ဘင်္ဂလားဒေ့ရှ်ရွှေ့ပြောင်းအလုပ်သမားက ဗိုင်းရပ်စ်ကာလ မမှန်မကန်နည်းလမ်းဖြင့် ပိတ်လှောင်ခြင်းခံရသည်ဟု စင်္ကာပူအလုပ်ရှင်အား တရားစွဲဆို။ ၄၃-နာရီကြာ ပိတ်လှောင်ခံရသည့်အတွက် နစ်နာကြေး အမေရိကန်ဒေါ်လာ ၁၆၃,၀၀၀ ခန့် ရလိုဟု ဆို

..  
စင်္ကာပူနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်ခဲ့သော ဘင်္ဂလားဒေ့ရ်ှနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ၎င်း၏အလုပ်ရှင်ဟောင်းနှင့် အဆောင်အော်ပရေတာတို့အား တရားစွဲဆိုလိုက်ကြောင်း၊ သူသည် ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်မှုဖြစ်ပွားစဉ်ကာလ၌ ၎င်းမှာ ၎င်း၏အခန်းထဲတွင် သော့ခတ်ပိတ်လှောင်ခံရခြင်းသဖြင့် မမှန်မကန်နည်းလမ်းဖြင့် အကျဉ်းချခြင်းခံရကြောင်း စွပ်စွဲထားသည်ဟု AFP က ယနေ့ရေးသားသည်။ 

..
အဆောင်များ၌ လူအမြောက်အများစုပြုံနေထိုင်ကြရပြီး လုပ်ခလစာနည်းပါးသူအများစု ရွှေ့ပြောင်းအလုပ်သမား ၅၈,၀၀၀ ကျော်ရှိနေသည့် ချမ်းသာကြွယ်ဝသော မြို့ပြုနိုင်ငံ၏ နိုင်ငံခြားသားအလုပ်သမားတို့ အပေါ်ဆက်ဆံမှုနှင့် ပတ်သက်၍ ယခုသတင်းအတွက် ဝေဖန်မှုများထွက်ပေါ်လာသည်။

…     
လွန်ခဲ့သော ရက်သတ္တပတ်တွင် ဆောက်လုပ်ရေးအလုပ်သမားတစ်ဦးဖြစ်သူ ရာမန်မိုဟာမ်က ဟာဇီဘာဆိုသူသည် ၎င်း၏ နစ်နာဆုံးရှုံးမှုအတွက် စင်္ကာပူဒေါ်လာ ၂၁၅,၀၀၀ (အမေရိကန်ဒေါ်လာ ၁၆၃,၀၀၀ ခန့်) ရလိုမှုဖြင့် တရားရုံးတော်၌ စွဲဆိုခဲ့ကြောင်း သိရှိရသည်။

..  
လွန်ခဲ့သည့် ဧပြီလ ၁၉-ရက်၊၂၀၂၀ -ခုနှစ်တွင် ဂျွိုင်လိစီးယက်စီမံခန့်ခွဲမှုလုပ်ငန်းမှ ဖွင့်လှစ်ထားသော အဆောင်၏ဝန်ထမ်းဖြစ်သူက ဟာဇီဘူနှင့် အခြားလုပ်သား ၂၀ ကျော်တို့အား ၎င်းတို့၏ အခန်းများအတွင်း သော့ခတ်ပိတ်လှောင်ထားခဲ့ကြောင်း၊ အခန်းဖော်များထဲမှ တစ်ဦးမှာ ဗိုင်းရပ်စ်ကူးစက်ခံရသည်ဟု ယူဆရပြီး ဆေးရုံသို့ပြောင်းရွှေ့သွားပြီးနောက် ထိုကဲ့သို့ ပိတ်လှောင်ခံရခြင်းဖြစ်သည်ဆို၏။

..   
ဤအချိန်အတောအတွင်း ၎င်းတို့သည်အစောင့်အကြပ်များဖြင့် အိမ်သာကိုအသုံးပြုနိုင်ခဲ့သည်။ အခန်းဖော်အချို့မှာ ဖျားနာနေပြီး နေထိုင်ရသည့် အခန်းမှာ ပူလောင်၍ လေဝင်လေထွက်မကောင်းကြောင်း စာရွက်စာတန်းများတွင် ဖော်ပြထားသည်။ 

..
ဟာစီဘူသည် ရွှေ့ပြောင်းအလုပ်သမားများအား အကူထောက်ပံ့ပေးရေး NGO တစ်ခုဖြစ်သော TWC2 သို့ ဆက်သွယ်ပြီးနောက် အလုပ်သမားများကို အိမ်သာတွဲလျှက်ပါရှိသည့် အခန်းအသစ်တစ်ခုသို့ပြောင်းရွှေ့ပေးခြင်းခံရသည်။ သို့သော် ထိုအခန်းမှာလည်း အပြင်မှ သော့ခတ်ထားပြီး စုစုပေါင်း ၄၃-နာရီကြာ ပိတ်လှောင်ထားခြင်း ခံရသည်။

..  
တရားလိုနှင့် သူ၏ လုပ်ဖော်ကိုင်ဖက် ရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် တရားနည်းလမ်းမကျစွာ ပိတ်လှောင်ခံရခြင်းဖြင့် ၎င်းတို့၏ ဂုဏ်သိက္ခာကို ထိခိုက်ပျက်စီးစေပြီး အခြေခံလူ့အခွင့်အရေးများဆုံးရှုံးခဲ့ရကြောင်း ဟာစီဘာ၏ စွပ်စွဲချက်၌ ဖော်ပြထားသည်။

..  
အဆောင်အော်ပရေတာသည် အလုပ်သမားများ၏ အလုပ်ရှင်ဖြစ်သူ V. Spec Engineering & Supplies ၏ ခွင့်ပြုချက်ဖြင့် အလုပ်သမားများအား နေရာကန့်သတ်ထားပြီး သော့ခတ်ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာအာဏာပိုင်တို့က စစ်ဆေးတွေ့ရှိရသည်။ 

..
နောက်ပိုင်းတွင် ဘင်္ဂလားဒေ့ရ်ှသို့ ပြန်ရောက်လာခဲ့သော ဟာစီဘာက သူ၏ အလုပ်ရှင်နှင့် အိပ်ဆောင်အော်ပရေတာတို့၏ လုပ်ရပ်များမှာ ၎င်းနှင့်တကွ အခန်းဖော်များအား ဗိုင်းရပ်စ်ကူးစက်စေနိုင်ယုံမက စိတ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခဖြစ်စေခဲ့ကြောင်း စွပ်စွဲခဲ့သည်။ 

..
“အကယ်၍ ယခုအမှုတွင် မိမိအနေဖြင့် အောင်မြင်ခဲ့လျှင် အခြားအလုပ်ရှင်များနှင့် အဆောင်ဝန်ဆောင်မှုပေးသူတို့၏ ၎င်းတို့၏ အလုပ်သမားများနှင့် နေထိုင်သူများတို့အပေါ် အလားတူလုပ်ဆောင်မှုများမှ တားဆီးလိမ့်မည်ဟု မျှော်လင့်ပါကြောင်း ဟာစီဘ ကြေညာချက်၌ ဖော်ပြထားသည်။ 

..
ယခုဖြစ်စဉ်နှင့် ပတ်သက်၍ မှတ်ချက်ပေးရန် AFP ၏ အီးမေးလ်ဖြင့် တောင်းဆိုမှုများကို V. Spec Engineering & Supplies က တုန့်ပြန်ခြင်း မရှိပဲ အဆက်အသွယ်ရရှိသော ဂျွိုင်လိစီးယက်စီမံခန့်ခွဲမှုလုပ်ငန်းမှ ကိုယ်စားလှယ်တစ်ဦးကလည်း ထင်မြင်ချက်ပေးရန်ငြင်းဆန်ခဲ့သည်။ 

..

#စင်္ကာပူကိုရိုနာဗိုင်းရပ်စ်ကာလ_မမှန်ကန်သောနည်းလမ်းဖြင့်

#ပိတ်လှောင်ခံရသည်ဟု #ဘင်္ဂလားဒေ့ရှ်ရွှေ့ပြောင်းအလုပ်သမားက_စင်္ကာပူအလုပ်ရှင်ကိုတရားစွဲဆို 

..


(( AFP., January 06, 2021.” Bangladeshi migrant worker sues Singapore employer for virus ‘imprisonment’’ ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။))) 
..
https://www.thedailystar.net/online/news/bangladeshi-migrant-worker-sues-singapore-employer-virus-imprisonment-2023401 
https://www.macaubusiness.com/bangladeshi-migrant-worker-sues-singapore-employer-for-virus-imprisonment/ 

0

Leave a Reply

Your email address will not be published.