနှင့် ဆက်စပ်လျှက်ရှိသာ ဒေါကီးပြတ်ရွေ့လွန်၏ အရှေ့ဘက်ဆုံးအနီးတစ်ဝှိုက်အား ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်ကို ရှာဖွေတွေ့ရှိခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့မြောက်ပိုင်း အပါအဝင် ကပ်လျှက်ရှိသော ဒေသများတွင် ငလျင်အန္တရာယ် ရောက်နိုင်ကြောင်း ခန့်မှန်းထားသည်။

…   
ဒေါကီးပြတ်ရွေ့လွန်သည် ယခုအခါတွင် သက်ဝင်လှုပ်ရှားလျှက် ရှိနေပုံရပြီး လွန်ခဲ့သောလ၌  ပြတ်ရွေ့မြောက်ဘက်အဆုံးရှိ အိန္ဒိယ အာသံပြည်နယ်တွင် ပြင်းအား ရစ်ချ်စတာစကေး ၆ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ နှစ်ပေါင်းထောင်ချီကြာအောင် စုဆောင်းခဲ့သော အင်အားသည် ပြင်းအား ၈ နှင့် အထက်ငလျင်ကြီးများကို ဖြစ်ပေါ်စေနိုင်ကြောင်း၊ အတိအကျ မပြောနိုင်သော်လည်း တစ်ချိန်တည်း သို့မဟုတ် အကြိမ်ကြိမ် လှုပ်ခတ်နိုင်ကြောင်း၊

…   
ထိုအတွက် ဒေသတွင်း နေထိုင်သူများအား စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှုပေးရန်နှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် ကယ်ဆယ်ရေးဝန်ကြီးဌာနက လွန်ခဲ့သော နှစ်များတွင် ဆောင်ရွက်ပေးဖူးသကဲ့သို့ ဇာတ်တိုက် လေ့ကျင့်မှုများ ပြုလုပ်ပေးရန် လိုအပ်ကြောင်း ဘူမိဗေဒပါမောက္ခက တိုက်တွန်းသည်။

(( ယခုသတင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် ငလျင်ကြီးများ လှုပ်ခတ်နိုင်ခြင်း ရှိ- မရှိ ကျွန်တော် မသိပါကြောင်း ရိုးသားစွာ ဝန်ခံလိုပါသည်။

ပညာရပ်ဆိုင်ရာ ကိစ္စဖြစ်ပါသဖြင့် သက်ဆိုင်ရာ မိုးဇလဋ္ဌာနနှင့် ဘူမိဗေဒကျွမ်းကျင်သူတို့၏ အဆိုအမိန့်များကိုသာ အလေးထားလိုက်နာကြရန် တိုက်တွန်းအပ်ပါသည်။ ။သတင်းဘာသာ ပြန်သူ))

#ဘင်္ဂလားဒေ့ရှ်ငလျင်ကြီးလှုပ်နိုင်ကြောင်း_သတိပေးချက်

(((BdNews24., 30 May 2021,” Experts call for earthquake drills after a string of tremors shake Sylhet.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

https://bdnews24.com/bangladesh/2021/05/30/experts-call-for-earthquake-drills-after-a-string-of-tremors-shake-sylhet
https://ars.els-cdn.com/content/image/1-s2.0-S0012821X20302958-gr001_lrg.jpg 

+1

Leave a Reply

Your email address will not be published.